၁၀ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၄၇
NVC လုပ်ငန်းစဉ်အပေါ် ခြိမ်းခြောက်သူများကို ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း အစိုးရထုတ်ပြန်

နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား(NVC) ထုတ်ပေးရေး လုပ်ငန်းစဉ်အပေါ် ဟန့်တား၊ နှောင့်ယှက်၊ ခြိမ်း ခြောက်မှုများ စုံစမ်းဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံပိုင်မီဒီယာများက ဒီဇင်ဘာ ၈ ရက်စွဲဖြင့် သတင်းထုတ်ပြန် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား(NVC) ထုတ်ပေးရေး လုပ်ငန်းစဉ်အပေါ် ဟန့်တား၊ နှောင့်ယှက်၊ ခြိမ်း ခြောက်မှုများ စုံစမ်းဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံပိုင်မီဒီယာများက ဒီဇင်ဘာ ၈ ရက်စွဲဖြင့် သတင်းထုတ်ပြန် သည်။

NVC ထုတ်ပေးရေးလုပ်ငန်း စဉ်တွင် ကူညီဆောင်ရွက်ပေးနေ သည့် ဘင်္ဂါလီကျေးရွာတာဝန်ခံ တစ်ဦးနေအိမ်၌ သတ်ဖြတ်ခံရမှု ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားရာ အစိုးရက ယင်းသို့သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မောင်တော မြို့နယ် ဒုညောင်ပင်ကြီးကျေးရွာ တာဝန်ခံရော်ဖိတ်အာမန်(ခ)ရော် ဖိရာမန်၏ နေအိမ်သို့ ဒီဇင်ဘာ၅ ရက် နံနက်က ဘင်္ဂါလီနှစ်ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်၊ ဓားဖြင့်ထိုးခုတ်သဖြင့် ရော် ဖိတ်အာမန်(ခ) ရော်ဖိအာမန် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ရေးကော်မတီက ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများက သတင်း ထုတ်ပြန်ရာတွင် ရော်ဖိတ်အာမန် သည် NVC ထုတ်ပေးရေးလုပ်ငန်း စဉ်တွင် အင်တိုက်အားတိုက်ပါ ၀င်ကူညီဆောင်ရွက်ပေးနေသ ဖြင့် ARSA အစွန်းရောက်အ ကြမ်းဖက်သမားများက လာ ရောက် သတ်ဖြတ်ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

သတ်ဖြတ်သူနှစ်ဦးကို ဖမ်း ဆီးရမိရေး မကျီးချောင်းနယ်မြေ စခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၄၊ လူသတ်မှု၊ ပူးပေါင်းကြံစည် မှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

ရခိုင်ပြည်နယ်တွင် ၁၉၉၃ က ထုတ်ပေးထားသော ယာယီ သက်သေခံလက်မှတ် (၀ှိုက် ကတ်)များသည် ၂၀၁၅ မေလ ၃၁ ရက်က သက်တမ်းကုန်ဆုံးခဲ့ သည်။ ထို့ကြောင့် ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေအရ စိစစ်ဆဲ ကာလအတွင်း နိုင်ငံတွင်းနေထိုင် သူအဖြစ် အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် NVC ကတ်များ ကို ၂၀၁၅ ဇွန်လ ၁ ရက်ကစ၍ ထုတ်ပေးနေခြင်းဖြစ်သည်။

NVC လုပ်ငန်းစဉ်အပါအ၀င် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု ကြောင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး သုံးဦးထက်မနည်း ပျောက်ဆုံးနေ ကြောင်း အစိုးရကထုတ်ပြန်ထား သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ၇၅၉,၆၇၂ ဦးအ နက် သတ်မှတ်ရက်အတွင်း ပြန် လည်အပ်နှံသူ ၄၆၉,၁၈၃ ဦးရှိ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်ထား သည်။ရခိုင်ပြည်နယ်တွင် ယာယီ သက်သေခံလက်မှတ်ပြန်လည် အပ်နှံသူ ၃၉၇,၄၉၇ ဦးအနက် ၆,၀၀၀ ကျော်ကို NVC ကတ်ပြား များ ထုတ်ပေးပြီးဖြစ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ချက်၌ ဖော်ပြထား  သည်။

========================
251 / End