အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သတင်းမီဒီယာသမားတွေ တရားစွဲခံရတဲ့ကိစ္စနဲ့ သတင်းသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်အား တင်ပြခဲ့တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဇူလိုင်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီရုံးခန်းမှာ တွေ့ဆုံစဉ် အခုလို တင်ပြခဲ့တာလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောပါတယ်။
“ကျနော်တို့က သတင်းမီဒီယာလောက တခုလုံးအနေနဲ့ တွေ့ကြုံနေရတဲ့ အခက်ခဲကိုရှင်းပြတယ်။ သတင်းထောက်တွေ တွေ့ကြုံနေရတဲ့ အခက်ခဲကိုလည်း ပြောပြတယ်။ သတင်းမီဒီယာသမားတွေ တရားစွဲခံရတဲ့ကိစ္စတွေ၊ ပုဂ္ဂလိက သတင်းစာတွေ ရပ်တည်ဖို့ ခက်ခဲတဲ့အခြေနေတွေ၊ ၆၆ ဃ၊ ၁၇(၁) တို့နဲ့ ပတ်သက်တာတွေ ပြောပြတယ်။ သူသိချင်တာတွေ မေးတယ်။ အကြံပြုတာမရှိပါဘူး။ သူနားထောင်သွားတယ်” လို့ ပြောပါတယ်။
မစ္စယန်ဟီးလီအနေနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေတွေကို နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံရင် ဆွေးနွေးပြောဆိုသွားမယ်လို့ ပြောကြောင်း ဦးအောင်လှထွန်းက ဆိုပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက “ကျနော်တို့ အဓိကပြောတာကတော့ ပုဂ္ဂလိက မီဒီယာတွေရဲ့ အခန်းကဏ္ဏကို အစိုးရအနေနဲ့ လေးစားသင့်တယ်ဆိုတဲ့ မက်ဆေ့ကို ပေးလိုက်ပါတယ်” လို့ပြောပါတယ်။
မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ ဒုတိယအကြိမ်တွေ့ဆုံတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံကို ဇူလိုင် ၁၀ ရက်ကနေ ၂၁ ရက်ထိ ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပြီး မြန်မာပြည်ဆိုင်ရာလူ့အခွင့်ရေး အစီရင်ခံစာကို အောက်တိုဘာလမှာ ကုလသမဂ္ဂသို့ တင်သွင်းရမှာဖြစ်ပါတယ်။
=====================
251/ End
၁၃ ဇူလိုင် ၂၀၁၇ - ၁၈:၄၆
News ID: 842107
သတင်းမီဒီယာသမားတွေ တရားစွဲခံရတဲ့ကိစ္စနဲ့ သတင်းသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်အား တင်ပြခဲ့တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဇူလိုင်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီရုံးခန်းမှာ တွေ့ဆုံစဉ် အခုလို တင်ပြခဲ့တာလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောပါတယ်။