အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဥရောပနိုင်ငံများသို့ ထွက်ခွာသွားသော ဦးဖြိုးမင်းသိန်းကို ရန်ကုန်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်နေသူများနှင့် တွေ့ရစဉ်(ဓာတ်ပုံ − fb.com/Phyo Min Thein)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဥရောပခြောက်နိုင်ငံသို့ ၁၅ ရက်ကြာ ခရီးသွားရောက်ရန် ဇွန်လ ၁၄ ရက်ညက လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန် ဥရောပနိုင်ငံများသို့ ထွက်ခွာခြင်းဖြစ်သည်ဟု ဦးဖြိုးမင်းသိန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့်ဇွန်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
‘‘အသေအချာတော့ မသိဘူး။ ခြောက်နိုင်ငံလို့တော့ သိတယ်။ ဂျာမနီလောက်ပဲသိတယ်။ အီတလီတော့ ကြားလိုက်တယ်’’ ဟု ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။
ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း ‘‘မနေ့ကသွားတယ်။ သွားတော့ ၁၅ ရက်ကြာမယ်လို့တော့ ပြောတယ်။ ဘယ်ခရီးစဉ် ဘာဆိုတာတော့ မသိဘူး’’ဟု ပြောသည်။
=====================
251/ End
၁၆ ဇွန် ၂၀၁၇ - ၁၈:၀၃
News ID: 836879
ဥရောပနိုင်ငံများသို့ ထွက်ခွာသွားသော ဦးဖြိုးမင်းသိန်းကို ရန်ကုန်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်နေသူများနှင့် တွေ့ရစဉ်(ဓာတ်ပုံ − fb.com/Phyo Min Thein)