အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲခေါင်နဲ့ ဧရာဝတီ၊ ချင်းတွင်းမြစ်ဝှမ်းတွေမှာ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေမလုံလောက်မှု သတင်းအချက်အလက်များ ဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက်နေ့ကနေ စက်တင်ဘာ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပနေပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုန်း သဘာဝပတ်ဝန်းကျင်အင်စတီကျု SEI မြန်မာသဘာဝပတ်ဝန်းကျင်အင်စတီကျု MEI တို့က ကျင်းပတာဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာတော့ နိုင်ငံတကာနဲ့ ပြည်တွင်းက သဘာဝ ပတ်ဝန်းကျင်ပညာရှင်တွေ ပြည်တွင်းမီဒီယာသမားတွေဟာ ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်ထဲက လက်ခုပ်ကုန်းကမ်းခြေကို သွားရောက်ပြီး ဒီရေတော ပေါက်ရောက်မှု အခြေအနေ ကမ်းခြေရေတိုက်စားပြီး သောက်သုံးရေရှားပါမှု အခြေအနေနဲ့ ဆားငန်ရေ ဝင်ရောက်တာကို ကွင်းဆင်းလေ့လာကြမှာ ဖြစ်ပါတယ်။
========================
251 / End
၂၅ စက်တင်ဘာ ၂၀၁၇ - ၁၅:၅၈
News ID: 856354