၂၅ နိုဝင်ဘာ ၂၀၁၇ - ၁၇:၄၆
ပုပ်ရဟန်းမင်းကြီးခရီးစဉ် နိုင်ငံတော်အဆင့်လုံခြုံရေးယူထားကြောင်း ရန်ကုန်မြို့တော်ဝန်ပြော

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဖိတ်ကြားချက်အရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံ ချစ်ကြည်ရေးလာရောက်မယ့် ခရီးစဉ်ကို နိုင်ငံတော်အဆင့် လုံခြုံရေးယူထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဖိတ်ကြားချက်အရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံ ချစ်ကြည်ရေးလာရောက်မယ့် ခရီးစဉ်ကို နိုင်ငံတော်အဆင့် လုံခြုံရေးယူထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

“လုံခြုံရေးအင်အားကို လိုအပ်သလိုအကုန်ချထားတယ်။ အသေးစိတ်ကိုတော့ ပြောလို့ မရပါဘူး။ ထောင့်စေအောင်ချထားတယ်။ နိုင်ငံတော်အဆင့် ပွဲဖြစ်တာကြောင့် နိုင်ငံတော်အဆင့် လုံခြုံရေးပါ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက် ကနေ ၃၀ ရင်အထိ ၄ ရက်တာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်မှာပါ။

အဆိုပါ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၉ ရက် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ခရီးစဉ်အတွင်း နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း သီးခြားစီ တွေ့ဆုံသွားမှာပါ။

========================
251 / End