အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်ပြီး အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဆန့်ကျင်ရေးနှင့် ပြည်ပက ၀င်ရောက်စွက် ဖက်မှုရှုတ်ချရေး ဆန္ဒဖော်ထုတ်ပွဲ ကို သံဃာတော်များ အပါအ၀င် အမျိုးသားရေးလှုပ်ရှားသူ ၁,၀၀၀ ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ကြသည်။
စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် အဆိုပါဆန္ဒပြပွဲတွင် ဟောပြောသူများက အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သ မားများကို ချေမှုန်းရမည်ဖြစ် ကြောင်း၊ ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာ၌ ၁၉၈၂ ဥပဒေပြင်ဆင်ခိုင်းမှုကို လက်မခံကြောင်းနှင့် ကမ္ဘာ့ခေါင်းဆောင်များက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုနေမှုများကို လက်မခံကြောင်း ကြွေးကြော်ခဲ့သည်။
‘‘တိုင်းပြည်အတွက် အကျိုး ရှိမယ့် ကာကွယ်နိုင်မယ့် ကိစ္စမျိုး၊ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် မားမားမတ်မတ်ကာကွယ်ပေးနိုင် မယ့် လုပ်ရပ်မျိုးဆို ထောက်ခံ တယ်။ ကိုဖီအာနန်လို နိုင်ငံခြား သားတစ်ယောက်က ပြောသွား တာကို ကျွန်တော်တို့က အဲဒါ လိုက်လုပ်မှပဲ ဘာဖြစ်မယ် ညာ ဖြစ်မယ်ဆိုတာမျိုး လာလုပ်ရင် တော့ လုံးဝလက်မခံဘူး။ ကိုဖီ အာနန်ကော်မရှင်ထဲမှာ ကောင်း တဲ့အချက်တွေ ပါကောင်းပါမယ်။ အကုန်လုံးမကောင်းဘူးလို့တော့ မပြောဘူး’’ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးကျော်သူငြိမ်းက ပြောသည်။
ကန့်ကွက်ဆန္ဒထုတ်ဖော်သူ များက ‘‘ကိုဖီအာနန်အကြံပေးစာ ဒို့လက်မခံ၊ ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသော တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့အား ထောက်ခံပါ၏’’ စသည့် စာသားများပါ ဗီနိုင်းများကို ကိုင် ဆောင်ထားသည့်အပြင် မောင် တောဒေသ၌ သတ်ဖြတ်ခံရသည့် ဒေသခံများနှင့် တပ်ဖွဲ့ဝင်များ၏ ရုပ်ပုံများကို ကိုင်ဆောင်ဆန္ဒပြကြသည်။
‘‘အကြမ်းဖက်သမားတွေကို ခင်ဗျားတို့ ကျုပ်တို့က လက်ဆွဲပြီး တော့ နှုတ်ဆက်နိုင်ကြမှာလား။ ဖြစ်ရပ်တွေဟာ တကယ်ဖြစ်နေ တာ ဟုတ်တယ်နော်။ တကယ် ဖြစ်နေတဲ့အဖြစ်အပျက်ရဲ့ အရှိ တရားအတိုင်း ကမ္ဘာကြီးက သိဖို့ မလိုဘူးလားဗျာ။ ကမ္ဘာကြီးတစ်ခု လုံးက ကျုပ်တို့တစ်တွေ အားလုံး တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တတွေ အကြမ်းဖက်ခံနေရတာကို မသိကျိုးကျွန်မပြုနိုင်အောင် ဒီပွဲကြီးလုပ်တာ မဟုတ်လား’’ဟု ဆရာတော် ဦးဇာဂနကလည်း ဟောပြောသည်။
ဆန္ဒပြပွဲသည် နှစ်နာရီခန့် ကြာမြင့်ပြီး ဆရာတော်ဦးဇာဂန၊ ဦးထိန်လင်းနှင့် ဦးကျော်သူငြိမ်း တို့က ဟောပြောခဲ့သည်။
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ်အစီရင် ခံစာပါ အကြောင်းအရာများသည် ဌာနေ ရခိုင်တိုင်းရင်းသားများ ထက် ခိုးဝင်ဘင်္ဂါလီများအတွက် ပို၍အလေးသာနေပြီး အစိုးရ အား မဖြစ်မနေဆောင်ရွက်ပေးရ မည့် အမိန့်ပေးသည့် သဘော သက်ရောက်နေသည်ကို တွေ့ရ ကြောင်း ဦးဆောင်ဆန္ဒပြသူများ က ပြောသည်။
မောင်တောဒေသအတွင်း တစ်ကျော့ပြန် အကြမ်းဖက်တိုက် ခိုက်မှုဖြစ်စဉ်များကြောင့် သြဂုတ် ၂၅ ရက်ကစ၍ လုံခြုံရေးတပ်ဖွဲ့ ၀င်များနှင့် ဒေသခံအများအပြား သေဆုံးခဲ့သည်။
ရခိုင်ပြည်အရေးနှင့် ပတ် သက်ပြီး ပြည်ပနိုင်ငံအများအပြား တွင်လည်း မြန်မာအစိုးရအပေါ် ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်နေပြီး ပြည်ပနိုင်ငံများ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်နေသည်။
========================
251 / End
အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဆန့်ကျင်ရေးနှင့် ပြည်ပစွက်ဖက်မှု ရှုတ်ချရေး ဆန္ဒထုတ်ဖော်ပွဲတွင် သံဃာနှင့် လူတစ်ထောင်ခန့် ပါဝင်
၁၉ စက်တင်ဘာ ၂၀၁၇ - ၁၄:၁၁
News ID: 855205
ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်ပြီး အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဆန့်ကျင်ရေးနှင့် ပြည်ပက ၀င်ရောက်စွက် ဖက်မှုရှုတ်ချရေး ဆန္ဒဖော်ထုတ်ပွဲ ကို သံဃာတော်များ အပါအ၀င် အမျိုးသားရေးလှုပ်ရှားသူ ၁,၀၀၀ ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ကြသည်။