အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယီအား နိုင်ငံ တော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့က နိုဝင်ဘာ ၁၉ ရက်တွင် သီးခြားစီလက် ခံတွေ့ဆုံခဲ့ပြီး ရခိုင်အရေးအပါ အဝင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးထင် ကျော်နှင့် တရုတ်နိုင်ငံခြားရေးဝန် ကြီးတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးလုပ် ငန်းများ တိုးမြှင့်ဆောင်ရွက်နေမှု များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံ တော်သမ္မတရုံးက သတင်းထုတ် ပြန်သည်။
တရုတ်နိုင်ငံသည် နိုင်ငံတ ကာမျက်နှာစာ၌ မြန်မာနိုင်ငံအား အိမ်နီးချင်းကောင်းမိတ်ဆွေရင်း နိုင်ငံကြီးပီသစွာ ဘက်စုံ၊ ကဏ္ဍ စုံတွင် ကူညီဆောင်ရွက်ပေးမှုများ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။
ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဝမ်ယီတို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တစ်ခုတည်းသော ရပ်ဝန်းတစ်ခုတည်း သော လမ်းကြောင်း(One Belt-One Road) စီမံကိန်း၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာဝမ်ယီတို့ ရှေ့မှောက် တွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မွမ်းမံရေးစီမံကိန်း၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းသ ဘောတူညီချက်စာချွန်လွှာများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာဟုန်းလျန်နှင့် တာဝန်ရှိသူများက လဲလှယ်ကြ သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းက ပါ ဝင်ကူညီရမည်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယီကပြော ကြားသည်။
ရခိုင်ပြည်နယ် အကျပ်အ တည်းကို ဖြေရှင်းရေး တရုတ်နိုင်ငံတွင် အဆင့်သုံးဆင့်ဖြင့် ဖြေရှင်း ရေး စီမံကိန်းတစ်ရပ်ရှိသည်ဟု မစ္စတာဝမ်ယီက သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။
‘‘ပထမဆုံးအနေနဲ့ အပစ်အ ခတ်ရပ်စဲဖို့နဲ့ တည်ငြိမ်အေးချမ်း မှု ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ လူတွေ ထွက်ပြေးတာ ရပ်တန့်ပြီး ငြိမ်း ချမ်းစွာ နေထိုင်နိုင်မှာ ဖြစ်ပါ တယ်’’ဟု မစ္စတာဝမ်ယီက ပြော သည်။
‘‘ဒုတိယအဆင့်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား အပြန် အလှန်ထိတွေ့ဆက်ဆံမှု ပိုမိုခိုင် မာရေးသက်ဆိုင်တဲ့ သူအားလုံးက အားပေးထောက်ခံသင့်ပါတယ်။ တူညီတဲ့ အခြေခံနဲ့ တိုင်ပင်ဆွေး နွေးမှုတွေကတစ်ဆင့် ပြဿနာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေ ဖို့ ဖြစ်ပါတယ်’’ဟု မစ္စတာဝမ်ယီ က ဆက်လက်ပြောသည်။
တတိယအဆင့်တွင် ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် နိုင်ငံတကာအသိုင်းအဝိုင်း က ပါဝင်ကူညီရေးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
‘‘ရခိုင်ပြည်နယ်ဟာ သဘာ ဝအရင်းအမြစ်တွေ ကြွယ်ဝပေမယ့် လုံလောက်တဲ့ ဖွံ့ဖြိုးတိုးတက် မှု မလုပ်ထားပါဘူး။ ဒီဒေသမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဖို့ ပါဝင်ကူ ညီကြဖို့ နိုင်ငံတကာအသိုင်းအ ဝိုင်းကို တိုက်တွန်းပါတယ်။ တရုတ်နိုင်ငံကလည်း တစ်ခန်း တစ်ကဏ္ဍပါဝင်ဖို့ စိတ်အားထက် သန်ပါတယ်’’ဟု မစ္စတာဝမ်ယီ က ဆက်လက်ပြောကြားသည်။
မြန်မာခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က မြန်မာနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးကို ချီးကျူးပြောကြားသည်။
‘‘တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဟာ အရွယ်အစား၊ အင်အား အလွန်ကွာခြားပေမယ့် နှစ်ဦးနှစ် ဖက်နားလည်မှုရှိတဲ့နေရာမှာ တူ ညီတဲ့တန်ဖိုးတွေနဲ့အတူ မိတ်ဆွေ နိုင်ငံတွေဖြစ်ကြပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
ယမန်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော်ဒါကာ၌ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဘင်္ဂါလီပြဿနာကို မြန် မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက သာ ဖြေရှင်းသင့်ပြီး ပြင်ပအဖွဲ့အ စည်းများ မပါဝင်သင့်ဟုသတင်း ထောက်များအား ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးတိုးတက်မှုရရှိရန် တရုတ်က ကူညီပံ့ပိုးမှုများ လုပ်ဆောင်မည်ဟု ဝမ်ယီက ဆက်လက်ပြောကြားကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံးထုတ်ပြန်ချက်တွင် ဖော် ပြသည်။
ပူးတွဲသတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပြီး ယင်းလိုအပ်ချက်များ ကို ကြိုးပမ်းဆောင်ရွက်ရာ၌ တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်ကူညီမှုများသည် အလွန်အရေးပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ရှုပ်ထွေးနက်နဲသိမ်မွေ့သည့် ကိစ္စရပ်များအပေါ် နားလည်မှုပေး သဖြင့် မြန်မာနိုင်ငံက တန်ဖိုးထားကြောင်း ပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် နိုဝင်ဘာ ၂၁ နှင့် ၂၂ ရက်တွင် နေပြည်တော်၌ ကျင်းပ မည့် အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံခရီးစဉ်မတိုင် မီ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက် ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်တွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဝမ်ယီဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
========================
251 / End
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်တို့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသီးခြားစီတွေ့ဆုံ ရခိုင်ပြည်နယ် အကျပ်အတည်းကို အဆင့်သုံးဆင
၂၀ နိုဝင်ဘာ ၂၀၁၇ - ၁၇:၄၅
News ID: 868054
တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယီအား နိုင်ငံ တော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့က နိုဝင်ဘာ ၁၉ ရက်တွင် သီးခြားစီလက် ခံတွေ့ဆုံခဲ့ပြီး ရခိုင်အရေးအပါ အဝင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး ခဲ့သည်။