၁၃ ဇွန် ၂၀၁၇ - ၁၀:၁၅
အငြင်းပွားမှုများရှိနိုင်၍ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသူများကို နိုင်ကျဉ်းစာရင်းတွင် ထည့်မထားဟု AAPP ပြော

အငြင်းပွားမှုများရှိနိုင်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူများ ကို နိုင်ငံရေးအကျဉ်းသားစာရင်း တွင် ထည့်မထားဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးအောင်မျိုးကျော်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အငြင်းပွားမှုများရှိနိုင်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူများ ကို နိုင်ငံရေးအကျဉ်းသားစာရင်း တွင် ထည့်မထားဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးအောင်မျိုးကျော်က ပြောသည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ၌ ဇွန်လ ၁၁ ရက်က ကျင်းပသည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်း လဲရေးလက်စွဲစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားတွင်AAPP က ၎င်းတို့ပြုစုထားသည့် နိုင်ငံရေးအကျဉ်း သားစာရင်းနှင့် ၆၆(ဃ)ဖြင့် အမှု ရင်ဆိုင်နေရသူများ စာရင်းကို ခွဲခြား၍ ထုတ်ဖော်ပြောကြားသည်။

‘‘၆၆(ဃ)နဲ့ ပတ်သက်လို့ ကျွန်တော်တို့က နိုင်ငံရေးအကျဉ်း သားစာရင်းထဲကို မထည့်ဘူး။၆၆(ဃ)က အငြင်းပွားမှုအများကြီး ဖြစ်နိုင်တယ်လေ။ အဲဒါကြောင့် ဒါကိုထည့်လို့မရဘူး။ ဒီလူကို ၆၆(ဃ)နဲ့ တရားစွဲထားတယ်။ အဲဒီလူကို နိုင်ငံရေးအကျဉ်းသား အဖြစ်သတ်မှတ်တယ်။ နောက် လူတစ်ယောက်ကို ထပ်စွဲတယ်။ အဲဒီတစ်ယောက်ကိုလည်း သတ် မှတ်ရမယ်ဆိုရင် ဒီအမှုတွေက သေချာစနစ်တကျလိုက်မှ ရတာ။ အဲဒါကြောင့် အထူးအမှုအနေနဲ့ ကျွန်တော်တို့ကထားတာ။ နိုင်ငံ ရေးအကျဉ်းသားစာရင်းထဲမှာ သီးခြားထည့်မထားဘူး’’ဟု ဦးအောင် မျိုးကျော်က ဆိုသည်။

လက်ရှိနိုင်ငံရေး အကျဉ်း သားသည် ထောင်ကျအကျဉ်းသား ၄၀ ဦးရှိပြီး အမှုရင်ဆိုင်နေ ရသည့် နိုင်ငံရေးအကျဉ်းသား ၁၉၇ ဦးရှိကြောင်း AAPP မှ သိရ သည်။ ထို့အပြင် ၆၆(ဃ)ဖြင့် အမှုရင်ဆိုင်နေရသူ ၃၂ ဦးရှိပြီး ၆၆(ဃ)ဖြင့် ထောင်ကျနေသူ သုံးဦးရှိကြောင်း AAPP စာရင်းများမှ သိရသည်။

၆၆(ဃ)ကို နိုင်ငံရေးလက် နက်သဖွယ် အသုံးပြုမှုများရှိနေ ၍ ယင်းပုဒ်မပြင်ဆင်ရေး ဆောင် ရွက်ရာတွင် အသုံးပြုနိုင်ရန် သီး ခြား စာရင်းပြုစုထားခြင်းဖြစ် ကြောင်း ဦးအောင်မျိုးကျော်က ပြောသည်။

‘‘၆၆(ဃ)က ပြင်ကိုပြင်ရ မယ့်ကိစ္စ။ မဟုတ်ရင် ဒီ ၆၆(ဃ) ကို နိုင်ငံရေးလက်နက်သဖွယ် အ သုံးပြုနေတာတွေ ဘယ်လိုမှကို မသင့်တော်ဘူးလေ။ အခုလို ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့ ခေတ်မှာ ပိုဆိုးတာပေါ့’’ဟု ၎င်း က ပြောကြားသည်။

၆၆(ဃ)ဖြင့် အမှုရင်ဆိုင်နေ ရသူများအနက် သတင်းရေးသား မှုနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေ ရသူများ ပါဝင်သကဲ့သို့ ပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုများကြောင့် အမှု ရင်ဆိုင်နေရသူများလည်း ပါဝင် သည်။

လက်ရှိ အစိုးရလက်ထက် ၂၀၁၆ ဧပြီကစ၍ ယနေ့အထိ ဆက်သွယ်ရေးဥပဒေဖြင့် တရား စွဲဆိုထားသည့် အမှု ၆၁ မှုရှိပြီး သတင်းမီဒီယာသမားများကို စွဲ ဆိုထားသည့် အမှုကိုးမှုရှိကာ သတင်းမီဒီယာသမား ၁၄ ဦး တရားရင်ဆိုင်နေရကြောင်း ဆက် သွယ်ရေးဥပဒေသုတေသနအဖွဲ့  က ထုတ်ပြန်ထားသည်။

၆၆(ဃ) ကို ပြင်ဆင်ရန် အဆိုပြုမှုများကို မကြာမီစတင် တော့မည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုး မြင့်မောင်က သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော် မတီ(CPJ) တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် ပြော ကြားကြောင်း CPJ ကိုယ်စား လှယ်အဖွဲ့ဥက္ကဋ္ဌ ကက်သလင်း ကာရိုက ရန်ကုန်မြို့၌ကျင်းပခဲ့ သည့် သတင်းစာရှင်းပွဲတွင် ပြော  ကြားခဲ့သည်။

၆၆(ဃ)ပြင်ဆင်ရေးနှင့်ပတ် သက်သည့် အဆိုများကို လွှတ် တော်သို့တင်ရန် ပါတီကခွင့်မပြု ခြင်းမှာ ယင်းပုဒ်မနှင့်ပတ်သက် ၍ သူရဦးရွှေမန်းကော်မရှင်က လွှတ်တော်သို့ တင်ပြထားပြီးဖြစ် သောကြောင့် အဆိုများကို တင်ခွင့်မပြုရကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ၀င် ဦးဝင်းထိန်ကပြောသည်။

===================
251/End