အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ အစိုးရအနေဖြင့် အိမ်အကူ ကလေးငယ်များနှင့်တကွ ကလေးများအားလုံးကို ပိုအလေးထား ကာကွယ်ပေးရန် မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူး အစီရင်ခံစာတင်သွင်းသူ ရန်ဟီးလီက ဇွန်လ ၁၅ ရက်တွင် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ၌ တောင်းဆိုခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင်ကျင်းပနေသော ကုလလူ့အခွင့်အရေးကောင်စီ ညီလာခံ၌ ဇွန်လ ၁၅ ရက်က မြန်မာ့လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အ စည်းဝေးပြုလုပ်စဉ် မစ္စရန်ဟီးလီ က ထည့်သွင်းပြောကြားခြင်းဖြစ် သည်။
‘‘ကျွန်မရဲ့ လာမယ့်ဇူလိုင် မြန်မာခရီးစဉ်မှာ အထူးစီးပွားရေး ဇုန်တွေကြောင့် သက်ရောက်တဲ့ အခွင့်အရေးကိစ္စတွေ အပါအ၀င် စီးပွားရေးနဲ့ လူ့အခွင့်အရေးကိစ္စ ရပ်တွေကို ဆက်စုံစမ်းသွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။
လူသားရင်းမြစ်ဖွံ့ဖြိုးမှုညွှန်းကိန်းတွင် အလယ်အလတ်အဆင့် နိုင်ငံတစ်နိုင်ငံဖြစ်လာသော မြန်မာ ၏ အောင်မြင်မှုအတွက် ဂုဏ်ပြု ချီးကျူးခြင်း၊ ကလေးတိုင်း ပညာ သင်ကြားနိုင်မှုနှင့် လူ့သက်တမ်း တိုးတက်ရန် နောက်ထပ် ကြိုးပမ်း မှုများကို အားပေးကြောင်း ၎င်းက ပြောသည်။
‘‘ဒီနေရာမှာ ကလေးအလုပ် သမားကိစ္စကို ကိုင်တွယ်မှုပါဝင်ရ မယ်။ အိမ်အကူအဖြစ် လုပ်ကိုင် နေခဲ့တဲ့ မိန်းကလေးတစ်ဦးအ ကြောင်း တုန်လှုပ်စရာ ကလေး သူငယ်ညှဉ်းပန်းနှိပ်စက်မှုနောက် တစ်မှု မကြာသေးမီကပဲ လူသိရှင် ကြားထွက်ပေါ်ထားတယ်။ အ တင်းအကျပ်အလုပ်လုပ်ခိုင်းခံရ သူတွေအပါအ၀င် ကလေးအား လုံးကို နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လျစ်လျူရှုထားမှုတွေကနေ ကာ ကွယ်ပေးဖို့အတွက် ပိုမိုလုပ် ဆောင်ပေးပါလို့ မြန်မာအစိုးရကို ကျွန်မတောင်းဆိုပါတယ်’’ဟု မစ္စ ရန်ဟီးလီက ပြောသည်။
ထို့အပြင် အရွယ်မရောက် သေးသော မြန်မာမိန်းကလေး ငယ်များ အိမ်နီးချင်းနိုင်ငံများတွင် သတို့သမီးအဖြစ် ရောင်းစားခံနေ ရသည့် အခြေအနေနှင့်ပတ်သက် ၍ အထိတ်တလန့်ဖြစ်ရကြောင်း ၎င်းက ပြောသည်။
‘‘မြန်မာနိုင်ငံကနေ ထွက် ပြေးခဲ့ကြရပြီး အိမ်နီးချင်းနိုင်ငံ တွေမှာ နေထိုင်ကြရတဲ့ အမျိုး သမီးတွေနဲ့ မိန်းကလေးငယ်တွေ ကြားမှာ အရွယ်မရောက်သေးတဲ့ ကလေး သတို့သမီးတွေ၊ ဇနီးမ ယားတွေအဖြစ် ပေါင်းသင်းနေ ထိုင်ခံရတဲ့အရေအတွက် မြင့် တက်နေတယ်ဆိုတဲ့ အစီရင်ခံစာ တွေကြောင့် ကျွန်မအနေနဲ့ အထူး သဖြင့် ထိတ်လန့်စိုးရိမ်မိပါတယ်။ ’’ ဟု မစ္စရန်ဟီးလီက ပြောသည်။
အောက်တိုဘာ ၉ ရက် မောင်တောအကြမ်းဖက်တိုက် ခိုက်မှုများတွင် ပါဝင်ပတ်သက် သည်ဆိုကာ အနည်းဆုံး ကလေး ငယ် ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးထားခြင်းနှင့်ပတ်သက်၍ စိုး ရိမ်ပူပန်ကြောင်း ၎င်းကဆိုသည်။ ယင်းတို့အနက် တစ်ဦးမှာ ကျန်းမာရေး အကြောင်းပြချက်များကြောင့် ဖေဖော်ဝါရီ ၂ ရက်တွင်ကွယ်လွန်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၏ ဇွန်လ ၅ ရက် ထုတ်ပြန်ချက်ကိုလည်း ၎င်းကထောက်ပြသည်။ ကလေးသူငယ်များကို နောက်ဆုံးမဖြစ်မနေ အခြေအနေကျမှသာ ထိန်းသိမ်းမှုလုပ်သင့်ကြောင်း၊ ထိန်းသိမ်းသည့်အချိန်ကာလမှာလည်း အတိုတောင်းဆုံးဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့ကိုလူသားပီပီ လေးစားမှုဖြင့် ဆက်ဆံရမည်ဖြစ်ကြောင်း၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကလေးသူငယ်အခွင့်အရေးများကို အာမခံပေးရန်အတွက် ဆောင်ရွက်ရန်အစိုးရကို နှိုးဆော်ပါသည်ဟု ၎င်းကဆိုသည်။
‘‘ဒီကလေးငယ်သေဆုံးမှုကို ဘာကြောင့် လေးလနောက်ကျပြီး မှ အစီရင်ခံစာတင်ပြတာလဲဆို တာ အပါအဝင် အပြည့်အဝစုံစမ်း စစ်ဆေးမှုတစ်ရပ် ချက်ချင်းဆောင် ရွက်ဖို့ အစိုးရကို တိုက်တွန်းပါ တယ်’’ ဟု မစ္စရန်ဟီးလီက ပြော သည်။
လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တက်ရောက်နေသော မြန်မာအစိုးရကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ ကလေးသူငယ်များအခွင့်အရေးကို အပြည့်အဝ အကာအကွယ်ပေးထားကြောင်းတုံ့ပြန်ပြောကြားခဲ့သည်။ ၂၀၁၇ မေလကစ၍ ရခိုင်ပြည်နယ်ရှိ ထောင်နှင့်ချီသော ကလေးငယ် များကို မွေးစာရင်းထုတ်ပေးခဲ့ ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်စ လင်ကျောင်းသား တစ်ထောင် ကျော်ကို အခြားကျောင်းသား များနှင့်အတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်ပေးခဲ့ကြောင်း၊ အသိုက်အဝန်းနှစ်ရပ်စလုံး အ တွက် အခြေခံပညာစာသင် ကျောင်း ၃၀၀ ကျော် ပြန်လည်ပြင်ဆင် ဖွင့်လှစ်ပေးခဲ့ကြောင်း မြန်မာကိုယ်စားလှယ်က ကုလကောင်စီညီလာခံတွင် ရှင်းလင်းခဲ့သည်။
ရခိုင်ပြည်နယ်တွင်လူ့အခွင့် အရေးချိုးဖောက်ကြောင်း စွပ်စွဲ ချက်များကို လေ့လာရန် ကောင်စီကဖွဲ့စည်းထားသော အချက်အလက်ရှာဖွေရေးမစ်ရှင်နှင့် အပြည့်အဝပူးပေါင်းရန် မြန်မာအစိုးရကို ရန်ဟီးလီနှင့်အတူ ဥရောပနှင့်အမေရိကန်ကိုယ်စား လှယ်များကလည်း ထပ်မံတိုက် တွန်းခဲ့သည်။ ထိုမစ်ရှင်စေလွှတ် မည့် ကုလဆုံးဖြတ်ချက်ကို မြန်မာ အစိုးရကလက်မခံကြောင်း ဒေါ် အောင်ဆန်းစုကြည်က ငြင်းပယ် ထားသည်။ ကချင်နှင့်ရှမ်းမြောက် တွင် တိုက်ပွဲများနှင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေစဉ် အတွင်း အရပ်သားများအပေါ် လူ့အခွင့် အရေးချိုးဖောက်ကြောင်း အစီ ရင်ခံစာများထွက်ပေါ်နေ၍ ယင်း အမှုများကိုပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးရန်၊ ကျူးလွန်သူ များကို အရေးယူရန်လည်း တိုက် တွန်းကြသည်။ မိုရာဆိုင်ကလုန်း ဒဏ်ခံခဲ့ရသူများ၊ လူပေါင်း ၁၂၂ ဦးသေဆုံးခဲ့ရသော တပ်မတော်လေယာဉ်ပျက်မှုတို့အတွက် ဝမ်းနည်းစကားကိုလည်း ရန်ဟီးလီက ထည့်သွင်းဖတ်ကြားခဲ့သည်။
ဇူလိုင်ခရီးစဉ် ရက်သတ်မှတ်မှုများအတွက် မြန်မာအစိုးရခွင့်ပြု ချက်ရရှိရန် စောင့်နေကြောင်း၊ ၎င်းသွားရောက်လိုသော နေရာများသို့ အစိုးရက သွားရောက်ခွင့်ပေးမည်ဟု မျှော်လင့်ကြောင်း မစ္စရန်ဟီးလီက ဆိုသည်။ အဆိုပါခရီးစဉ်တွင် အထူးစီးပွားရေးဇုန်များ အပါအ၀င် စီးပွားရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များကို စုံစမ်းရန် စီစဉ်နေသည်။
=====================
251/ End
မြန်မာအစိုးရအနေဖြင့် အိမ်အကူကလေးငယ်များအပါအ၀င် ကလေးငယ်များအားလုံးကို ပိုအလေးထားကာကွယ်ပေးရန် ရန်ဟီးလီတောင်းဆို
၁၇ ဇွန် ၂၀၁၇ - ၁၂:၃၅
News ID: 837029
မြန်မာ အစိုးရအနေဖြင့် အိမ်အကူ ကလေးငယ်များနှင့်တကွ ကလေးများအားလုံးကို ပိုအလေးထား ကာကွယ်ပေးရန် မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူး အစီရင်ခံစာတင်သွင်းသူ ရန်ဟီးလီက ဇွန်လ ၁၅ ရက်တွင် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ၌ တောင်းဆိုခဲ့သည်။