အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပျက်ကျသည့် Y-8 လေယာဉ်အစိတ်အပိုင်းကို ပင်လယ် ရေအောက်မှဆယ်ယူရန်ကြိုးစား စဉ် ဒဏ်ရာရခဲ့သော ရေငုပ်သမား နှစ်ဦးအနက် တစ်ဦးသည် တပ်မ တော်ဆေးရုံတွင် ဆေးကုသမှုခံ ယူနေစဉ်ဇွန်လ၂၂ ရက်ည၌ သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ဒလမြို့နယ် အခြေစိုက် အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ဦးစော နောင်နှင့် ဦးသန့်စင်ဦးတို့သည် Y-8 တပ်မတော်လေယာဉ် အ စိတ်အပိုင်းကို ပင်လယ်ရေအောက် မှဆယ်ယူရန်ကြိုးစားစဉ် ခန္ဓာ ကိုယ်ထိခိုက်ဒဏ်ရာရကာ သတိလစ် မေ့မြောခဲ့သည်။ ဇွန်လ ၁၇ ရက်က ဒဏ်ရာရခဲ့ပြီး ဇွန်လ ၁၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်တပ်မ တော်ဆေးရုံကြီးသို့ ပို့ဆောင်၍ ကု သခဲ့ကာ ဇွန်လ ၂၂ ရက်ည၌ ဦးစောနောင်သေဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဦးစောနောင်နှင့် ဦးသန့်စင် ဦးသည် Y-8 လေယာဉ်ပျက်ကျ သော လောင်းလုံးဘုတ်ကျွန်းအနီး ပင်လယ်ရေအောက်အနက် ၁၂၅ ပေခန့်တွင် တွေ့ရှိသောလေယာဉ်အစိတ်အပိုင်းကို တပ်မတော်နှင့် ပူးပေါင်း၍ ကူညီဆယ်ယူပေးနေ စဉ် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရ ကာသတိလစ်မေ့မြောခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။
သေဆုံးသူဦးစောနောင်နှင့် ဆေးကုသမှုခံယူနေဆဲ ဦးသန့်စင် ဦးတို့၏ မိသားစုများကို ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ်သက်ပုံနှင့်တာဝန်ရှိသူများက ဇွန်လ၂၃ ရက်ညနေတွင် တပ်မ တော်ဆေးရုံကြီးရုံးခန်းမ၌ သွား ရောက်တွေ့ဆုံအားပေးခဲ့သည်။ ထို့အပြင် ဦးစောနောင်၏ ကျန်ရစ် သူမိသားစုများအတွက် အလှူငွေ ကျပ်သိန်း ၃၀ ပေးအပ်ပြီး ဦးသန့် စင်ဦး၏ ကျန်းမာရေးအခြေအနေ ကို ကြည့်ရှုကာကူညီထောက် ပံ့ခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။ ဇွန် လ၂၃ ရက်ရှာဖွေမှု တွင် ပျောက်ဆုံးလေယာဉ်၏ ကိုယ်ထည် အလူမီနီယမ်အစိတ် အပိုင်းလေးခုနှင့် သတ္တုတိုင်ကီ တစ်ခုထပ်မံဆယ်ယူရရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။
=====================
251/ End
၂၄ ဇွန် ၂၀၁၇ - ၁၈:၅၇
News ID: 838589
ပျက်ကျသည့် Y-8 လေယာဉ်အစိတ်အပိုင်းကို ပင်လယ် ရေအောက်မှဆယ်ယူရန်ကြိုးစား စဉ် ဒဏ်ရာရခဲ့သော ရေငုပ်သမား နှစ်ဦးအနက် တစ်ဦးသည် တပ်မ တော်ဆေးရုံတွင် ဆေးကုသမှုခံ ယူနေစဉ်ဇွန်လ၂၂ ရက်ည၌ သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။