၁၂ ဇွန် ၂၀၁၇ - ၁၈:၃၀
ကြေးစားဆန္ဒပြပွဲမျိုး မဖြစ်သင့်တော့ဟု ၀န်ကြီး သူရဦးအောင်ကိုပြောကြား

သာသနာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ပေးရန် နေ ပြည်တော်တွင် မေလ ၂၀ ရက်က ဆန္ဒပြခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ တရားရုံး၌ လိုက်ပါထွက်ဆိုပေးမည့် သက်သေဆယ်ယောက်ခန့်ရရှိပါက လိုအပ်လျှင် တရားစွဲဆိုမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက 7Day Daily သတင်းစာအား ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သာသနာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ပေးရန် နေ ပြည်တော်တွင် မေလ ၂၀ ရက်က ဆန္ဒပြခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ တရားရုံး၌ လိုက်ပါထွက်ဆိုပေးမည့် သက်သေဆယ်ယောက်ခန့်ရရှိပါက လိုအပ်လျှင် တရားစွဲဆိုမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက 7Day Daily သတင်းစာအား ပြောသည်။

 ယင်းဆန္ဒပြပွဲကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်းမှ ဦးကျော်မျိုးသက်က နေပြည်တော်တွင် မေလ ၂၀ ရက်၌ ခွင့်ပြုချက်တောင်းခံ၍ ဆန္ဒပြခဲ့သည်။

သာသနာရေးဝန်ကြီး သူရ ဦးအောင်ကိုက ‘‘ဦးဆောင်ဆန္ဒပြ သူတွေကို တရားလည်းစွဲထား တယ်ဆိုတော့ တရားစွဲဆိုမှုအခြေ အနေကို စောင့်ကြည့်ပါတယ်။ အခုက တရားစွဲရင် သတ္တိရှိရှိ လိုက်ပြီး သက်သေခံပေးမယ့်သူ နှစ်ဦးသုံးဦးပဲရှိသေးတယ်။ အခြေ အနေကြည့်ပြီးတော့ တရားရုံး သက်သေတွေရဲ့ လုံခြုံမှုကို တာ ၀န်ယူပေးနိုင်မယ့်အခြေအနေ၊ တရားစွဲနေစဉ်ကာလမှာ မိသားစု စားဝတ်နေရေးကအစ ထောက်ပံ့ နိုင်ဖို့အတွက်ကို ညှိနှိုင်းစီစဉ်နေ ပါတယ်။ တရားလိုသက်သေ ဆယ်ယောက်၊ ဆယ့်ငါးယောက် ရရင်ကိုပဲ လိုအပ်ရင် တရားစွဲဆို သွားပါမယ်။ နိုင်ငံမှာ ကြေးစား ဆန္ဒပြပွဲမျိုးက မဖြစ်သင့်တော့ပါ ဘူး’’ဟု ပြောသည်။

ဝန်ကြီးဌာနသို့ တိုင်ကြားသူ များကို အိမ်တိုင်ရာရောက် သွား ရောက်တွေ့ဆုံမေးမြန်းနေပြီး နစ်နာမှုအတွက် ဦးဆောင်ဆန္ဒပြသူများကို တရားစွဲဆိုလျှင် တရားလိုသက်သေအဖြစ် တရားရုံး သက်သေခံအဖြစ် လာရောက်ထွက်ဆိုနိုင်မလား မေးမြန်းရာတွင်၊ တရားရုံးက အကြိမ်ကြိမ်ဆင့်ခေါ်ပါက မိသားစုစားဝတ်နေရး အခက်အခဲရှိနိုင်ကြောင်း၊ သက်သေနှင့်တကွ မိသားစုအသက်အန္တရာယ်လုံခြုံမှုကို ၀န်ကြီးဌာနနှင့် အစိုးရက အာမခံမှုပေးရန် လိုအပ်ကြောင်းနှင့် ရာနှုန်းပြည့်အကာအကွယ်ရရှိပါက တရားရုံးသက်သေအဖြစ် ထွက်ဆိုနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၀န်ကြီးက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ တက် ရောက်သူများထဲမှ ထောက်ပံ့ ကြေးမရရှိသူများ၊ နေရပ်ပြန်ရန် ငွေကြေးအခက်အခဲရှိသူများအ နေဖြင့် နစ်နာမှုများကို အသိပေး လိုပါက ၀န်ကြီးဌာနသို့ အ ကြောင်းကြားနိုင်ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က မေလ ၂၂ ရက်တွင် ထုတ် ပြန်ထားပြီး လက်ရှိအချိန်အထိ တိုင်ကြားမှု စုစုပေါင်း ၁၅၀ ကျော်ရှိသည်ဟု ၀န်ကြီးက ပြော သည်။ နေပြည်တော် ဆန္ဒထုတ် ဖော်ပွဲ လိုက်ပါခဲ့သည့် နစ်နာသူ များက လူကိုယ်တိုင်လည်း ကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနေပြီး အများစုသည် ပဲခူးမြို့နှင့် မှော်ဘီမြို့မှဖြစ်သည် ဟု ၎င်းက ပြောသည်။

သာသနာရေးဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုသည့်ဆန္ဒပြပွဲသို့ လိုက်ပါသူ တစ်ဦးလျှင် နေ့စားခသုံးသောင်း ကျပ်ပေးမည်ဟု လူစုပြီး သံဃာတော်အချို့ကိုလည်း သုံးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ ကပ်လှူခဲ့ကာ မဘသအစည်းအဝေးတက်ရန် အကြောင်းပြ၍ စုဆောင်းခဲ့ခြင်းဖြစ်သည်ဟု သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။

လက်ရှိတွင် ဆန္ဒထုတ်ဖော်သည့် အဖွဲ့သည် သက်ဆိုင်ရာက ကြွေးကြော်  ခွင့်မပြုထားသည့် အချက်များကို ကြွေးကြော်ခဲ့၍ ဆန္ဒပြပွဲဦးဆောင်သူကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားသည်။

===================
251/End