အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများအနက် PUMA Ene-rgy ကုမ္ပဏီကို မေလဒုတိယပတ်အတွင်း ပြည်တွင်း၌ ပထမဆုံး စက်သုံးဆီလက်လီရောင်းချခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။
‘‘ဒီကုမ္ပဏီက သိုလှောင်ကန် ခွင့်ပြုပြီးသားပါ။ အခုက ပြည် တွင်းလက်လီ ဖြန့်ဖြူးခွင့်ပေး လိုက်တာပါ။ ဆိုင်ဖွင့်မယ့် နေရာ တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာနနဲ့ အတည်ပြု မှုယူပြီး ဆက်လက်လုပ်ကိုင်ရမှာ ပါ’’ဟု ဦးဆန်းမြင့်က ပြောသည်။
အဆိုပါကုမ္ပဏီ၏ ရင်းနှီး မြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ ၉၂ သန်းရှိပြီး စင်ကာပူကုမ္ပဏီ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းနှင့် မြန်မာ နိုင်ငံဘက်မှ Asia Sun ကုမ္ပဏီက ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပါဝင်သည်။
ယင်းကုမ္ပဏီ၏ ဆီသို လှောင်ကန်ကို သီလ၀ါအထူးစီး ပွားရေးဇုန်တွင် မေလဆန်းက ဖွင့်လှစ်ခဲ့သည်။ ဆီသိုလှောင်ကန် တွင် 95,92၊ ဒီဇယ် စသည့် မော် တော်ယာဉ်သုံးလောင်စာများ၊ လေယာဉ်ဆီနှင့် ရေနံကတ္တရာတို့ သိုလှောင်ဖြန့်ဖြူးမည် ဖြစ်သည်။
၂၀၁၀ က စတင်၍ စက် သုံးဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ် ငန်းကို ပြည်တွင်းလုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဒီချုပ်အစိုးရ သက်တမ်းတစ်နှစ်ပြည့် ချိန်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကို စက်သုံးဆီ လက်လီ အရောင်းဆိုင် စတင်လုပ်ကိုင်ခွင့် ပေးခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သည် သက်ဆိုင်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ခွင့်ပြုချက် ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုလွှာများ တင်သွင်းနိုင်သည်။
လက်ရှိတွင် စက်သုံးဆီ လက်လီရောင်းချ ဖြန့်ဖြူးခွင့်ကို ပြည်ပ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် PUMA ကုမ္ပဏီတစ်ခုတည်းကို သာ ခွင့်ပြုထားခြင်းဖြစ်ပြီး ဖြန့် ဖြူးခွင့်ထပ်မံလျှောက်ထားသည့် ကုမ္ပဏီမရှိကြောင်း ဦးဆန်းမြင့် က ပြောသည်။
သို့သော် မြန်မာနိုင်ငံ စက် သုံးဆီတင်သွင်းရောင်းချသူများ အသင်းက စက်သုံးဆီဖြန့်ဖြူး ရောင်းချခြင်းကဏ္ဍတွင် နိုင်ငံခြား သား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုခြင်းကို ပြန်လည်ဆန်းစစ်ရန် ကော်မရှင် သို့ တင်ပြထားသည်။
===================
251/End
၂၃ မေ ၂၀၁၇ - ၁၄:၃၃
News ID: 831415
နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများအနက် PUMA Ene-rgy ကုမ္ပဏီကို မေလဒုတိယပတ်အတွင်း ပြည်တွင်း၌ ပထမဆုံး စက်သုံးဆီလက်လီရောင်းချခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။