၃၁ ဇန်နဝါရီ ၂၀၁၈ - ၁၈:၂၉
တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းတွင် စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး မပါဝင်

ယမန်နေ့(ဇန်နဝါ ရီ ၃၀ ရက်)က ထုတ်ပြန်သည့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာစီမံ ကိန်းတွင် စစ်ဘက်ဆိုင်ရာ တရား စီရင်ရေး မပါဝင်ခြင်းသည် အရပ် ဘက်တရားရုံးမှ စီရင်ပိုင်ခွင့်မရှိ ခြင်းကြောင့်ဖြစ်ကြောင်း ယင်း တရားလွှတ်တော်ချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ယမန်နေ့(ဇန်နဝါ ရီ ၃၀ ရက်)က ထုတ်ပြန်သည့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာစီမံ ကိန်းတွင် စစ်ဘက်ဆိုင်ရာ တရား စီရင်ရေး မပါဝင်ခြင်းသည် အရပ် ဘက်တရားရုံးမှ စီရင်ပိုင်ခွင့်မရှိ ခြင်းကြောင့်ဖြစ်ကြောင်း ယင်း တရားလွှတ်တော်ချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောသည်။

နေပြည်တော် မြန်မာအ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင် တာ ၂ တွင် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ၂၀၁၈-၂၀၂၂ စာအုပ်ထုတ်ပြန်ရေးအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

ပြည်ထောင်စုတရားလွှတ် တော်ချုပ်က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် စာမျက်နှာ ၄၅ မျက်နှာပါ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း(၂၀၁၈ -၂၀၂၂) တွင် စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး မပါဝင်သည့်အ ပေါ် 7Day Daily က မေးမြန်းရာ ဒေါ်တင်နွယ်စိုးက ယခုကဲ့သို့ ပြန် လည်ဖြေကြားသည်။

ဒေါ်တင်နွယ်စိုးက ‘‘ပြည် ထောင်စုတရားစီရင်ရေးအာဏာ ကို ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရဲ့ တရားရုံးအဆင့်ဆင့် ကို ခွဲဝေပေးထားပါတယ်။ ခွဲဝေ ပေးတဲ့နေရာမှာ ကျွန်မတို့အနေနဲ့ ရှိတဲ့ စီရင်ပိုင်ခွင့်က ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးနဲ့ စစ်ဘက်တရား ရုံးတွေရဲ့ စီရင်ပိုင်ခွင့်အာဏာကို မထိခိုက်စေဘဲနဲ့ ကျင့်သုံးရမယ် လို့ ပြောတဲ့အတွက် လက်ရှိ ဖွဲ့ စည်းပုံအခြေခံဥပဒေက စစ်ဘက် ဆိုင်ရာ တရားရုံးနဲ့ အရပ်ဘက် ဆိုင်ရာ တရားရုံးက ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု တွေကို ဖြေရှင်းတဲ့ခုံရုံး ဒါတွေဟာ သီးခြားဖြစ်နေပါတယ်’’ဟု ပြော သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြောင့် ယင်းကဲ့သို့ အရပ်ဘက် တရားစီရင်ရေးနှင့် စစ်ဘက်တ ရားစီရင်ရေး သီးခြားစီနေသည် ဟု ဖြေကြားသည့်အပေါ် အခြေခံ ဥပဒေပြင်ဆင်ရန် အခြေအနေရှိ၊ မရှိ ထပ်မံမေးမြန်းရာ ယင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍဖြစ်ကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

========================
251 / End