၂၈ အောက်တိုဘာ ၂၀၁၇ - ၁၇:၃၀
ကိုယ်စားလှယ်များ မေးခွန်း၊ အဆိုတင်သွင်းရာတွင် စည်းကမ်းချက်များလိုက်နာရန် လွှတ်တော်ဥက္ကဋ္ဌသတိပေး

ကိုယ်စားလှယ် များအနေဖြင့် အဆိုနှင့် မေးခွန်း များ တင်သွင်းဆွေးနွေးရာတွင် ကန့်သတ်ချက်၊ စည်းကမ်းချက် များ လေးစားလိုက်နာရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကိုယ်စားလှယ် များအနေဖြင့် အဆိုနှင့် မေးခွန်း များ တင်သွင်းဆွေးနွေးရာတွင် ကန့်သတ်ချက်၊ စည်းကမ်းချက် များ လေးစားလိုက်နာရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။

‘‘ကျွန်တော်တို့ ကိုယ်စား လှယ်တွေအနေနဲ့လည်း အဆိုကို တင်သွင်းဆွေးနွေးတဲ့အခါမှာ အဆိုနဲ့ပတ်သက်တဲ့ ကန့်သတ် ချက်၊ စည်းကမ်းချက် ဆွေးနွေးရ မယ့် ကျင့်ဝတ်တွေကို လေးစား လိုက်နာဖို့ ဒီနေရာကနေ တစ်ပါ တည်း အသိပေးလိုပါတယ်’’ဟု ၎င်းက အောက်တိုဘာ ၂၇ ရက် ၌ ကျင်းပသည့် လွှတ်တော်အ စည်းအဝေးတွင် ပြောသည်။

ငွေစက္ကူပေါ်တွင် ဗိုလ်ချုပ် အောင်ဆန်းပုံရိုက်နှိပ်ရန် အဆို တင်သွင်းပြီး ယင်းအဆိုကို ဆွေးနွေးရန် အတည်ပြုပြီးနောက် ဦးဝင်းမြင့်က အထက်ပါအတိုင်း  ပြောကြားခြင်းဖြစ်သည်။

ယခင်က ငွေစက္ကူပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ် ရန် မေးခွန်းမေးမြန်းခဲ့ဖူးပြီး ယခု တင်သွင်းခြင်းသည် အဆိုဖြစ်ကာ ဆွေးနွေးဖူးသည့် အဆိုမဟုတ်၍ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ၎င်း က ပြောသည်။

လက်ရှိပြုလုပ်နေသည့် ဘာ သာပေါင်းစုံ ဆုတောင်းပွဲတွင် မြန်မာ့ယဉ်ကျေးမှုဖြင့် မကိုက်ညီ သည့် လုပ်ဆောင်ချက်များ ဖြစ် ပေါ်နေ၍ အစိုးရအနေဖြင့် ထိန်း သိမ်းပေးရန် အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက အောက်တို ဘာ ၂၆ ရက်၌ တင်သွင်းရာ လွှတ်တော်က ပယ်ချသည့် ဖြစ်စဉ်ရှိခဲ့ သည်။

လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၁၅၇ (ဃ)နှင့် ၁၅၇ (င) တွင် နိုင်ငံရေးကိစ္စကို ဘာသာ သာသနာကိစ္စနှင့် ရောယှက်တင် သွင်းသည့် အဆိုမဖြစ်စေရ၊ ၁၅၇ (စ)တွင် ဥက္ကဋ္ဌက ခွင့်မပြုသေး သော မည်သည့်အဆိုကိုမျှ ထုတ် ပြန်ကြေညာခြင်းမပြုရ၊ ၃၉ (ဃ) တွင် နိုင်ငံရေးပါတီတစ်ခုခုကို ထိပါးပုတ်ခတ်ပြောဆိုခြင်းမပြုရ၊ ၁၆၃ (င)တွင် လွှတ်တော်၌ တင် သွင်းဆွေးနွေးခြင်းကို ခွင့်မပြုနိုင် သော ကိစ္စတစ်ရပ်မဖြစ်ရဟု ပြဋ္ဌာန်းထား၍ ကိုယ်စားလှယ်များ အနေဖြင့် လိုက်နာရမည့် တာဝန် ရှိကြောင်း ဦးဝင်းမြင့်က ပြော ကြားသည်။

ထို့ကြောင့် လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် စည်းကမ်းသေ ဝပ်စွာ ကြီးကြပ်ရသည့် တာဝန် ရှိကြောင်း ၎င်းက ပြောသည်။

‘‘ဒီတာဝန်ကို ကျေပွန် အောင် ထမ်းဆောင်ဖို့ဆိုရင် ကျွန် တော်တို့အဆိုနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက် တွေကိုလည်း စိစစ်ရတာရှိပါ တယ်’’ဟု ဦးဝင်းမြင့်က ပြော ကြားသည်။

========================
251 / End