အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေး နွေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၇ ရက်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်။
အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မ တီဥက္ကဋ္ဌ Admiral Sunil Lanba ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၇ ရက် နံနက်တွင် နေပြည်တော်မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွား ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
အဆိုပါ ခရီးစဉ်၌ အိန္ဒိယ နိုင်ငံအစိုးရနှင့် တပ်မတော်မှ တာ ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မ တီဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ထင်ရှားသည့် နေရာများကို ကြည့်ရှုလေ့လာခြင်း၊ စစ်ဘက် ဆိုင်ရာ သင်တန်းကျောင်းများနှင့် ဌာနချုပ်များ၊ အကြီးစားစက်မှု လုပ်ငန်းများသို့ သွားရောက်လေ့ လာခြင်းများ ဆောင်ရွက်မည်ဖြစ် ကြောင်းလည်းပါရှိသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အပါအ၀င် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော်အရာရှိကြီးများ၊ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးတို့ လိုက်ပါသွား သည်။တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြီးခဲ့သည့် ဇွန်လ က ရုရှားနိုင်ငံ ကာကွယ်ရေးဝန် ကြီးဌာန ၀န်ကြီး၏ ဖိတ်ကြား ချက်အရ ရုရှားနိုင်ငံသို့ ဇွန်လ ၁၇ ရက်ကစ၍ တစ်ပတ်ကြာ ခရီး သွားရောက်ခဲ့သည်။
=====================
251/ End
၈ ဇူလိုင် ၂၀၁၇ - ၀၈:၀၂
News ID: 841093
တပ်မတော်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေး နွေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၇ ရက်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်။ အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မ တီဥက္ကဋ္ဌ Admiral Sunil Lanba ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၇ ရက် နံနက်တွင် နေပြည်တော်မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွား ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။