အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်သည် ဩဂုတ် ၂၃ ရက်တွင် နေပြည်တော်၌ သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံပြီး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်သည် ရန်ကုန်မြို့သို့ ဩဂုတ် ၂၂ ရက်က ရောက်ရှိပြီးနောက် တစ်ရက်အကြာတွင် နိုင်ငံ တော်သမ္မတနှင့် တွေ့ဆုံသည်။
သမ္မတနှင့် တွေ့ဆုံရာ၌ ‘ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများအတွက် ငြိမ်းချမ်း မျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်း လာနိုင်ရေးကို ဦးတည်လျက်’ ဆိုသည့် ခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီး သတ်အစီရင်ခံစာကို ပေးအပ်ခဲ့သည်။
သမ္မတက ကိုဖီအာနန်နှင့်တွေ့ဆုံစဉ် အစီရင် ခံစာကို အလေးအနက်ထားစဉ်းစားမည်ဟု ပြောကြား ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအကြား ယုံကြည်မှု ပိုမိုတိုးမြှင့်ရရှိစေရန် ကြိုးပမ်းနေရသည့်အချိန်ဖြစ်ပြီး အစီရင်ခံစာသည် အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ကြောင်းသမ္မတ ဦးထင်ကျော်က ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာ နှင့် ပြည်တွင်းမှ မိမိတို့နိုင်ငံ တွေ့ ကြုံရင်ဆိုင်နေရသော စိန်ခေါ်မှု များနှင့် ပကတိ အခြေအနေမှန်ကို ဝိုင်းဝန်းကူညီပံ့ပိုးပေးစေလိုပါ ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။
ကိုဖီအာနန်နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံ စာပါ အကြံပြုချက်များအပေါ် မြန်မာနိုင်ငံ၏ ရေရှည်အမျိုးသား အကျိုးစီးပွားကို မျှော်မှန်းလျက် နိုင်ငံတော်၏ ဥပဒေ၊ မူဝါဒများနှင့် အညီ အကောင်အထည်ဖော်နေ သည့် အခြေအနေများကို ဆွေး နွေးခဲ့ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။
ထို့အပြင် ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင်၏ ကြား ဖြတ်အစီရင်ခံစာပါ အကြံပြုချက် များအပေါ် မြန်မာနိုင်ငံ၏ ရေရှည် အမျိုးသားအကျိုးစီးပွားကို မျှော် မှန်းလျက် နိုင်ငံတော်၏ ဥပဒေ၊ မူဝါဒနှင့်အညီ အကောင်အထည် ဖော်နေသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်ရရှိရေး အပါအဝင် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် အစီအမံများ၊ ပညာရေးကဏ္ဍ၌ အဆင့်မြှင့်တင်ဆောင် ရွက်နေမှုများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို စနစ်တကျလက်ခံနေမှု များ၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး အစီအမံများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ သတင်းမီဒီယာရယူခွင့်ဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
ရခိုင်ကော်မရှင်သည် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိ ပက္ခကာကွယ်တားဆီးခြင်းအပါ အဝင် ရခိုင်ဒေသတွင် နေထိုင်သူ အားလုံး၏ လူမှုဘဝ ပိုမိုကောင်း မွန်လာရေး အကြံပြုချက်များ အဆိုပြုနိုင်ရန် မြန်မာအစိုးရက ကော်မရှင်ကို ၂၀၁၆ ဩဂုတ် ၂၄ ရက်တွင် ဖွဲ့စည်း၍ တစ်နှစ်ထက် နောက်မကျဘဲ အကြံပြုချက်များ ပါသည့်အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်မှတစ်ဆင့် အစိုးရထံ အစီရင်ခံရန် တာဝန်ပေးထားသည်။
အဆိုပါကော်မရှင်ကို ပြည် တွင်းပညာရှင် ခြောက်ဦး၊ နိုင်ငံ တကာပညာရှင်သုံးဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ က ဖြစ်ပွားသည့် ပဋိပက္ခများ ကြောင့် လူဦးရေ ၂၀၀ ခန့် သေ ဆုံးပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။
ထို့အပြင် မောင်တော ဒေသရှိ နယ်ခြားစောင့် ရဲစခန်းများကို အကြမ်းဖက် သမားများက ယမန်နှစ် အောက်တိုဘာတွင် ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင် အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အရပ်သား ၆၀ ခန့် သေဆုံးခဲ့သည်။
=====================
251/ End
၂၄ ဩဂုတ် ၂၀၁၇ - ၁၈:၂၁
News ID: 850309
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်သည် ဩဂုတ် ၂၃ ရက်တွင် နေပြည်တော်၌ သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံပြီး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်သည် ရန်ကုန်မြို့သို့ ဩဂုတ် ၂၂ ရက်က ရောက်ရှိပြီးနောက် တစ်ရက်အကြာတွင် နိုင်ငံ တော်သမ္မတနှင့် တွေ့ဆုံသည်။