၂၀ အောက်တိုဘာ ၂၀၁၇ - ၁၉:၂၈
ပဲခူးတိုင်းအတွင်း တိုင်းရင်းသားကဏ္ဍဖွံ့ဖြိုးရေး ရန်ပုံငွေကို ကျေးရွာအနည်း၊ အများပေါ် မူတည်၍ ချထားပေးရန် တောင်းဆို

တိုင်းရင်းသားရေးရာကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ချပေးရာတွင် မြို့နယ်တစ်ခု၏ ကျေးရွာ အနည်းအများအပေါ် မူတည် ချထားပေးစေလိုကြောင်း ပဲခူးတိုင်းဒေသကြီး အရှိုချင်းအ မျိုးသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဒုတိယဥက္ကဋ္ဌဆလိုင်း အေးပိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းရင်းသားရေးရာကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ချပေးရာတွင် မြို့နယ်တစ်ခု၏ ကျေးရွာ အနည်းအများအပေါ် မူတည် ချထားပေးစေလိုကြောင်း ပဲခူးတိုင်းဒေသကြီး အရှိုချင်းအ မျိုးသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဒုတိယဥက္ကဋ္ဌဆလိုင်း အေးပိုင်က ပြောသည်။

အောက်တိုဘာ ၁၈ ရက်က ပြည်မြို့ ခေတ္တရာမြို့တော်ခန်းမ ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသ ကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ဖွယ်စေးနှင့် အရှိုချင်း တိုင်းရင်းသားများ တွေ့ဆုံပွဲတွင် ဆလိုင်းအေးပိုင်က ထိုသို့ပြော ကြားခဲ့သည်။

‘‘ကျွန်တော်ကပေါက်ခေါင်း မြို့နယ်မှာ ချင်းနဲ့ကရင်နှစ်ခုရဲ့ တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌလုပ်ရပါတယ်။ အဲဒီမှာ မနှစ်ကမြို့နယ် တစ်ခုချင်းစီအတွက် သာ လျာထားပြီးရန်ပုံငွေ ကျပ်ဆယ် သိန်းချထားပေးတယ်။ တချို့မြို့ နယ်မှာ တိုင်းရင်းသားရွာတစ်ရွာပဲ ရှိတယ်။ တချို့မြို့နယ်မှာကျတော့ ရွာလေးဆယ်ကျော်တာရှိ တယ်။ အဲဒီတော့ ကျေးရွာများတဲ့ မြို့နယ်မှာ ဒီရန်ပုံငွေကို ပြန်လည် မျှဝေ သုံးစွဲရတာခက်ခဲတယ်’’ ဟု ၎င်းက ပြောသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ရန်ပုံငွေချထားပေးမည်ဆိုပါက မြို့နယ်အဆင့် တိုင်းရင်းသားရေး ရာ ကော်မတီများနှင့် ဦးစွာညှိနှိုင်း ပြီးမှသာ ချထားပေးစေလိုကြောင်း ၎င်းကပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း တွင် ကရင်တိုင်းရင်းသားများနေ ထိုင်သည့် မြို့နယ် ၂၆ ခု၊ ရှမ်းတိုင်းရင်းသားများ နေထိုင်သည့်မြို့ နယ် ၁၀ ခု၊ ချင်းတိုင်းရင်းသားများ နေထိုင်သည့် မြို့နယ်ရှစ်ခု၊ ပအိုဝ်း တိုင်းရင်းသားများ နေထိုင်သည့် မြို့နယ်ငါးခု၊ မွန်တိုင်းရင်းသား များနေထိုင်သည့် မြို့နယ်နှစ်ခုနှင့် ကယားတိုင်းရင်းသားများ နေထိုင်သည့် မြို့နယ်တစ်ခုရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ တိုင်းရင်သားရေးရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများ ကို အခွင့်အရေးတူညီစွာ သုံးစွဲ နေပြီး ပြည်ထောင်စု အစိုးရက ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် သိန်းနှစ်ထောင်ချထားပေး ကြောင်း ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး နော်ဖွယ်စေးက ပြော သည်။ ‘‘ဘတ်ဂျက်ချပေးတဲ့အခါ ဘတ်ဂျက် စည်းမျဉ်းစည်းကမ်း တော့ရှိပါတယ်။ တိုင်းရင်းသား တွေရဲ့ စာပေနဲ့ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်လာဖို့ အခုလာမယ့်နွေ ရာသီ မွမ်းမံသင်တန်းတွေ အ တွက် မြို့နယ်တစ်ခုကို ရန်ပုံငွေ ကျပ်ဆယ်သိန်းစီ ချပေးပါတယ်’’ ဟု ၎င်းကပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း အရှိုချင်းတိုင်းရင်းသားများနေ ထိုင်ရာ မြို့နယ်ပေါင်း ရှစ်ခုရှိ သည်။ စာသင်ကျောင်း ၇၈ ကျောင်းတွင် ဆရာ၊ ဆရာမ ၁၄၇ ဦးက ကျောင်းသားကျောင်းသူ ၃,၂၀၀ ကျော်အား ကျောင်းချိန် ပြင်ပတွင်အရှိုချင်း အမျိုးသားစာ ပေ သင်ကြားပေးနေသည်။

 ‘‘အဓိက အခက်အခဲက တော့ အရှိုချင်းစာပေသင်ကြား ရေး ပုံနှိပ်စာအုပ်မလောက်ဘူး။ ထပ်မံပုံနှိပ်ပေးတာမျိုး မရှိတော့ ဆရာလက်ကိုင်နဲ့ပဲ သင်ရတဲ့အ တွက် အခက်တွေ့တယ်’’ ဟု ပန်း တောင်းမြို့နယ်မှ အရှိုချင်းစာပေ သင်ကြားပေးနေသည့် ဆရာဆ လိုင်းမိုးဇော်ဝင်းက ပြောသည်။

========================
251 / End