၃၀ အောက်တိုဘာ ၂၀၁၇ - ၂၀:၂၉
အစိုးရနှင့်တပ်မတော် ယုံကြည်မှုတည်ဆောက်ရာတွင် ထင်ရှားသည့်ရလဒ်များ မရသေးဟုဆို

အစိုးရနှင့် တပ်မတော် တို့ကြား နားလည်ညီညွတ်ရန် ကြိုးစားနေသော်လည်း ထင်ရှား သည့်ရလဒ်များမရသေးသည်ကို တွေ့မြင်ရကြောင်း ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုများပါဝင် သည့် နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီ ဦးဆောင်ကော်မ တီအဖွဲ့ဝင် ဦးမင်းဇေယျက ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရနှင့် တပ်မတော် တို့ကြား နားလည်ညီညွတ်ရန် ကြိုးစားနေသော်လည်း ထင်ရှား သည့်ရလဒ်များမရသေးသည်ကို တွေ့မြင်ရကြောင်း ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုများပါဝင် သည့် နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီ ဦးဆောင်ကော်မ တီအဖွဲ့ဝင် ဦးမင်းဇေယျက ပြော ကြားသည်။

‘‘ယုံကြည်မှုကို မတည် ဆောက်ဘဲနဲ့ ဟန်ပြသင့်မြတ်ရေး လုပ်တယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်တယ်။ အခုဟာက ထင်ရှားတဲ့ရလဒ်တွေ မပေါ်သေး ဘူး’’ ဟု ၎င်းကဆိုသည်။

ကမ္ဘာကြီးကို ခြိမ်းခြောက်နေ သော အကြမ်းဖက်များနှင့်လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဆွေး နွေးပွဲကို အောက်တိုဘာ ၂၆ ရက် က M3 စားသောက်ဆိုင်တွင် ကျင်းပရာ ဦးမင်းဇေယျက အထက်ပါအတိုင်း ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် အစိုးရအဖွဲ့ကအမျိုး သားရင်ကြားစေ့ရေးကို သွားနေ သည့်ကာလတွင် တပ်မတော်နှင့် အစိုးရ နှစ်ဦးနှစ်ဖက်အကြား အောင်မြင်ကျေနပ်ဖွယ်ကောင်း သည့် အနေအထားမရှိသေး ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအ သင်း အတွင်းရေးမှူးဦးအောင် မျိုးကျော်ကလည်း ပြောသည်။

‘‘အစိုးရနဲ့ တပ်မတော်ကြား အလုံးစုံပြေလည်နေတဲ့ အဆင့် ထိတော့ မဟုတ်သေးဘူး။ ရပ်နေ တာမဟုတ်ဘူး။  သွားတော့ သွား နေကြတယ်။ ဒါပေမဲ့ ကျွန်တော် တို့မျှော်မှန်းတဲ့ နေရာတော့ မရောက်သေးဘူးလို့တော့ ပြော လို့ရတယ်’’ ဟု ၎င်းကပြောသည်။

ဒီချုပ်အစိုးရနှင့် တပ်မတော် တို့ ယုံကြည်မှုပိုမိုထားပါက အ ကြမ်းဖက်ဖြစ်စဉ်တွင်သာမက ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်ရာ တွင် အဆင်ပြေမှုများရရှိလာမည် ဟု ဦးမင်းဇေယျက ပြောသည်။

‘‘တပ်ခေါင်းဆောင်နဲ့ အစိုးရ ခေါင်းဆောင်တွေ ဟန်ချက်ညီညီ စည်းစည်းလုံးလုံး လုပ်နိုင်ရင် ပို ထိရောက်တယ်။ လက်ရှိ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အတွက် ဒေါ် အောင်ဆန်းစုကြည်လုပ်ဆောင် နေတာကတော့ အစိုးရနဲ့ တပ်မ တော်သင့်မြတ်ရေးအတွက် ဖော် နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရနဲ့တပ်မတော်ယုံကြည်မှု မရဘူးဆိုရင် နောက်တစ်ဆင့် တွေမှာ သွားလို့မလွယ်ဘူး။ ငြိမ်း ချမ်းရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ အ ကြမ်းဖက်ကိစ္စတပ်နဲ့အစိုးရနဲ့ ဟန်ချက်မညီဘူးဆိုရင် လုပ်လို့ မရဘူး’’ ဟု ဦးမင်းဇေယျကပြော သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်ဖြစ် ပေါ်နေသော အကြမ်းဖက်မှုဖြစ် စဉ်များနှင့်ပတ်သက်ပြီး ပြည်ထဲ ရေးဝန်ကြီးဌာန၊ နယ်စပ်ရေး ရာဝန်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့ကို သမ္မတက စီမံခန့်ခွဲရာတွင် အဟန့်အတား တစ်ခုအဖြစ်ရှိနေကြောင်း ၎င်းက သုံးသပ်သည်။

ယင်းဆွေးနွေးပွဲတွင် ဦးမင်း ဇေယျနှင့်အတူ နိုင်ကျဉ်းဟောင်း များဖြစ်သည့် ဦးဝင်းမော်(ရွှေသံ စဉ်)၊ ဦးညိုထွန်းနှင့် ဦးရဲကျော်စွာ တို့ပါဝင်ဆွေးနွေးခဲ့သည်။

========================
251 / End