၂၂ စက်တင်ဘာ ၂၀၁၇ - ၁၆:၄၇
ဝန်ကြီးများ လုပ်ဆောင်ချက် ကျေနပ်ခြင်းရှိ၊ မရှိ ပြည်သူများဆုံးဖြတ်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ပြောကြား

ပြည်ထောင်စုဝန် ကြီးများ၏ လုပ်ဆောင်ချက်များ ကို ကျေနပ်ခြင်း ရှိ၊မရှိ ပြည်သူ များကသာ ဆုံးဖြတ်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စုဝန် ကြီးများ၏ လုပ်ဆောင်ချက်များ ကို ကျေနပ်ခြင်း ရှိ၊မရှိ ပြည်သူ များကသာ ဆုံးဖြတ်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က ပြောသည်။

စက်တင်ဘာ ၂၁ ရက်က စွမ်းအင်ကဏ္ဍ အကောင်အထည် ဖော်ရေး ဆွေးနွေးပွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ကို နိုင်နင်းစွာ ဆောင်ရွက် နိုင်ခြင်း မရှိသော ဝန်ကြီး၊ ဝန်ကြီး ချုပ်များ  ပြောင်းလဲသင့်ပါက ပြောင်းလဲမည်ဟု ပြောကြားချက် နှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီး တာဝန်ယူချိန်ကစတင်ကာ မိမိလုပ်ဆောင်ချက်များကို အားရကျေနပ်မှုရှိပါသလားဟု 7Day Daily သတင်းစာက မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းသည့်အပေါ် ‘‘ပြည်သူတွေ ကျေနပ်ဖို့လိုတာပါ’’ ဟု ဦးဝင်းခိုင်က ပြန်လည်ဖြေ ကြားသည်။

၂၀၁၇ ဖေဖော်ဝါရီနှင့် သြ ဂုတ်တို့တွင် မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးမင်းမင်းဦးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဖေဇင်ထွန်းတို့ကို ၎င်း တို့၏ ဆန္ဒအလျောက် ရာထူးမှ အ သီးသီးနုတ်ထွက်ခွင့် ပြုခဲ့သည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား ပူးတွဲတာဝန်ယူစေ ခဲ့သည်။

ထိုသို့ ဝန်ကြီးဌာနနှစ်ခုကို ပူးတွဲ တာဝန်ယူထားရသော် လည်း ၎င်းအနေဖြင့် အခက်အခဲ မရှိဘဲ လမ်းများပြုပြင်ရေးနှင့် လျှပ်စစ်ကဏ္ဍများ ပိုမိုတိုးတက် အောင် ဆောင်ရွက်ရန် အများအ ပြား ကျန်ရှိနေသေးကြောင်း ဦး ဝင်းခိုင်က ပြောသည်။

‘‘အရေးကြီးတာက ဘတ် ဂျက်တို့၊ ငွေကြေးတို့အဓိက လို တာပါ’’ ဟု ၎င်းကပြောသည်။

      ဒီချုပ်အစိုးရလက်ထက်(၁၈) လအတွင်း ပြည်ထောင်စုဝန်ကြီး တစ်ဦး၊ ဒုတိယဝန်ကြီးတစ်ဦးနှင့် ဝန်ကြီးချုပ်တစ်ဦးတို့ကို တာဝန်မှ နုတ်ထွက်ခွင့် ပြုခဲ့သည်။

၂၀၁၆ နှစ်ကုန်က စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲခဲ့ သည်။ အဆိုပါတာဝန်ရပ်စဲမှုနှင့် ပတ်သက်၍ ဝေဖန်မှုများပေါ်ထွက်ခဲ့သည်။

========================
251 / End