အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးတို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါ ဝင်လာပြီး ရေရှည်ငြိမ်းချမ်းရေး ရရှိရန် ဆွေးနွေးခဲ့ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌဦးဆောင် သည့် အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် နံနက်တွင် နေပြည်တော်၌ တစ်နာရီခန့် တွေ့ဆုံခဲ့သည်။
‘‘ရေရှည် ငြိမ်းချမ်းရေး အတွက် အမြင်သဘောထားတွေ ဖလှယ်တာပါပဲ။ ကျွန်တော်တို့ တစ်ဖွဲ့ချင်းကိစ္စကို မဆွေးနွေး ဘူး။ အခု ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ရှေ့ဆက်သွားနိုင်ဖို့ အဲဒါ တွေပါပဲ’’ဟု ပဒိုစောကွယ်ထူး ဝင်းက ပြောသည်။
အဆိုပါ တွေ့ဆုံမှုနှင့်ပတ် သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့သည်ထာဝရငြိမ်းချမ်းရးအတွက် ဆက်လက် ဆောင်ရွက်နိုင်မည့် အလားအလာအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း ပါရှိသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင်ပါဝင်လာရေး ကြိုး စား ဆောင်ရွက်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ ဆုံစဉ် ဆွေးနွေးခဲ့ပြီး KNU က လည်း ဆက်လက်ကြိုးစားမည် ဟု ပဒိုစောကွယ်ထူးဝင်းက ပြော သည်။
လက်ရှိ NCA စာချုပ်သည့် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအကြား အမြင့်ဆုံး သဘောတူညီမှုရရှိ ထားသည့် စာချုပ်ဖြစ်သည့်အပြင် အပစ်ရပ်စဲပြီးနောက် ငြိမ်းချမ်း ရေးတည်ဆောက်ရန် နိုင်ငံရေး ဆွေးနွေးမည်ဆိုသည့် အာမခံ ချက်လည်းရှိထား၍ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ တောင်းဆိုထားသည့် တောင်းဆို ချက်နှင့် ကိုက်ညီကြောင်း ပဒို စောကွယ်ထူးဝင်းက ပြောသည်။ ထို့ ကြောင့် NCA လက်မှတ်ထိုးရန် ကျန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင် လက်မှတ်ထိုးသင့်ကြောင်း ၎င်း က တိုက်တွန်းသည်။
KNU အဖွဲ့သည် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားနိုင်သည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး NCA လက်မှတ်ထိုးရှစ်ဖွဲ့တွင် လည်း ဦးဆောင်မှုအခန်းကဏ္ဍကို ရရှိထားသည်။ KNU ဥက္ကဋ္ဌသည် အပစ်ရပ်ရှစ်ဖွဲ့ ထိပ်သီးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST)၏ ဥက္ကဋ္ဌ ဖြစ်သည်။
========================
251 / End
တပ်ချုပ်နှင့် ကေအင်န်ယူဥက္ကဋ္ဌတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သော ရေရှည် ငြိမ်းချမ်းရေးရရှိရေး တွေ့ဆုံဆွေးနွေး
၂၉ နိုဝင်ဘာ ၂၀၁၇ - ၁၅:၃၈
News ID: 869885
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးတို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါ ဝင်လာပြီး ရေရှည်ငြိမ်းချမ်းရေး ရရှိရန် ဆွေးနွေးခဲ့ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။