၁၈ ဇွန် ၂၀၁၇ - ၁၈:၂၉
ဆက်ဆံရေးရုံးများ  ဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ဆွေးနွေး

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားအ ဖွဲ့များအကြား ဆက်သွယ်ရေး လမ်းကြောင်းအတွက် ဖွင့်လှစ် ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ဆက်ဆံရေး ရုံးများ အခက်အခဲကြုံနေရသည့် ကိစ္စ ဖြေရှင်းနိုင်ရေး တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့သည် ဇွန်လ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားအ ဖွဲ့များအကြား ဆက်သွယ်ရေး လမ်းကြောင်းအတွက် ဖွင့်လှစ် ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ဆက်ဆံရေး ရုံးများ အခက်အခဲကြုံနေရသည့် ကိစ္စ ဖြေရှင်းနိုင်ရေး တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့သည် ဇွန်လ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

အဆိုပါ ဆွေးနွေးပွဲကို ဇွန်လ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့၊ NCA မထိုးရသေးသော်လည်း အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)နှင့် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) တို့မှ ခေါင်းဆောင်များ တက် ရောက်သည်။

တိုင်းရင်းသားအဖွဲ့အစည်း များအတွက် လိုအပ်သည့် ခရီး သွားလာခြင်းဆိုင်ရာ ကိစ္စရပ်များ၊၎င်းတို့ဒေသအတွင်းရှိ ပြည်သူလူ ထု၏ အခက်အခဲများ၊ ဒုက္ခသည် ဆိုင်ရာများ၊ နှစ်ဖက်တပ်ဖွဲ့ဝင် များအကြား ဆက်ဆံရေးဆိုင်ရာ များ လုပ်ဆောင်နေသည့် ဆက် ဆံရေးရုံးများတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေသည့်အပေါ် အဓိကဆွေးနွေးကြသည်ဟု မြန် မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဥက္ကဋ္ဌ ဦးသံခဲက ဆို သည်။

‘‘ဒီဆက်ဆံရေးရုံးတွေမှာ အ ခက်အခဲတွေ၊ စိန်ခေါ်ချက်တွေ ရှိတယ်။ အလုပ်တွေ အောင် အောင်မြင်မြင်လုပ်နိုင်ဖို့အတွက် တစ်ဖွဲ့ချင်းစီအလိုက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ တွေ့ကြုံနေ ရတဲ့ဟာတွေ ၁၁ ဖွဲ့ကြားထဲမှာ အပြန်အလှန် ဆွေးနွေးကြတဲ့ သဘောပါ’’ဟု ဦးသံခဲက ပြော သည်။

‘‘အစိုးရသစ်ကို အပြစ်တင် တယ်လို့ မဆိုလိုပါဘူး။ သို့သော် လည်းပဲ အစိုးရသစ်တက်လာပြီး တဲ့နောက်ပိုင်းမှာ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်နေသလိုဖြစ် နေပါတယ်ဆိုတာကို အဓိကပြော သွားတယ်။ သူတို့ပြဿနာရှိတဲ့ ဟာတွေကို အရင်ကလို မြန်မြန် ဆန်ဆန် မဖြေရှင်းနိုင်ဘဲနဲ့ အခု ကျတော့ တစ်ဆင့်ပြီးတစ်ဆင့် သွားရတဲ့ အခါမျိုးဖြစ်နေတဲ့အခါ ကျတော့ ပိုပြီးတော့ ကြန့်ကြာတဲ့ အကြောင်းတွေ သူတို့ အဓိက ထားဆွေးနွေးပါတယ်’’ဟု ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အကြံပေး ဦးခွန်းဆေက ပြောသည်။

၂၀၁၂ နောက်ပိုင်း အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့တို့အကြား ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အ ပစ်အခတ်ရပ်စဲရေးများ ဆောင် ရွက်ထားသည်။ ယင်းအပစ်ရပ် သဘောတူညီမှုများအရ ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်ထားရာ ဆက် ဆံရေးရုံး ၃၀ ကျော်ရှိကြောင်း သတင်းရရှိသည်။

=====================
251/ End