၂၃ ဇန်နဝါရီ ၂၀၁၈ - ၁၉:၄၉
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့အ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့အား ပထမဆုံးအကြိမ်တွေ့ဆုံ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာမှ ပညာရှင်အ ချို့ပါဝင်သော ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပြုချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်  ရေး ကော်မတီ၏ အကြံပေးအဖွဲ့ အား ပထမဆုံးအကြိမ် ယမန်နေ့ က တွေ့ဆုံခဲ့သည်။

‘‘တစ်ခါမှ မဆုံဖူးသေးလို့ မိတ်ဆက်ကြတာ။ မနက်ဖြန် (ဇန်နဝါရီ ၂၃ ရက်)မှ ကျွန်တော်တို့ ဝန်ကြီးဌာနရုံးမှာ အပြန်အလှန် ဆွေးနွေးတာလုပ်မယ်။ ဒီဘက် က အကောင်အထည်ဖော်တာ တွေ ပြောပြမယ်။ သူတို့ကလည်း ဆွေးနွေးမယ်၊ နားထောင်မယ် ပေါ့’’ဟု ယင်းတွေ့ဆုံပွဲသို့ တက် ရောက်ခဲ့သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။

ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ဒေသအရေး အကြံပြုချက် များကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးဆောင်ပြီး အကောင်အ ထည်ဖော်နေရာ ယင်းကော်မတီ ကို အထောက်အကူပြုရန် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီ၏ အဖွဲ့ဝင် ၁၀ ဦးပါအကြံပေးအဖွဲ့အား ၂၀၁၇ ဒီဇင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

========================
251 / End