၂၁ ဇူလိုင် ၂၀၁၇ - ၁၆:၄၇
YBS ယာဉ်များ ယာဉ်နောက်လိုက် မထားတော့ခြင်းကို ပြန်လည်သုံးသပ်ပေးရန် ဆန္ဒထုတ်ဖော်

YBS ယာဉ်လိုင်းများ၌ ယာဉ်နောက်လိုက် ထားရှိမှု ဖျက်သိမ်းခြင်းကို ပြန်လည်သုံး သပ်ပေးရန် ယာဉ်လုပ်သား ၃၀၀ ခန့်က ဇူလိုင် ၂၀ ရက်တွင် ရွှေ ပြည်သာမြို့နယ်၌ စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က YBS ဘတ်စ်ကားများ ၌ ယာဉ်စီးခထည့်ရန်ပုံး (Cash Box)များကို ဇူလိုင် ၂၀ ရက် နောက်ဆုံးထား တပ်ဆင်စေပြီး ဇူလိုင် ၂၁ ရက်(ယနေ့)ကစ၍ ယာဉ်နောက်လိုက်များထားသော စနစ်ကို ဖျက်သိမ်းကြောင်း ကြေ ညာထားခြင်းအပေါ် ယာဉ်လုပ် သားများက ရွှေပြည်သာမြို့နယ် ၌ လမ်းလျှောက်ကန့်ကွက် ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


YBS ယာဉ်လိုင်းများ၌ ယာဉ်နောက်လိုက် ထားရှိမှု ဖျက်သိမ်းခြင်းကို ပြန်လည်သုံး သပ်ပေးရန် ယာဉ်လုပ်သား ၃၀၀ ခန့်က ဇူလိုင် ၂၀ ရက်တွင် ရွှေ ပြည်သာမြို့နယ်၌ စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က YBS ဘတ်စ်ကားများ ၌ ယာဉ်စီးခထည့်ရန်ပုံး (Cash Box)များကို ဇူလိုင် ၂၀ ရက် နောက်ဆုံးထား တပ်ဆင်စေပြီး ဇူလိုင် ၂၁ ရက်(ယနေ့)ကစ၍ ယာဉ်နောက်လိုက်များထားသော စနစ်ကို ဖျက်သိမ်းကြောင်း ကြေ ညာထားခြင်းအပေါ် ယာဉ်လုပ် သားများက ရွှေပြည်သာမြို့နယ် ၌ လမ်းလျှောက်ကန့်ကွက် ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်သည်။

အထက်ပါ ညွှန်ကြားချက် ကို မင်္ဂလာဒုံမြို့နယ်တွင် လူ ၁၀ ဦးသေဆုံးခဲ့သည့် YBS ဘတ်စ် ကားနှစ်စီး တိုက်မှုဖြစ်စဉ် ဖြစ်ပွား ပြီး နောက်တစ်ရက်၌ ပြုလုပ် သည့် ယာဉ်လိုင်းတာဝန်ရှိသူများ နှင့် YRTA အဖွဲ့အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး လျှပ် စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က ညွှန်ကြားခြင်းဖြစ်သည်။

ယာဉ်စီးခထည့်ရန် ပုံးများ တပ်ဆင်စေသော စနစ်ကြောင့် ယာဉ်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများ ရှိလာနိုင်ပြီး ခရီးသွားများအတွက် လည်း ချက်ချင်း အဆိုပါစနစ်နှင့် အသားကျရန် မလွယ်ကူနိုင်သော ကြောင့် ဆက်လက်လုပ်ကိုင်ခွင့် ရရှိရန် ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်သည်ဟု ယာဉ်လုပ်သားများ က ဆိုသည်။

‘‘အစိုးရလုပ်တဲ့ စနစ်ကို ကျွန်တော်တို့ ကန့်ကွက်တာ မဟုတ်ဘူး။ ယာဉ်နောက်လိုက် တွေ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးရအောင်လို့ တောင်းဆို တာပါ။ ယာဉ်နောက်လိုက်က ငွေ မကိုင်ရဘူးဆိုရင်လည်း ရပါ တယ်။ ခရီးသည်တွေကို ကူညီ ပေးတဲ့ ယာဉ်အကူသဘောမျိုး ဆက်ထားပေးစေချင်တယ်’’ဟု YBS (၄၀) ယာဉ်လိုင်းမှ ယာဉ် နောက်လိုက် ကိုခင်မောင်စိုးက ပြောသည်။

ယင်းဆန္ဒပြမှုတွင် ယာဉ် လိုင်း ၁၁ လိုင်းမှ ယာဉ်နောက် လိုက်များအပြင် ယာဉ်မောင်း အချို့လည်း ပါဝင်ပြီး စုစုပေါင်း ၃၀၀ ခန့်ရှိကြောင်း ဦးဆောင်သူ များက ဆိုသည်။

‘‘အခု ကြေညာလိုက်တဲ့ အချိန်နဲ့ ကျင့်သုံးမယ့်အချိန်က ကပ်နေတာကြောင့် ကျွန်တော်တို့ အတွက် ပြင်ဆင်ချိန်အရမ်းနည်း ပါတယ်။ တခြားအလုပ်လည်း ကိုယ်ကမလုပ်တတ်တော့ မိသား စုဝင်ငွေအတွက် ဘယ်လိုဖြေရှင်း ရမလဲဆိုတာ စဉ်းစားလို့ကိုမရ ဘူး။ ကိုယ်မကျွမ်းကျင်တဲ့ တခြား အလုပ် သွားလုပ်တော့ကော ဘယ်လောက်ရနိုင်မှာမို့လို့လဲ။ ဘယ်သူကကော ခေါ်မှာလဲ’’ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် ယာဉ်နောက်လိုက် ကိုထက် အောင်က ပြောသည်။

အဆိုပါဆန္ဒပြပွဲ၌ ယာဉ် လုပ်သားများက အလုပ်အကိုင် ပြန်လည်ရရှိရေး၊ ဆင်းရဲမွဲတေမှု ပပျောက်အောင်လုပ်ဆောင်ပေး ရေး၊ အာဏာရှင်ဆန်သော လုပ် ဆောင်မှုပပျောက်ရေး၊ အများ ပိုင်လုပ်ငန်း စစ်စစ် ပီပြင်စွာဖြစ် ပေါ်လာရေး၊ YBS ယာဉ်နောက် လိုက်များ၏ အလုပ်အကိုင် ဆက် လက်တည်မြဲရေး စသည့်အချက် ငါးချက်ကို အဓိကတောင်းဆိုခဲ့ ကြသည်။

ယင်းတောင်းဆိုချက်များကို အစိုးရက လိုက်လျောဖြေရှင်း ပေးနိုင်ခြင်း ရှိ၊ မရှိ တစ်ပတ်ကြာ စောင့်ကြည့်မည်ဖြစ်ပြီး ဖြေလျှော့မှုမရှိပါက ရန်ကုန်မြို့ တော်ခန်းမရှေ့သို့ သွားရောက် ဆန္ဒဖော်ထုတ်မည်ဖြစ်ကာ နေ ပြည်တော်အထိ သွားရောက် ဆန္ဒဖော်ထုတ်ရန်လည်း ရည် ရွယ်ထားကြောင်း YBS (၄၀) ယာဉ်လိုင်းမှ ယာဉ်မောင်းဦးကျော် ဇင်ထွန်းက ပြောသည်။

‘‘စပယ်ယာတွေ ကားပေါ်က ချက်ချင်းဆင်းရမယ် ဆိုတာက တော့ ဘယ်လိုမှ အဆင်မပြေနိုင် ဘူး။ သူတို့ (ယာဉ်နောက်လိုက်) တွေကို အလုပ်အကိုင်ပြန်ရှာပေး မယ်လို့လည်း ကြားတယ်။ တရား ဝင်တော့ ဘာမှ မသိရဘူး။ တကယ်ဟုတ်ခဲ့ရင်တောင် အလုပ်ပြန်ရအောင် ဘယ်လိုစီစဉ် ပေးထားကြောင်း ကြိုအသိပေးပြီး ကားပေါ်က ဖယ်တာမျိုး လုပ်ဖို့ သင့်တာပေါ့’’ဟု ဦးကျော်ဇင်ထွန်း က ပြောသည်။

ထိုသို့ ဆန္ဒဖော်ထုတ်မှုများ ရှိနေသော်လည်း ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် မရှိကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

‘‘ဒီလိုဖြစ်အောင် ဘယ်သူ တွေက လုပ်ခဲ့တာလဲ။ သူတို့ရဲ့ လုပ်ဆောင်ချက်ကပဲ အဆုံးအ ဖြတ်ပေးသွားတာပါ။ တို့သွားချင် တာက ခရီးသည်ဝန်ဆောင်မှုပေး နိုင်တဲ့စနစ်လေ။ ဒါကိုလည်း ကြေညာထားပြီးသား။ ကားပေါ် ပြန်တင်ပေးဖို့ဆိုတာတော့ မဖြစ် နိုင်တော့ဘူး။ အခု တောင်းဆိုမှု တွေရှိတာကြားပါတယ်။ ဒါပေမဲ့ ခရီးသည်တွေလည်း မေးကြည့်ဦး လေ။ စပယ်ယာတွေကို ကားပေါ် မှာမြင်ချင်လားလို့’’ဟု ဒေါက်တာ မောင်အောင်က ဆက်လက်ပြော ကြားသည်။

သို့သော် ယာဉ်နောက်လိုက် များကို ဘတ်စ်ကားများတွင် လုပ်ကိုင်ခွင့် မပေးတော့သော် လည်း ယာဉ်လုပ်ငန်းနှင့် ဆက် စပ်သည့် အလုပ်အကိုင်နေရာများ ၌ လုပ်ကိုင်လိုပါက ပြန်လည်ခန့် အပ်ရန်ရှိကြောင်း ဒေါက်တာ မောင်အောင်ကဆိုသည်။

‘‘ဘတ်စ်ကားမှတ်တိုင်တွေ မှာ ခရီးသည်ကို လမ်းညွှန်တဲ့ အလုပ်မျိုး၊ တချို့ဘတ်စ်ကား ကုမ္ပဏီတွေဆိုရင် တင်သွင်းလာ တဲ့ကားတွေက အသစ်တွေဆို တော့ အဲဒီကားတွေက သန့်ရှင်း ရေးအမြဲလုပ်ရတယ်။ အဲဒီ အ တွက်လည်း လူခေါ်နေတာရှိ တယ်။ အလုပ်အကိုင် တကယ် အခက်အခဲရှိတဲ့သူတွေကို အဲဒီ နေရာတွေမှာ လုပ်ခွင့်ရအောင် စီစဉ်ပေးမယ်။ အကုန်လုံးကို တော့ အာမမခံဘူး။ နောက်ပြီး တော့ ကျွန်တော်တို့ ကားအသစ် တွေမှာ မောင်းချင်တယ်ဆိုရင် လည်း သင်တန်းပေးနေတာရှိ တယ်။ သင်တန်းလာတက်၊ အရည်အချင်းစမ်းသပ်ခံပြီး လုပ် ချင်လည်း လုပ်လို့ရတယ်’’ဟု ၎င်း ကပြောသည်။

ထို့အပြင်ယာဉ်လိုင်းအချို့ က ယမန်နေ့က ကားစီးရေအပြည့် မပြေးဆွဲခြင်းကြောင့် သွားလာ ရေးအခက်အခဲတွေ့ခဲ့ကြောင်း ခရီးသွားအချို့က ပြောသည်။ အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာဘက်ခြမ်းကို အခြေပြုပြေးဆွဲသည့် ယာဉ်လိုင်းအချို့သည် ကားအစီးရေ အပြည့်မဆွဲခြင်းဖြစ်သည်။

ယာဉ်လိုင်းအချို့ အစီးရေ အပြည့်မဆွဲဘဲ ကားရှားခြင်းသည် ယာဉ်နောက်လိုက်များဆန္ဒထုတ် ဖော်မှုနှင့် မဆိုင်ဘဲ အခြားအ ကြောင်းတစ်ခုခုကြောင့်သာတိုက် ဆိုင်ခြင်းဖြစ်နိုင်ကြောင်း ရွှေပြည် သာမှ မော်တင်သို့  ပြေးဆွဲနေသော (၂၁) ယာဉ်လိုင်းမှယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောကြား သည်။

လက်ရှိ YBS စနစ်တွင် ဘတ်စ်ကား အစီးရေ ၃,၅၀၀ မှ ၄,၀၀၀ ခန့်ဘတ်စ်ကားလိုင်း ၉၀ ခန့် ပြေးဆွဲနေသည်။ ထိုဘတ်စ်ကားလိုင်းများမှ လိုင်း ၂၀ ခန့် ဘတ်စ်ကား တစ်ထောင်ခန့်သည် ယာဉ်နောက်လိုက်မထားဘဲ ခရီးသည်ကိုယ်တိုင် ယာဉ်စီးခထည့်ရသည့် Cash Box စနစ်ကိုကျင့် သုံးနေကြောင်း YRTA မှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ Cash Box စနစ် ကျင့်သုံးခြင်း မရှိသေးသည့် ဘတ်စ်ကား ၂,၅၀၀ မှ ၃,၀၀၀ ကြားတွင် ယာဉ်နောက်လိုက် ၄,၀၀၀ ခန့်ရှိနိုင်မည်ဟု  ဒေါက်တာမောင်အောင်က ခန့်မှန်းပြောကြားသည်။

ယာဉ်လိုင်းတာဝန်ရှိသူအချို့ ကမူ စနစ်တကျ မှတ်တမ်းတင်နိုင် မှု အားနည်းချက်ကြောင့် ယာဉ် နောက်လိုက်စာရင်း အတိအကျ သိရှိရန်ခက်ခဲပြီး ခန့်မှန်းခြေ YBS ယာဉ်အားလုံး၌ ယာဉ်နောက် လိုက် ၆,၀၀၀ မှ ၈,၀၀၀ ခန့်ရှိနိုင် မည်ဟု ၎င်းတို့က ဆိုသည်။

ထို့ကြောင့် Cash Box စနစ် ကျင့်သုံးခြင်းကြောင့် လတ်တ လောတွင် အလုပ်အကိုင်အခွင့် အလမ်း ဆုံးရှုံးမှု ကြုံရနိုင်သည့် ယာဉ်နောက်လိုက် ထောင်နှင့်ချီ ရှိမည်ဖြစ်သည်။

ဘတ်စ်ကားများတွင် ခရီး သည်ဆန္ဒပေါ် မူတည်၍ ယာဉ် နောက်လိုက်မထားရှိစေခြင်းကို လက်ခံသော်လည်း အလုပ်လက် မဲ့ ဖြစ်သွားနိုင်သည့် ယင်းယာဉ် လုပ်သားများအတွက် အလုပ် အကိုင်ရရှိအောင် ဆောင်ရွက် ပေးရန် အစိုးရ ၌ တာဝန်ရှိသည်ဟု အင်းစိန်မြို့နယ်မှ ဘတ်စ်ကားစီး ခရီးသည် ဦးအောင်ဝင်းက မှတ်ချက်ပြုသည်။

YRTA သည် ဘတ်စ်ကား များ၌ ယာဉ်နောက်လိုက်ထားရှိမှု ကို ဖျက်သိမ်းခြင်းအပြင် အရှိန် ပြင်းစွာ မောင်းနှင်ခြင်း၊ ပြိုင် မောင်းခြင်း၊ လမ်းကြောပြောင်း ပြန်မောင်းနှင်ခြင်းနှင့် ခရီးသည် များကို မချေမငံ ဆက်ဆံပါက အရေးယူနိုင်မည့် စည်းကမ်းချက် လေးချက်ကိုလည်း ထုတ်ပြန်ထား ပြီး လိုက်နာခြင်းမရှိသည့် ယာဉ် လိုင်းများကို လိုင်းမှ ချက်ချင်း ထုတ်ပယ်ခြင်း၊ လိုင်စင်ပိတ် သိမ်းခြင်း စသည့် ပြစ်ဒဏ်များဖြင့် ထိရောက်စွာ အရေးယူမည်ဟု လည်း ယခုလလယ်ပိုင်းက သတိ ပေး ကြေညာထားသည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ဇန်နဝါရီ ၁၆ ရက်က စ၍ မထသစနစ်မှ YBS စနစ်သို့ စတင်ပြောင်းလဲခဲ့ပြီး ဇူလိုင် ၁၆ ရက်တွင် YBS စနစ်ကျင့်သုံးမှု ခြောက်လပြည့်မြောက်ခဲ့သည်။

=====================
251/ End