၄ ဇွန် ၂၀၁၇ - ၁၈:၁၀
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ပြည်​သူ့ဂုဏ်​ရည်​ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ ဇွန်လ ၄ ရက်နေ့ မွန်​လွဲပိုင်းက ရန်​ကုန်​မြို့ ​တော်ဝင်​နှင်းဆီခန်းမတွင်​ ကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်​သူ့ဂုဏ်​ရည်​ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ ဇွန်လ ၄ ရက်နေ့ မွန်​လွဲပိုင်းက ရန်​ကုန်​မြို့ ​တော်ဝင်​နှင်းဆီခန်းမတွင်​ ကျင်းပခဲ့ပါတယ်။

ယခုနှစ်​ အဋ္ဌမအကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုကို ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက် အထက်တန်းကျောင်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် အထူးဆုအဖြစ် Save the Library စာကြည့်​တိုက်​များကွန်​ရက်​၊ လိင်မှုဆိုင်ရာ ပညာပေးပြန့်ပွားရေးနဲ့ လူမှုရေးကူညီသူ ကိုစိုးထိုက်(ဖဒို) နဲ့ နိုင်ငံတွင်းလျှပ်စစ်၊ ရေ၊ အမှိုက်ဆိုင်ရာ လိုအပ်ချက်တွေကို တနိုင်တပိုင်ဖြည့်သူ ကိုအေးကျော်ကျော်တို့ ရရှိချီးမြှင့်ခံရတာဖြစ်ပါတယ်။

===================
251/End