အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မတရား စွဲဆိုခံရသည့်အမှုများ လျော့နည်း စေရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေ ရေးရာ အထူးကိစ္စရပ်များ လေ့ လာဆန်းစစ် သုံးသပ်ရေးကော်မ ရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ခင်က ပြောသည်။
တရားစွဲဆိုသည့် အမှုကို ကြည့်၍ အာမခံပေးနိုင်ရန်နှင့် သတင်းမီဒီယာများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခြင်းများ လျော့နည်းစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ခင်ကဆိုသည်။
‘‘၆၆(ဃ)နဲ့ စွဲပစ်လိုက် တယ်။ ဒါကို မဖြစ်စေချင်တဲ့ စေ တနာနဲ့ လုပ်မှာ။ အထူးသဖြင့် မီဒီယာတွေပေါ့။ မီဒီယာတွေကို စွဲနေတာတွေပေါ့’’ဟု အထက်ပါ ကော်မရှင်ဒုဥက္ကဋ္ဌက 7Day Daily သတင်းစာအား ပြောသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်သည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို ပြင်ဆင် ရန် လုပ်ဆောင်နေပြီး လက်ရှိ ကျင်းပနေသည့် ဒုတိယအကြိမ် လွှတ်တော်ပဉ္စမပုံမှန်အစည်းအ ဝေးတွင် တင်သွင်းနိုင်ဖွယ်ရှိ ကြောင်း သတင်းရရှိသည်။
‘‘အထူးကော်မရှင်က အကြံ ပြုထားတာမဟုတ်ဘူး။ လုပ်နေ တယ်။ ခရီးတော်တော်ရောက်နေ ပြီ’’ဟု ဒေါက်တာအောင်ခင်က ရှင်းပြသည်။
အဆိုပါဥပဒေပုဒ်မနှင့်ပတ် သက်၍ ယင်းကော်မရှင်က ၂၀၁၆ နိုဝင်ဘာကတည်းက စတင်လေ့လာခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အမြန်ဆုံးပြင်ဆင်ပေးရေး လှုပ်ရှားမှုကော်မတီအပါအ ဝင် အရပ်ဘက်အဖွဲ့အစည်း ၁၅ခုခန့် ပူးပေါင်း၍ ယင်းဥပဒေတွင်ပြင်ဆင်သင့်သည့် အချက် ၂၈ ချက်ပါဝင်သည့် အကြံပြုချက်ကို မကြာမီ ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့ရန် ဆွေးနွေးနေကြောင်း ကော်မတီအဖွဲ့ဝင် မောင်ဆောင်း ခက ပြောသည်။
‘‘ပြင်ဆင်သင့်တဲ့ အချက် ၂၈ ချက်နဲ့ပတ်သက်ပြီး ဆွေးနွေး နေတယ်။ ပြီးရင် လွှတ်တော်ကို ပို့မယ်။ အရင်ကလည်း တစ်ခါပို့ ဖူးတယ်။ လွှတ်တော်ကလည်း ပြင်ဆင်ဖို့လုပ်နေတယ်ဆိုရင် ကျွန် တော်တို့က ကြိုဆိုပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။
ဆက်သွယ်ရေးဥပဒေဆိုင် ရာ သုတေသနအဖွဲ့၏ စာရင်းပြု စုချက်အရ ယခင်အစိုးရလက် ထက်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရ သည့် အမှုခုနစ်မှုရှိပြီး လက်ရှိ ဒီချုပ်အစိုးရလက်ထက်၌ ၅၉ မှု ရှိကြောင်း ထုတ်ပြန်ထားသည်။
===================
251/End
၂၁ မေ ၂၀၁၇ - ၁၄:၅၃
News ID: 830995
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မတရား စွဲဆိုခံရသည့်အမှုများ လျော့နည်း စေရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေ ရေးရာ အထူးကိစ္စရပ်များ လေ့ လာဆန်းစစ် သုံးသပ်ရေးကော်မ ရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ခင်က ပြောသည်။