၂၉ စက်တင်ဘာ ၂၀၂၆ - ၁၃:၁၂
ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် / ဆော်ဒီအာရေဗျသည် ၂၄ နာရီအတွင်း ယီမင်ကို လေကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ၃၈ ကြိမ် ပြုလုပ်ခဲ့

ယီမင်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆော်ဒီလေတပ်နှင့် တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယီမင်ပြည်နယ် (၃) ခုကို လေကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ၃၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ကျူးကျော်သူနှင့် ရာဇဝတ်မှုကျူးလွန်သူ ဆော်ဒီလေယာဉ်များသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လေကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ၃၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများသည် ယီမင်ပြည်နယ် (၃) ခုကို ပစ်မှတ်ထားခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုများကို တိုင်ဇ် (Taiz)၊ ဆာဒါ (Saada) နှင့် ဟာဂျာ (Hajjah) ပြည်နယ်များတွင် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သူက ဆက်လက်ပြောကြားရာတွင် - ဤတိုက်ခိုက်မှုများတွင် ခမီစ် မူရှိုက် (Khamis Mushait) နှင့် တိုက်ဖ် (Taif) လေတပ်စခန်းများမှ ပျံတက်လာသည့် "F-15" နှင့် "Typhoon" တိုက်လေယာဉ်များကို အသုံးပြုခဲ့ပြီး ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကိုလည်း နဂျရန် (Najran) နှင့် ဂျီဇန် (Jizan) ဒေသများမှ ပြုလုပ်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်ပွဲများ စတင်ပြင်းထန်လာချိန်မှစ၍ ယနေ့အထိ ဆော်ဒီ၏ လေကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု စုစုပေါင်း ၁,၁၂၃ ကြိမ် ရှိလာပြီဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha