၁ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၁၂
တရုတ်အစိုးရ၏အထူးဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တရုတ်သို့သွားရောက် အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်အဖြစ် သွားရောက်ခြင်းဟု ဦးဇော်ေ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားချက်အရ တရုတ် နိုင်ငံ ဘေဂျင်းမြို့သို့ ယမန်နေ့ညနေတွင် ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားချက်အရ တရုတ် နိုင်ငံ ဘေဂျင်းမြို့သို့ ယမန်နေ့ညနေတွင် ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏အလုပ်သဘောချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်သမ္မတစီကျင်းပင်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဘေဂျင်း မြို့၌ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ် အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့် ခွန်းပြောကြားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူတို့ လိုက်ပါသွားသည်။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ် ပြီးဆုံးမည့် အချိန်ကာလကို ထပ်မံသတင်းထုတ်ပြန်ပေးမည်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ်အနေဖြင့် တက်ရောက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် မေလက တရုတ် သမ္မတ စီကျင်းပင်၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံသို့ ငါးရက် ကြာ သွားရောက်ခဲ့ပြီး အစိုးရတာ ဝန်များ လွှဲပြောင်းယူပြီးနောက် ၂၀၁၆ သြဂုတ်ကလည်း တရုတ် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ သည်။

 ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြား မည့် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့လည်း နိုဝင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။  

နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင် ဘာ ၃ ရက်အထိ ကျင်းပမည့် ယင်းအစည်းအဝေးအတွက် နိုင်ငံ ပေါင်း ၁၂၀ ကျော်ရှိ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ရန် မှတ်ပုံတင်ထားကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ယင်းအစည်းအဝေးကို CPCဗဟိုကော်မတီ အတွင်းရေးမှူး ချုပ် စီကျင်းပင်က ကြီးမှူးကျင်းပ ခြင်းဖြစ်သည်။

========================
251 / End