အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လတ်တလောအကြမ်း ဖက်တိုက်ခိုက်ခံရသည့် ဒေသ တွင် ပါဝင်သော ရသေ့တောင်မြို့သို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် သွားရောက်သည့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့ကို ဒေသခံများက သံပုံးတီး ကန့်ကွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အချို့နှင့် ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေး အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် ရသေ့တောင်မြို့သို့ စက်တင်ဘာ ၇ ရက် နံနက်တွင် ရောက်ရှိစဉ် ဒေသခံများက ဆီးကြိုကန့်ကွက်ဆန္ဒပြခဲ့သည်။
‘‘ဒီမှာက ရခိုင်တွေက အ ကြမ်းဖက်သမားတွေသောင်း ကျန်းလို့ ကယ်ဆယ်ရေးစခန်းတွေမှာ ၀င်နေရတဲ့အချိန်မှာ အစိုးရက အဲဒီလို ချက်ချင်းလာလုပ်လို့ ရခိုင်တွေက သွေးပူပြီး ကန့်ကွက်တာပါ။ ဆန္ဒပြတဲ့သဘောပါ။ သံပုံးတွေ၊ ပန်းကန်တွေတီးပြီး ကန့်ကွက်တာပါ’’ ဟု ရသေ့တောင်မြို့ ဒေသခံ ဦးမောင်သိန်းနိုင်က ပြောသည်။
ရသေ့တောင်မြို့နယ် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ တွင် ယင်းကဲ့သို့ ကန့်ကွက်ဆန္ဒပြ ခြင်းဖြစ်ပြီး လူဦးရေထောင်ချီရှိကြောင်း ယင်းဖြစ်စဉ်ကို သွား ရောက်ကြည့်ရှုခဲ့သည့် ဦးမောင် သိန်းနိုင်က ပြောသည်။
ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့တွင် ပါဝင် သော ဦးညွန့်မောင်ရွှေက ၎င်းတို့ အနေဖြင့် ရသေ့တောင်ခရီးစဉ်မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိ ပြီဖြစ်ကြောင်းနှင့် လတ်တလော ၌ အစည်းအဝေးပြုလုပ်နေသဖြင့် ဖြေဆို၍ မရသေးကြောင်း စက် တင်ဘာ ၇ ရက် ညက ပြောသည်။ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့၏ ရသေ့တောင်မြို့တွင် တွေ့ကြုံခဲ့ရသော အခြေအနေကို မေးမြန်းရန် ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင် သို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက် သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိ ပေ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေး သိန်းကို ဆက်သွယ်မေးမြန်းရာ ၀န်ကြီးချုပ်ခရီးစဉ်၌ လိုက်ပါခဲ့ ခြင်းမရှိ၍ ရှင်းရှင်းလင်းလင်းမသိ ရှိကြောင်း ပြောသည်။
=====================
251/ End
ရသေ့တောင်မြို့သို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် လာရောက်သော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့ကို
၈ စက်တင်ဘာ ၂၀၁၇ - ၁၈:၅၁
News ID: 853104
လတ်တလောအကြမ်း ဖက်တိုက်ခိုက်ခံရသည့် ဒေသ တွင် ပါဝင်သော ရသေ့တောင်မြို့သို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် သွားရောက်သည့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့ကို ဒေသခံများက သံပုံးတီး ကန့်ကွက်ခဲ့ကြသည်။