၃ ဇွန် ၂၀၁၇ - ၁၃:၅၀
၆၆(ဃ) ဖြင့် တရားစွဲခံရသော The Voice အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်ဖမ်းဆီးခံရ

သရော်စာဆောင်းပါးတစ်ပုဒ်ကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဆိုကာ ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် The Voice သတင်းစာအယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့ကို ဇွန်လ ၂ ရက်တွင် ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သရော်စာဆောင်းပါးတစ်ပုဒ်ကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်စေသည်ဆိုကာ ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် The Voice သတင်းစာအယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့ကို ဇွန်လ ၂ ရက်တွင် ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးခဲ့သည်။

မတ်လ ၂၆ ရက်ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့သည့် ‘ကျည်ထောင်စုသစ္စာ’ ဟု အမည်ပေးထားသည့် သရော်စာဆောင်းပါးကြောင့် သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို ဇွန်လ ၂ ရက်တွင် စစ်ဆေးမေးမြန်းရန် အချက်အချို့ကျန်ရှိသည်ဟုဆို ကာ ဗဟန်းမြို့နယ်ရဲစခန်းက ဆင့်ခေါ်ခဲ့သည်။ သို့သော် အမှန်တ ကယ်စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးမိန့်ရရှိပြီဟုဆိုကာ ဖမ်းဆီး ထိန်းသိမ်းခြင်းဖြစ်ကြောင်း ရဲစခန်းသို့ အတူလိုက်ပါခဲ့သည့် The Voice သတင်းစာမှ အကြီးတန်းအမှုဆောင်အယ်ဒီတာ ကို အောင်စိုးက ပြောသည်။

မေလ ၃၀ ရက်က ရဲစခန်း တွင် တစ်ကြိမ် စစ်ဆေးခဲ့ကာ ယနေ့ ထပ်မံစစ်ဆေးရန် အချက် အချို့ကျန်ရှိသည်ဟုဆိုကာ ရဲစခန်းက ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထို့အပြင် သရော်စာဆောင်းပါးကို အင်တာ နက်ပေါ်သို့ တင်ရာတွင် အသုံးပြုခဲ့သည့် ကွန်ပျူတာကို ဇွန်လ ၂ ရက်က ရုံးသို့လာ၍ သိမ်းဆည်းခဲ့ ကြောင်း ကိုအောင်စိုးက ပြော သည်။

 ‘‘ဖမ်းဖို့မရှိပါဘူး။  စစ်ဆေးဖို့ဆိုပြီး ခေါ်ပြီးတော့ ချက်ချင်းဖမ်းလိုက်တဲ့အတွက် ဘာမှ ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘူး။ အခု အလုပ်ကိစ္စ လွှဲပြောင်းဖို့နဲ့ မိသားစုတွေ့ခွင့်ပေးပြီးရင်တော့ ရဲစခန်းမှာ ချုပ်ထားမယ်လို့ ပြောတယ်’’ဟု The Voice Daily မှ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။  တရားဝင် အကြောင်းကြား ထားခြင်း မရှိသေးသော်လည်း တပ်မတော်ဘက်က ယင်းအမှုကို ဗဟန်းမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၀ ဖြင့် ထပ်မံဦးတိုက်လျှောက် ထားသည်ဟု ကြားသိရကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက် ပြီး သတင်းမီဒီယာကောင်စီကို ကြားခံထားကာ The Voice သတင်းစာနှင့်တိုင်ကြားသူတို့ ညှိနှိုင်းမှုများ ပြုလုပ်နေဆဲ ကာလအ တွင်းမှာပင် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ညှိနှိုင်းနေသည့် ကာလအတွင်း ရဲလုပ်ငန်းစဉ်များ ကို ခေတ္တရပ်ဆိုင်းထားရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းထားမှုရှိသော်လည်း တိုင်ကြားသည့် တပ်မတော် အရာရှိနှင့် တစ်ကြိမ်မျှ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းမှု မလုပ်ရသေးဘဲ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ် ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

သတင်းမီဒီယာကောင်စီအ နေဖြင့် The Voice နှင့်တပ်မတော် တို့အကြား တစ်ဖက်နှင့်တစ်ဖက် အကြောင်းပြန်ကြားမှုများကို တစ် ဆင့် ပြန်လည် အကြောင်းကြား ပေးကာ ကြားဝင်ညှိနှိုင်းပေးလျက် ရှိကြောင်း ကောင်စီအတွင်းရေး မှူး ဦးသီဟစောက မေလ ၁၈ ရက်က ပြောကြားထားသည်။ ပုဒ်မ ၆၆(ဃ) ဖြစ်သဖြင့် အာမခံပေး၍ မရကြောင်း ရဲစခန်းက အကြောင်းကြားထား၍ အာမခံရရှိရန် တရားရုံးကို  တင်ပြမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောကြားသည်။

ည ၇ နာရီတွင် ဖမ်းသည်ဟု သတ်မှတ်ခဲ့သည့်အတွက် ၂၄ နာရီစောင့်ကြည့်ပြီးပါက ဥပဒေနှင့် ညီညွတ်သော ဖမ်းဝရမ်းမပြနိုင်ပါကနိုင်ငံသား အခွင့်အရေးအရ ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကို မောင်တို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုမည်ဟု ၎င်းတို့၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆက်လက်ပြောသည်။

‘ကျည်ထောင်စုသစ္စာ’ သ ရော်စာဆောင်းပါးနှင့်ပတ်သက် ၍ The Voice သတင်းစာတွင် တောင်းပန်စာ ဖော်ပြရန် တပ်မ တော်က တောင်းဆိုသော်လည်း The Voice ကမူ ယင်းဆောင်းပါးနှင့် ပတ်သက်၍ အထူးစိတ်မကောင်းဖြစ်မိကြောင်း ဖြေရှင်းချက်ကို  မေလ ၁၄ ရက်ထုတ်သတင်းစာ၌ ထည့်သွင်း ဖော်ပြခဲ့သည်။ ထို့နောက် တပ်မတော်ဘက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

===================
251/End