အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်က တင်သွင်းတဲ့ YBS ဘတ်စ်ကားတွေနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်တွေထဲမှာ မမှန်ကန်တဲ့ အချက်အလက်တွေ ပါဝင်နေတာကြောင့် အရေးယူပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်ကြားထားတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ရိုက်တာသတင်းမှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ် နိုင်ငံရဲ့လက်ရှိအာဏာရပါတီရဲ့ လူကြီးတယောက်လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ကိုလည်း ထိခိုက်စေကြောင်း တိုင်ကြားထားတဲ့ အချက်တွေထဲမှာ ထည့်သွင်းထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အဟန့်အတားဖြစ်စေတဲ့ အရေးအသားတွေပါနေတဲ့ အကြောင်းဖော်ပြထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ဝန်ကြီးချုပ်ရဲ့ တိုင်ကြားချက်ကို ဖြေရှင်းပေးဖို့အတွက် မြန်မာ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားတဲ့ အမှုပေါင်း ၃၀၀ ကျော်ရှိနေပြီး တိုင်ကြားမှုတွေကို ဖြေရှင်းပေးခဲ့လို့ ပြေလည်သွားတဲ့ကိစ္စတွေက ရာခိုင်နှုန်းအားဖြင့် ၉၀ ကျော်ရှိပါ တယ်။
=====================
251/ End
၁၅ ဩဂုတ် ၂၀၁၇ - ၁၇:၄၄
News ID: 848472