၂၂ ဇူလိုင် ၂၀၁၇ - ၁၆:၀၀
မစ္စရန်ဟီးလီ၏ ထုတ်ပြန်ချက်အပေါ် စိတ်ပျက်ကြောင်း မြန်မာအစိုးရတုံ့ပြန်

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီ၏ မြန်မာ နိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်ချက်အပေါ် စိတ်ပျက်ကြောင်း အစိုးရက ဇူလိုင် ၂၂ ရက်နံနက်တွင် သတင်းထုတ်ပြန် သည်။ ရန်ဟီးလီ၏ ဇူလိုင် ၉ ရက်ကစတင်ခဲ့သည့် ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရကိုယ်စားလှယ်များစွာဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီ၏ မြန်မာ နိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်ချက်အပေါ် စိတ်ပျက်ကြောင်း အစိုးရက ဇူလိုင် ၂၂ ရက်နံနက်တွင် သတင်းထုတ်ပြန် သည်။

ရန်ဟီးလီ၏ ဇူလိုင် ၉ ရက်ကစတင်ခဲ့သည့် ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရကိုယ်စားလှယ်များစွာဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အစိုးရကိုယ်စားလှယ်များက မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှား ရန်ကိစ္စ၊ မြန်မာနိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းနေမှုကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း၊ လူမှုအသိုက် အ၀န်းများအကြား သဟဇာတဖြစ်စေရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုရှိစေရေးတို့အတွက် အစိုးရကဆောင်ရွက်နေမှု များကိုလည်း အထူးအစီရင်ခံစာတင်သွင်းသူအား ရှင်း လင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသော ပြည်တွင်း ပဋိပက္ခ၊ အထီးကျန်မှုနှင့်

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုတို့ ကြောင့် ဖြစ်ပေါ်သည့် ပြဿနာ များကို ဖြေရှင်းရာ၌ တွေ့ကြုံရ သည့်အခက်အခဲများကို ရန်ဟီး လီ၏ ထုတ်ပြန်ချက်တွင် ထည့် သွင်းဖော်ပြမည်ဟု မျှော်လင့်ခဲ့ သော်လည်း ရန်ဟီးလီ၏ ထုတ် ပြန်ချက်၌ ယေဘုယျဆန်သော စွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များစွာ ပါဝင် နေကြောင်း အစိုးရထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မစ္စရန်ဟီးလီကလည်း ၎င်း ၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇူလိုင် ၂၁ ရက်ညတွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ရခိုင်အရေးနှင့်ပတ်သက်၍ အစိုးရ လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့် အရေးချိုးဖောက်ခဲ့သည့် အစီရင် ခံချက်များကိုရရှိခဲ့ကြောင်း၊ အစိုး ရသစ်အနေဖြင့်လည်း ယခင် အစိုးရအမူ အကျင့်များအတိုင်း ပြုမူနေ၍စိတ်ပျက်ကြောင်း ပြော ကြားသည်။

ရန်ဟီးလီအနေဖြင့် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးအခြေ အနေ တိုးတက်ရေးဆောင်ရွက် ရာတွင် ကြုံတွေ့ရသော အခက် အခဲများနှင့်ပတ်သက်ပြီး ရှင်းပြ ချက်များအပေါ် လက်ခံခြင်းမရှိ ဘဲ မကောင်းမြင်လေ့ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးယု လွင်အောင်က ဆိုသည်။

‘‘သူ့အနေနဲ့ အန်ကယ်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအ နေအပေါ်ကို အစကတည်းက ကိုယ်၌ကမကောင်းမြင်ထားတဲ့ သဘောရှိတော့ သူကတော့ ဒီလို ပဲ မြင်မှာပဲလို့ သုံးသပ်ပါတယ်’’ဟု ဦးယုလွင်အောင်က ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်နှင့် ရန် ဟီးလီတို့ ဇူလိုင် ၁၄ ရက်က တွေ့ ဆုံရာတွင်လည်း ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ၏ ရခိုင်အ ရေးနှင့်ပတ်သက်ပြီး အချက်အ လက်ရှာဖွေရေးအဖွဲ့ကို လက်ခံ ရန်သာ မစ္စရန်ဟီးလီက အဓိက ထားပြောကြားခဲ့ကြောင်း ဦးယု လွင်အောင်က ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာ နိုင်ငံလူ့အခွင့်အရေး အခြေအနေ နှင့်ပတ်သက်၍ နိုင်ငံတကာအ ချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့ စည်းစေလွှတ်ရန် ပါဝင်သော ဆုံး ဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် အ ခြေအမြစ်မရှိသော စွပ်စွဲချက်များ ကို အခြေခံထားသည့်အပြင် နိုင်ငံ တကာအချက်အလက်ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းခြင်းသည် မြန်မာ နိုင်ငံ ရင်ဆိုင်နေရသည့် ရှုပ်ထွေး မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်း နိုင်မည်ထက် ပိုမိုဆိုးရွားစေမည် ဖြစ်၍ မြန်မာနိုင်ငံက အဆိုပါ ဆုံး ဖြတ်ချက်တစ်ခုလုံးကို ပါဝင်ပတ် သက်ခြင်း မပြုဘဲနေခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို ပါ ၀င်ပတ်သက်ခြင်း မပြုခဲ့သော် လည်း အထူးအစီရင်ခံစာတင် သွင်းသူ၏ မြန်မာနိုင်ငံသို့ လာ ရောက်ရန် အဆိုပြုခရီးစဉ်ကို လက်ခံခဲ့ပြီး အစိုးရကိုယ်စားလှယ် များနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးစားမှုများနှင့်ပတ်သက်၍ ရန်ဟီးလီကို အစိုးရကိုယ်စား လှယ်များက ရှင်းပြခဲ့သည်။

ရန်ဟီးလီ၏ မြန်မာနိုင်ငံခရီး စဉ်အပြီး ထုတ်ပြန်ချက်အပေါ် အစိုးရ၏တုံ့ပြန်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ ရန်ကုန်ရုံးပြန်ကြား ရေးအရာရှိဦးအေးဝင်းထံ ဆက် သွယ်ရာ ၎င်းအနေဖြင့် မစ္စရန်ဟီး လီကိုယ်စား ဖြေကြားခွင့်မရှိ ကြောင်း ပြောသည်။

ရန်ဟီးလီ၏ ယခုခရီးစဉ်  သည် အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံသို့ သုံးကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ခြောက်ကြိမ် လာရောက်ခဲ့သည်။

=====================
251/ End