အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မူးယစ်ဆေးဝါးသုံး သူများကို အကျဉ်းချသည့် ပြစ် ဒဏ်ချမှတ်ခြင်းမပြုဘဲ လူသား ချင်းစာနာသည့် လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်စေခြင်းဖြင့် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ပြုပြင်ပေးသင့်ကြောင်း အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက အကြံပြုသည်။
ဇူလိုင် ၂၇ ရက်က ကျင်းပ သော အမျိုးသားလွှတ်တော်အ စည်းအဝေး၌ တင်သွင်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းအပေါ် စိစစ်လေ့လာတွေ့ရှိချက်များကို လွှတ်တော်သို့တင်ပြရာတွင် ဥပဒေကြမ်းကော်မတီက အထက်ပါအတိုင်း မှတ်ချက်ပြုခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကို အ မျိုးသားလွှတ်တော်၌ ဆွေးနွေးနိုင် ရန် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်စိုး က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးသုံးသူများ ကို သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ လမ်းတံတားများပြုပြင် ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူး ပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လူမှုအ ကျိုးပြုလုပ်ငန်းများကို ပြစ်ဒဏ် အဖြစ် ဆောင်ရွက်စေရန် အကြံ ပြုခြင်း ဖြစ်သည်။
ယင်းကဲ့သို့ လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း နှိမ့်ချခြင်း၊ ခွဲခြားဆက် ဆံခြင်းသဘော မသက်ရောက် စေဘဲ သတ်မှတ်ထားသော ၀တ် စုံများဖြင့် တစ်ရက်လျှင် နှစ်နာရီ နှုန်းဖြင့် အနည်းဆုံးသုံးလ(နာရီ ၁၈၀) မှ အများဆုံး လေးလ(နာရီ ၂၄၀ )အထိ ကိုယ်တိုင်လုပ်အား ဖြင့် အခမဲ့လုပ်ကိုင်ဆောင်ရွက် စေရမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီ က အကြံပြုသည်။
ယင်းအပြင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ်အ နည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ချ မှတ်နိုင်သည့် မူးယစ်ဆေးဝါးဥပ ဒေပုဒ်မ ၁၅ ကိုလည်း ပယ်ဖျက်ရန် ကော်မတီကအကြံပြုထားသည်။
ဝန်ကြီးဌာနက တင်သွင်း သည့် အဆိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေး ၀ါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မခုနစ်ခု၊ ပုဒ်မခွဲခြောက်ခု ထပ်မံတင်သွင်းခြင်း၊ ပုဒ်မခွဲ ၁၉ ခုပြင်ဆင်ခြင်း၊ ပုဒ်မခွဲ ၂၀ ခုဖြည့်စွက်ခြင်း၊ ပုဒ်မ တစ်ခုနှင့် ပုဒ်မခွဲလေးခု ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ထားကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
‘‘မူးယစ်ဆေးဝါးသုံးစွဲသူတွေ နဲ့ပတ်သက်တဲ့ ပြစ်မှုပြစ်ဒဏ်ကို လက်ရှိနိုင်ငံရေးစနစ်နဲ့ နိုင်ငံတ ကာမှာကျင့်သုံးနေတဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲတာ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးသုံး စွဲသူများကို ပြစ်ဒဏ်လျှော့ပေါ့ ပေးရန် မူးယစ်ဆေးဝါးသုံးစွဲသူ များအရေး ကူညီဆောင်ရွက်ပေး နေသည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများက တောင်းဆိုနေခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေး ၀ါးများဆိုင်ရာဥပဒေကို ယခင်အ စိုးရလက်ထက် ၂၀၁၄ ကတည်း က ၀န်ကြီးဌာနက ပြင်ဆင်ရေးဆွဲ ပြီး အတည်ပြုပြဋ္ဌာန်းနိုင်စေရန် ၂၀၁၅ ဒီဇင်ဘာက ပြည်ထောင် စုလွှတ်တော်သို့ တင်သွင်းခဲ့ သည်။ သို့သော်လည်း အစိုးရအ ပြောင်းအလဲတွင် လွှတ်တော်ကအတည်ပြုရန် အချိန်မလုံလောက်သဖြင့် အ တည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်း မရှိပေ။
အဆိုပါ မူးယစ်ဥပဒေကိုပြင် ဆင်သည့် ဥပဒေကြမ်းကို ဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီနောက်ဆုံး ထားပြီး အမျိုးသားလွှတ်တော်ညွှန်ကြား ရေးမှူးချုပ်ရုံးတွင် အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကိုတစ်
ပိုဒ်ချင်းစီအလိုက် အမျိုးသားလွှတ် တော်က ဆွေးနွေးအတည်ပြုမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကာ လွှတ်တော်နှစ်ရပ်သဘောထား ကွဲလွဲပါက ပြည်ထောင်စုလွှတ် တော်၌ အဆုံးအဖြတ်ရယူမည် ဖြစ်သည်။
=====================
251/ End