အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေရပ်စွန့်ခွာ ထွက်ပြေးသွား သူများကို ဥပဒေနှင့်အညီ ပြန်လည်လက်ခံ ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေး ထိုးရန်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။
နေပြည်တော်၌ ကျင်းပခဲ့သည့် အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအပြီး နိုဝင်ဘာ ၂၁ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာ မြန်မာအစိုးရနှင့် ဘင်္ဂ လားဒေ့ရှ်အစိုးရတို့အကြား ဆွေးနွေးမှုအခြေ အနေကို မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ထည့်သွင်းဖြေကြားခဲ့ကြောင်း အတိုင်ပင်ခံရုံးက နိုဝင်ဘာ ၂၁ တွင် ထုတ်ပြန်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှု များစွာ ပြုလုပ်မည်ဖြစ်ပြီး ရခိုင် ဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကို ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်းလုပ်ဆောင် မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ် လောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရ အကြား ဆွေးနွေးမှု အမြန်ဆုံး သဘောတူညီချက်ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
‘‘အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးကလည်း ဒီမှာ ရောက်နေတယ်ဆိုတော့ ကျွန်မ တို့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူ တွေနဲ့ သေသေချာချာ ဆွေးနွေး ပြီးတော့ အမြန်ဆုံးနားလည်မှုရ နိုင်မယ်လို့၊ သဘောတူညီမှု ရနိုင် မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေ မဲ့ တိတိကျကျတော့ ဘယ် လောက်လဲဆိုတော့ ဖြေဖို့ခက်ပါ တယ်’’ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများကို ပြန်လည်လက်ခံရေး နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် (MoU) လက်မှတ်ရေးထိုးရန် နှစ်နိုင်ငံ ခေါင်းဆောင်များက ကြိုးပမ်း နေပြီး ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ယနေ့ (နိုဝင်ဘာ ၂၂ ရက်)တွင် တွေ့ဆုံ ရန် စီစဉ်ထားသည်။
မြန်မာအစိုးရက ထွက်ပြေး တိမ်းရှောင်သည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံရေး ၁၉၉၂ သဘောတူညီချက်ပါ အချက် အလက်များကို အခြေခံထားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများရှိကြောင်း စွပ် စွဲမှုများနှင့်ပတ်သက်၍ လတ် တလောတွင် အကြမ်းဖက်မှုရှိ သည်ဟု မကြားသိရကြောင်းနှင့် မဖြစ်ပေါ်စေရေး အစိုးရက တာဝန်ယူ ထိန်းသိမ်းရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
နိုဝင်ဘာ ၂၀ နှင့် ၂၁ ရက် တို့တွင် ကျင်းပခဲ့သော အာရှ- ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (အေဆမ်)တွင် နိုင်ငံများအကြား အပြန်အလှန် ဆက်ဆံမှု ပိုမိုကောင်းမွန်ရန်၊ ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် စသည့် ကဏ္ဍများကိုသာမက ရခိုင်ပြည်နယ်အရေးလည်း အဓိ က ဆွေးနွေးသည့်အကြောင်း အရာဖြစ်ခဲ့ကြောင်း ဥရောပသမဂ္ဂ (အီးယူ) အကြီးအကဲက သတင်း စာရှင်းလင်းပွဲ၌ ပြောသည်။
အစည်းအဝေး ကာလ အတွင်း တက်ရောက်လာသော နိုင်ငံအများစုက ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ တတ်နိုင် သမျှ ကူညီရန် စိတ်အားထက် သန်ကြကြောင်းနှင့် ငွေကြေးအရ ထောက်ပံ့မှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။
‘‘တစ်နိုင်ငံတည်းတော့ ဘာ မှ လုပ်မရဘူး။ ကျွန်မတို့အနေနဲ့ ဒါကို တစ်ဆင့်ချင်း တိုးတက်သွား တဲ့ အခြေအနေဖြစ်အောင် လုပ် ဆောင်ဖို့ဖြစ်ပါတယ်’’ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
အဆိုပါ အေဆမ်အစည်း အဝေး၌ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် ဥရောပသမဂ္ဂအပါ အဝင် အဖွဲ့ဝင်နိုင်ငံ ၅၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေ သည့် ဘင်္ဂါလီများ ငြိမ်ချမ်းစွာနှင့် လုံခြုံစွာ ပြန်လာရေးတတ်နိုင်သမျှ မြန်ဆန်စွာဆောင်ရွက်ရန် တိုက် တွန်းကြသည်။
မြန်မာအစိုးရ လက်ရှိ ဆောင်ရွက်နေသည့် ကိစ္စရပ်များ ကို ဆက်လက်လုပ်ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးများက တိုက် တွန်းပြီး မတည်ငြိမ်မှုများ ထပ်မံ မဖြစ်ပေါ်ရန် လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့ကြောင်း အီး ယူအကြီးအကဲက သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။
‘‘ထွက်ပြေးတိမ်းရှောင်သူ များ နေရပ်ပြန်ရေးနှင့်ပတ်သက် ပြီး နိုင်ငံတကာကလည်း အကူ အညီပေးနိုင်ရန် ဆောင်ရွက်သွား မှာဖြစ်ပါတယ်’’ဟု အဆိုပါအီးယူ အကြီးအကဲက ဆက်လက်ပြော ကြားသည်။
ထွက်ပြေးတိမ်းရှောင်နေသူ များနှင့်ပတ်သက်၍ လူသားဆန် သည့် ဆောင်ရွက်ချက်များကို ဆက်လက်အကောင်အထည် ဖော်ရန် အစည်းအဝေးတက် ရောက်လာသည့် နိုင်ငံခြားရး ဝန်ကြီးများက တိုက်တွန်းခဲ့ပြီး မြန်မာအစိုးရ လက်ရှိဆောင်ရွက် နေမှုများကို အားပေးကြောင်း အီး ယူအကြီးအကဲက ဆိုသည်။
အေဆမ်အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ နိုင်ငံ ခြားရေးဝန်ကြီးများအပါအဝင် အကြီးအကဲများ၏ နှစ်နိုင်ငံချင်းစီ သီးခြားတွေ့ဆုံမှု အစည်းအဝေး အကြိမ် (၉၀)ခန့် ပြုလုပ်ခဲ့ကြောင်း အစည်းအဝေးကို ပံ့ပိုးကူညီလုပ် ဆောင်နေသည့် အီးယူက ဆိုသည်။
အထက်ပါ သတင်းစာရှင်း လင်းပွဲကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့်အတူ အီးယူအကြီးအကဲ နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးတို့က ပါဝင်ရှင်းလင်းခဲ့သည်။ အဖွဲ့ဝင် စပိန်နိုင်ငံသည် လာမည့် ၂၀၁၉ ခုနှစ် အေဆမ်အစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်သည်။
========================
251 / End