၁၆ ဖေဖော်ဝါရီ ၂၀၁၈ - ၁၅:၂၆
ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရ ကြိုးပမ်းဆောင်ရွက်မှုများကို ကုလလုံခြုံရေးကောင်စီတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ရှင်းလင်း ပြန်လည

ရခိုင်ပြည်နယ် တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို လွယ်ကူလျင်မြန်စွာ ဖြေ ရှင်းနိုင်မည့် နည်းလမ်းမရှိကြောင်း နှင့် ပြဿနာကို ဖြေရှင်းရန် ပြည် သူများက ငြိမ်းချမ်းသာယာဝပြော သည့် ရခိုင်ပြည်နယ်ကို မည်သို့ ဖော်ဆောင်မည်ဆိုသော ခံယူ ချက်အပေါ်မူတည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ် တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို လွယ်ကူလျင်မြန်စွာ ဖြေ ရှင်းနိုင်မည့် နည်းလမ်းမရှိကြောင်း နှင့် ပြဿနာကို ဖြေရှင်းရန် ပြည် သူများက ငြိမ်းချမ်းသာယာဝပြော သည့် ရခိုင်ပြည်နယ်ကို မည်သို့ ဖော်ဆောင်မည်ဆိုသော ခံယူ ချက်အပေါ်မူတည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၌ ပြုလုပ်သည့် မြန်မာ နိုင်ငံ အခြေအနေနှင့်ပတ်သက် သော ရှင်းလင်းပွဲတွင် မြန်မာသံ အမတ်ကြီးက ယင်းသို့ ထည့် သွင်းပြောကြားကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာသံအမတ်ကြီးက ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ အစိုးရက ကြိုးပမ်း ဆောင်ရွက်နေသော တရား ဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကိုလည်းကောင်း၊ မောင်တောဒေသတွင် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး  ပြင်ဆင်ထားမှုများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြသည်။

လူ့အခွင့်အရေး ချိုးဖောက် ကြောင်း စွပ်စွဲချက်များနှင့်ပတ် သက်ပြီး မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်သော လုပ်ရပ်မှန် သမျှကို ခွင့်လွှတ်မည်မဟုတ်ဟု အတိအလင်း ပြောကြားပြီးဖြစ် ကြောင်းနှင့် ခိုင်လုံသော အထောက်အထားရှိပါက ပြစ်မှုကျူးလွန်သည့်မည်သူကိုမဆို ဥပဒေအရအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ရိုက်တာသတင်းဌာနက ပြီး ခဲ့သည့်နှစ် ဒီဇင်ဘာတွင် ဖော်ပြခဲ့ သည့် မောင်တောခရိုင် အင်းဒင် ကျေးရွာရှိ သင်္ချိုင်းတစ်ခုတွင် အလောင်း ၁၀ လောင်း တွေ့ရှိခဲ့ သည်ဆိုသော သတင်းနှင့်ပတ် သက်၍ တပ်မတော်ကအဆင့်မြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ သြဂုတ် ၂၅ရက်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု  ဖြစ်စဉ်များအပြီး ၂၀၁၇ စက်တင်ဘာ ၁ ရက်တွင် ARSA အကြမ်းဖက်တိုက်ခိုက်သူ ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို ရဲလက်သို့မအပ်ဘဲ စက်တင်ဘာ ၂ ရက်၌ သတ်ဖြတ်ခဲ့ပြီးကျေးရွာရှိ သင်္ချိုင်းတွင် မြှုပ်နှံခဲ့ကြောင်း၊ ထို့ကြောင့် လုပ်ထုံးလုပ်နည်းစည်းမျဉ်းများကို ဖောက်ဖျက်ခဲ့သည့် တပ်မတော်သား၊ ရဲအရာရှိနှင့် ရွာသားစုစုပေါင်း ၁၆ ဦးကို အရေးယူဆောင်ရွက်နေကြောင်း၊ တပ်မတော်၏ ယင်းလုပ်ဆောင်ချက်သည် တာဝန်ယူမှုရှိသည့် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ထောက်ခံအားပေးထိုက်ကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာအစိုးရသည် နိုင်ငံ တကာအသိုက်အဝန်း၏ အပြု သဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများကို ကြိုဆို ကြောင်းနှင့် သတင်းအချက် အလက်များအပေါ် သေချာစွာ ဆန်းစစ်ပြီးမှသာ အရေးကြီး သော စီရင်ဆုံးဖြတ်မှု၊ မူဝါဒဆိုင် ရာ ဆုံးဖြတ်ချက်များကို ချမှတ် ဆောင်ရွက်သင့်ကြောင်း ကုလ လုံခြုံရေးကောင်စီမှ တစ်ဆင့် ၎င်းက အသိပေးပြောကြားသည်။

ထို့အပြင် မူဝါဒချမှတ်ရေး လုပ်ငန်းစဉ်တွင် တစ်ဖက်သတ် ဆန်သော မီဒီယာများနှင့် လှုပ် ရှားသူများ၏ ဓားစာခံမဖြစ်သင့် ကြောင်း နိုင်ငံတကာ အသိုက် အဝန်းသို့ မြန်မာသံအမတ်ကြီးက အသိပေးသည်။

ပြီးခဲ့သည့် ခြောက်လ အတွင်း အကြမ်းဖက်သမားများ နှင့် ကြီးမားသည့် ထိပ်တိုက်ရင် ဆိုင်မှု မရှိခဲ့သော်လည်း အပြစ်မဲ့ ပြည်သူများအကြား ဝင်ရောက် ခိုလှုံနေသော ARSA အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်မှုအမြဲရှိနေကြောင်းနှင့် ရခိုင်ဒေသ အတွင်း အခြားသော အသိုက် အဝန်းများနှင့် သဟဇာတရှိစွာ နေထိုင်လိုသည့် ပြည်သူများကို ခြိမ်းခြောက်သတ်ဖြတ်ရန်  အကြမ်းဖက်သမားများက နှောင့် နှေးနေမည်မဟုတ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ထည့်သွင်းပြောကြားသည်။

မကြာမီက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ခေါင်းဆောင် နှစ်ဦး အသတ်ခံရမှုသတင်းသည် နေရပ်သို့ ပြန်လာလိုသူများကို အသိပေးခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

နေရပ်စွန့်ခွာသူများ ပြန် လည်ဝင်ရောက်လာရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်မှုသည် သိသာ စွာ တိုးတက်မှုရှိကြောင်းနှင့် မြန် မာအစိုးရအနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ ပံ့ပိုးဆောင်ရွက်မှုများကို လိုအပ်သည့် အချိန်တွင် ရယူမည်ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ရှင်းလင်း သည်။

========================
251 / End