အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းတိုင်းရင်းသားလူမျိုးပါတီ အ ဖွဲ့အစည်းများအပြင် ရှမ်းပြည် နယ်ရှိ အခြားသောတိုင်းရင်းသားပါတီအဖွဲ့အစည်းများနှင့် စည်းလုံး မှုရရှိရေး ဆောင်ရွက်မည်ဟု ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
CSSU ကို ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (SNDP)တို့အပါအ၀င် ရှမ်းလက်နက်ကိုင်အဖွဲ့များ၊ ပါ တီများ၊ လူမှုအဖွဲ့အစည်းများဖြင့် စုဖွဲ့ထားပြီး လက်ရှိ CSSU ဥက္ကဋ္ဌသည် RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီး ယွက်ဆစ်ဖြစ်သည်။
‘‘စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်တဲ့အ ခါမှာ ဘယ်တိုင်းရင်းသားမဆို တန်းတူအခွင့်အရေးရှိဖို့ဆိုတာ နဂိုကတည်းက ရည်ရွယ်ချက်ရှိ သလို အဲဒီနည်းလမ်းအတိုင်းပဲ သွားနေတယ်။ CSSU အဖွဲ့အ စည်းဟာ ရှမ်းတစ်ခုတည်းရဲ့ ညီ ညွတ်ရေးမဟုတ်ဘူး။ ရှမ်းပြည်ရဲ့ ညီညွတ်ရေးကို တည်ဆောက်နေ တာမို့လို့ ရှမ်းအပြင် တခြားသော တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ လည်း ထပ်မံတွေ့ဆုံဆွေးနွေးပြီး ကျွန်တော်တို့နဲ့ လက်တွဲနိုင် အောင်၊ ကျွန်တော်တို့အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်သွားနိုင်အောင် ဆောင်ရွက်သွားဖို့ ရှိတယ်’’ဟု ဦးစိုင်းလိတ်က ဆို သည်။
အခြားသော တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် ရှမ်း ပြည်အတွင်း အဖွဲ့အစည်းများစည်းလုံးညီညွတ်ရေး ဆောင်ရွက် ရာ၌ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် ဦးစိုင်းလိတ်က ပြော ကြားသည်။
CSSU ၏ နှစ်ပတ်လည်အ စည်းအဝေးကို မေလ ၄ ရက်နှင့် ၅ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။
တိုင်းရင်းသားတန်းတူရေး နှင့် စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုဒီမိုကရေစီနိုင်ငံ တည် ဆောက်ရေးလုပ်ငန်းများ၌ လွှတ် တော်၊ အစိုးရ၊ တပ်မတော်အပါ အ၀င် နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အမျိုးသမီးများ၊ လူငယ်များ၊ အ ခြားလူမှုအဖွဲ့အစည်းများအားလုံး နှင့် တက်ကြွစွာ ဆက်လက်ပူး ပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည်ဟု အစည်းအဝေးအပြီး တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားအချင်းချင်း အကြား အပြန်အလှန်လေးစားယုံ ကြည်မှု တည်ဆောက်ရေးနှင့် အ မျိုးသားရင်ကြားစေ့ရေးလုပ်ငန်း များတွင် နိုင်ငံတော်အစိုးရအနေ ဖြင့် လက်တွေ့ကျကျ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် CSSU က တိုက်တွန်းခဲ့သည်။ ယင်းမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည် ကြောင်း CSSU ကဆိုသည်။
===================
251/End
ရှမ်းလူမျိုးအပြင် အခြားသောတိုင်းရင်းသားပါတီအဖွဲ့အစည်းများနှင့် စည်းလုံးမှုရရှိရေး ရှမ်းပြည်ညီညွတ်ရေးကော်မတီ ဆောင်ရွက်မည်ဟု ဆို
၁၁ မေ ၂၀၁၇ - ၁၃:၂၆
News ID: 829167
ရှမ်းတိုင်းရင်းသားလူမျိုးပါတီ အ ဖွဲ့အစည်းများအပြင် ရှမ်းပြည် နယ်ရှိ အခြားသောတိုင်းရင်းသားပါတီအဖွဲ့အစည်းများနှင့် စည်းလုံး မှုရရှိရေး ဆောင်ရွက်မည်ဟု ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။