၈ ဇွန် ၂၀၁၇ - ၀၉:၅၃
ပင်လုံဒုတိယအစည်းအဝေးတက်ရောက်ခဲ့၍ အောင်မြင်မှုလမ်းကြောင်းများ ရရှိခဲ့ကြောင်း ကေအိုင်အိုဒုဥက္ကဋ္ဌပြော

၂၁ ပင်လုံဒုတိယအစည်းအ ဝေးသို့ တက်ရောက်ခဲ့ခြင်းကြောင့် အောင်မြင်မှုလမ်းကြောင်းများကို ရရှိခဲ့ကြောင်း ကေအိုင်အိုဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၁ ပင်လုံဒုတိယအစည်းအ ဝေးသို့ တက်ရောက်ခဲ့ခြင်းကြောင့် အောင်မြင်မှုလမ်းကြောင်းများကို ရရှိခဲ့ကြောင်း ကေအိုင်အိုဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြော ကြားသည်။

‘‘ပင်လုံညီလာခံသွားတာက အရမ်းကို နစ်နာဆုံးရှုံးတာတော့ မဟုတ်ဘူး။ တစ်ဖက်မှာက အောင်မြင်မှုလမ်းကြောင်းကိုလည်း ရရှိခဲ့ တယ်လို့ ရှင်းပြချင်ပါတယ်’’ဟု ကေအိုင်အိုဒုဥက္ကဋ္ဌက ဇွန်လ ၃ ရက်တွင် ကချင်လူထုခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပင်လုံအစည်းအဝေးတက် ရောက်ခြင်း အကြောင်းရင်းနှင့် ကေအိုင်အို၏ ရှေ့လုပ်ဆောင် ချက်များကို ရှင်းလင်းတင်ပြသည့် အစီအစဉ်ကို ကေအိုင်အိုဗဟိုဌာန ချုပ်တည်ရှိရာ လိုင်ဇာတွင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ကချင်လူမှုအဖွဲ့အ စည်းများမှ ခေါင်းဆောင်များနှင့် ဒေသခံများတက်ရောက်ခဲ့သည်။

ကချင် လူထုခေါင်းဆောင် များနှင့် တွေ့ဆုံရာတွင် ကေအိုင် အိုဗဟိုဦးဆောင်မှုအောက်၌ ပြည်သူများအနေဖြင့် ယုံကြည်စွာ ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အတူတကွလုပ်ဆောင်ရန်ကေအိုင်အိုဒုဥက္ကဋ္ဌက ထည့်သွင်းပြောသည်။

မေလ ၂၄ မှ ၂၉ ရက်အထိ ကျင်းပသည့် ၂၁ ရာစုပင်လုံ ညီလာခံဒုတိယအစည်းအဝေးဖွင့်ပွဲသို့ ကေအိုင်အိုမှ ဗိုလ်ချုပ်ကြီး အင်ဘန်လက မြောက်ပိုင်းလက်နက်ကိုင် ခြောက်ဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ကေအိုင်အိုဒုဥက္ကဋ္ဌက အစိုးရနှင့် ဆက်လက်ဆွေးနွေးရန်ရှိ ကြောင်းနှင့် မကြာမကြာတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး မအောင်မြင်သည့်အလုပ်ကို  မလုပ်ဆောင် ကြောင်း နေပြည်တော်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေ ကြားခဲ့သည်။

===================
251/End