အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးစားသူ များအပေါ် စွဲဆိုထားသည့်အမှု နှစ်ခု ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် တရားလိုများက ဒီဇင်ဘာ ၂၆ ရက် ရုံးချိန်းတွင် ရုံးတော်သို့ လျှောက်ထားခဲ့သည်။
တရားစွဲဆို ခံထားရသူများ သည် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေမည့် ရည်ရွယ်ချက် မတွေ့ရှိခြင်းနှင့် နှစ်နိုင်ငံချစ် ကြည်ရေးကို ရှေးရှု၍ တရားလို ဘက်က အမှုကို ရုပ်သိမ်းခဲ့ ကြောင်း စွပ်စွဲခံထားရသူများ၏ ရှေ့နေများက မီဒီယာများအား ဖြေကြားသည်။
သို့သော် ၎င်းတို့လေးဦးသည် လေယာဉ်အက်ဥပဒေပုဒ်မ-၁၀ ဖြင့် ထောင်ဒဏ် နှစ်လ ချမှတ်ခံ ထားရသည်။တရားလိုတစ်ဦးဖြစ်သူ ဇမ္ဗူ သီရိမြို့နယ် စခန်းမှူးရဲအုပ်ထွန်း ထွန်းဝင်းက ထောင်ဒဏ် သုံးနှစ် အထိ ချမှတ်ခံရနိုင်သော ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် စွဲဆို ထားသည့် အမှုကိုလည်းကောင်း၊ မြို့နယ် လ၀က ဒုတိယဦးစီးမှူး ဦးဌေးဝင်းက လ၀ကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် စွဲဆိုထားသော အမှုကို လည်းကောင်း ရုပ်သိမ်းကြောင်း မြို့နယ်တရားသူကြီးထံ တင်ပြ လျှောက်ထားခဲ့သည်။
‘‘အထက်ကညွှန်ကြားချက် နဲ့ ဒီအမှုကို ရုပ်သိမ်းဖို့တင်ခဲ့တာ ပါ’’ဟု တရားလိုဖြစ်သူ ရဲအုပ် ထွန်းထွန်းဝင်းက ဆိုသည်။
အမှုကို ပြန်လည်ရုပ်သိမ်း ခွင့်လျှောက်ထားရန် ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာ ၂၆ ရက် နံနက်တွင် တယ်လီဖုန်းဖြင့် ညွှန်ကြားလာကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူ လေးဦးအနက် ကိုအောင်နိုင်စိုး နှင့် ယာဉ်မောင်း ကိုလှတင်တို့နှစ် ဦးသည် ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် အမှုရင်ဆိုင် နေရ သည်။ အလားတူ မလေးရှား နိုင်ငံသူ မိုချိုလင်နှင့် စင်ကာပူ နိုင်ငံသား လင်ဟုန်မန်တို့မှာမူ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ-၈ အပြင် လ၀ကဥပဒေပုဒ်မ-၁၃(၁)တို့ဖြင့် တရားရင်ဆိုင်နေရသည်။
လက်ရှိစွဲဆိုသော အမှုကို တရားလိုနှစ်ဦးက ရုပ်သိမ်းပေး ရန် တင်ပြလာသော်လည်း တရားရုံးလုပ်ထုံးလုပ်နည်းအရ ဒီဇင် ဘာ ၂၈ ရက် ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဟု စွပ်စွဲခံထားရသူ စကားပြန်ကိုအောင်နိုင်စိုးက မီဒီယာများအား ပြောသည်။
၎င်းတို့လေးဦးကို လက်ရှိ တွင် လေယာဉ်အက်ဥပဒေပုဒ်မ -၁၀ ဖြင့် ထောင်ဒဏ်နှစ်လချ မှတ်ထားပြီး ၂၀၁၈ ဇန်န၀ါရီ ၉ ရက်တွင် ပြစ်ဒဏ်ပြည့်မြောက် မည် ဖြစ်သည်။
‘‘ကျွန်တော်တို့ အမှုသည် တွေရဲ့ အပြောအရ ထောင်ပိုင် ကြီးရဲ့ လျှော့ရက်က လေးရက် ပေးထားပါတယ်တဲ့။ အဲဒီအ တွက် ဇန်န၀ါရီ ၅ ရက်မှာလွတ် မယ်ပေါ့။ သေချာပေါက်ကတော့ ၅ ရက်နေ့က လွတ်လာပါလိမ့် မယ်။ ဒါပေမဲ့ လွတ်လပ်ရေး လျှော့ရက်ရှိရင်တော့လည်း ၃ ရက်နေ့ လွတ်ချင်လွတ်မှာပေါ့ ဗျာ’’ဟု စွပ်စွဲခံထားရသူများ၏ ရှေ့နေဦးခင်မောင်ဇော်က ပြော သည်။
တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာန သတင်းထောက်နှစ်ဦး၊ မြန်မာ နိုင်ငံသား စကားပြန်ကိုအောင်နိုင် စိုးနှင့် ယာဉ်မောင်းဦးလှတင်တို့ လေးဦးတို့သည် နေပြည်တော်ရှိ လွှတ်တော်အနီးတွင် အောက်တို ဘာ ၂၇ ရက်က ဒရုန်းလွှတ်တင် ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရ သည်။
========================
251 / End
လွှတ်တော်ကို ဒရုန်းဖြင့်ရိုက်ရန် ကြိုးပမ်းသူများကို စွဲဆိုထားသော အမှုများ အထက်ညွှန်ကြားချက်ဖြင့် ပြန်လည်ရုပ်သိမ်း ပြစ်ဒဏ်နှစ်လ ကျခံ
၂၇ ဒီဇင်ဘာ ၂၀၁၇ - ၁၈:၂၄
News ID: 874535
နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးစားသူ များအပေါ် စွဲဆိုထားသည့်အမှု နှစ်ခု ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် တရားလိုများက ဒီဇင်ဘာ ၂၆ ရက် ရုံးချိန်းတွင် ရုံးတော်သို့ လျှောက်ထားခဲ့သည်။