၂၄ ဖေဖော်ဝါရီ ၂၀၁၈ - ၁၅:၅၃
NCA နှင့်အညီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး အားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဟု RCSS ထုတ်ပြန်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) နှင့်အညီ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ အောင်မြင် စေရေး အားလုံးနှင့် လက်တွဲပူး ပေါင်းဆောင်ရွက်မည်ဟု ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ကြေညာ ချက်ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) နှင့်အညီ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ အောင်မြင် စေရေး အားလုံးနှင့် လက်တွဲပူး ပေါင်းဆောင်ရွက်မည်ဟု ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ကြေညာ ချက်ထုတ်ပြန်သည်။

RCSS ဗဟိုဌာနချုပ်၌ ဖေ ဖော်ဝါရီ ၂၁ နှင့် ၂၂ ရက်တွင်ကျင်းပသော RCSS ၏ ဒုတိယ အကြိမ် ကွန်ဂရက်အပြီး ထုတ် ပြန်ကြေညာချက်တွင် ထိုသို့ဖော် ပြခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး ပိုမိုကျစ်လျစ်ခိုင်မာစေ ရန် သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ကြေညာသည်။

RCSS ကွန်ဂရက်သို့ ဗဟိုအ လုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များ၊ ဗဟို ကော်မတီဝင်များ စုစုပေါင်း ၂၄၀ ကျော် တက်ရောက်ပြီး လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို လာမည့် လေးနှစ်သက်တမ်းအ တွင်း ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေး ကောက်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

အဖွဲ့အစည်း၏ ရှေ့လုပ်ငန်း စဉ်များတွင် ပြည်သူလူထု၏ ဒေ သဖွံ့ဖြိုးတိုးရေးအတွက် ပညာ ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေး၊ ရေမီးရရှိရေး၊ တစ်နိုင် တစ်ပိုင်စီးပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တတ်နိုင်သမျှ ကြိုး ပမ်း ဆောင်ရွက်မည်ဟု RCSS က ဆိုသည်။

ထို့အပြင် RCSS တွင် တာ ဝန်ထမ်းဆောင်မည့် ရှမ်းအမျိုး သားဖြစ်စေ၊ အခြားတိုင်းရင်းသား ဖြစ်စေ လက်ကမ်းကြိုဆိုကြောင်း ဖိတ်ခေါ်သည်။

RCSS သည် ယခင်အစိုးရ လက်ထက် ၂၀၁၅ အောက်တို ဘာ၌ အခြားသော တိုင်းရင်း သား လက်နက်ကိုင်ခုနစ်ဖွဲ့နှင့်အ တူ NCA တွင် ပါဝင်လက်မှတ် ထိုးခဲ့သည်။

NCA ထိုးပြီးနောက်ပိုင်းတပ် မတော်နှင့် RCSS အကြား တိုက် ပွဲဖြစ်ပွားမှုများစွာ လျှော့ချနိုင်ခဲ့ သော်လည်း ၂ နှစ်ကျော်အတွင်း ၂၇ ကြိမ်ထက်မနည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ RCSS က ဦးဆောင်၍ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ မည့်နေရာ ကိစ္စအပါအဝင်နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး တပ်မတော်နှင့် RCSS တို့မပြေလည်မှုများရှိခဲ့သည်။

========================
251 / End