အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦး ခေါင်း ဆောင်သည့် ပါတီခေါင်းဆောင်များသည် မေလ ၁၂ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရာ လုံခြုံရေးနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှုကရခိုင် ပဋိပက္ခပြေလည်ရေးအတွက် အဓိကကျသည်ဟု NLD က အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်အနေဖြင့် အစိုးရ ထံသို့ တင်ပြမည့် ၎င်းတို့၏ အပြီး သတ်အစီရင်ခံစာအတွက် NLD ပါတီခေါင်းဆောင်များထံမှ အကြံ ဉာဏ်ရယူရန် တွေ့ဆုံခဲ့သည်။
‘‘လုံခြုံရေးကတော့ အမြဲ သတိထားရမယ်ဆိုတဲ့အကြောင်း ပြောတယ်။ နောက်ပြီးတော့ လမ်းပန်းအဆက်အသွယ်တို့၊ နယ်မြေ တစ်ခုနဲ့တစ်ခု ထိစပ်နေဖို့လိုတယ် ပေါ့။ နောက်ပြီးတော့ နယ်မြေဖွံ့ ဖြိုးတိုးတက်မှုနဲ့ လမ်းပန်းအဆက်အသွယ်ဟာ ပဋိပက္ခပြေလည်ရေး အတွက် အဓိကကျတယ်ဆိုတာ လေးတွေ ပြောပါတယ်’’ဟု ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က NLDပါတီခေါင်းဆောင်များ၏ အကြံပြုဆွေးနွေးချက်နှင့်ပတ်သက်၍ ရှင်းပြသည်။
အကြမ်းဖက်လုပ်ရပ်များအ ပေါ် တပ်မတော်က တာဝန်အရ ဆောင်ရွက်ရာ၌ များစွာသတိ ထားကိုင်တွယ်ရမည်ဖြစ်ပြီး အ ကြမ်းဖက်လုပ်ရပ်များကို နှိမ်နင်း ရာတွင် တာဝန်အရ ဆောင်ရွက် ခြင်းဖြစ်၍ မည်သို့လုပ်ပါဟုပြော ၍ မရသော်လည်း ရခိုင်ဒေသ အေးချမ်းတည်ငြိမ်ရေးအတွက် မျှမျှတတ ဆောင်ရွက်ရန်လိုသည် ဟု ဒီချုပ်ပါတီနာယက ဦးတင်ဦး က ပြောသည်။
ဆက်လက်၍ ၎င်းက‘‘အရေး ကြီးတာကတော့ လမ်းပန်းဆက် သွယ်ရေးတွေ ပိုပြီးတော့မြန်မြန်ဆန်ဆန်နဲ့ ကောင်းဖို့၊ သူတို့နဲ့ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အရေးပေါ့။ ပြန်လည်ပြီးရရှိဖို့၊ နောက်ပြီး လူ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ လူမှုအဖွဲ့အစည်းတွေ ပြန်လည်ပြီးတိုးပွားဖို့၊ လူမှုအဖွဲ့အစည်း တွေကနေ ပရဟိတလုပ်ငန်းတွေ ဝိုင်းပြီးကူညီဖို့။ အဲဒီလိုလုပ်ကိုင် ပေးရင်တော့ အရင်အခြေအနေနဲ့ မတူ ပိုပြီးယုံကြည်လာ၊ အရေးကြီးတာကတော့ ယုံကြည်ချက်ရှိဖို့။ သူတို့ဆီက သံသယစိတ်ကင်း အောင် လုပ်ကိုင်ဖို့လိုတယ်။ လုပ်လည်းလုပ်ပြရမယ်’’ဟု ဆိုသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင် အပြီးသတ်အစီရင်ခံစာထုတ်ပြန်ပါက အစီရင်ခံစာပါအချက်များကို အကောင်အထည် ဖော်နိုင်ရေး အားပေးထောက်ခံ ရန် ကော်မရှင်က NLD ထံ ပြော ကြားခဲ့သည်။
‘‘နောက်ဆိုရင်လည်း အ ကောင်အထည်ဖော်မှု အပိုင်းကို ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက် ပေးပါဆိုတာကို အန်ကယ် (ဦးတင်ဦး)ကလည်း ပူးပေါင်း ဆောင်ရွက်ပေးပါမယ်လို့ ကတိပေးလိုက်တယ်’’ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်အနေဖြင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တာဝန်ရှိသူများနှင့် လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံ၍ အကြံ ဉာဏ်များ ရယူမည်ဖြစ်ကြောင်း ယင်းကော်မရှင်မှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း နေ ထိုင်သူအားလုံး၏ လူမှုဖူလုံရေး ပိုမိုကောင်းမွန်လာစေရန် ခိုင်လုံ သော လုပ်ဆောင်ချက်များကို ကြားနေမျက်နှာမလိုက်သော အ ဖွဲ့အနေဖြင့် တင်ပြပေးနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ဩဂုတ်က ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို မတ် လက ထုတ်ပြန်ခဲ့သည်။ အပြီး သတ်အစီရင်ခံစာကို ဩဂုတ်လ လယ်မတိုင်မီ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်မှတစ်ဆင့် အစိုးရထံ တင် ပြမည်ဖြစ်သည်။
===================
251/End
၁၅ မေ ၂၀၁၇ - ၁၇:၅၂
News ID: 829982
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦး ခေါင်း ဆောင်သည့် ပါတီခေါင်းဆောင်များသည် မေလ ၁၂ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရာ လုံခြုံရေးနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှုကရခိုင် ပဋိပက္ခပြေလည်ရေးအတွက် အဓိကကျသည်ဟု NLD က အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။