၂၄ မတ် ၂၀၁၈ - ၁၉:၀၇
နိုင်ငံရေးလောကကို လှုပ်ခတ်စေခဲ့သော ဦးတီခွန်မြတ်

ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းတစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် မဲပေးရမည်ဟု ဘယ်လို မျှပင် တွေးမထားခဲ့ဖူးကြောင်း ဒီချုပ်အမတ်တစ်ဦးက ဆိုသည်။ သို့သော် ခါးသီးသော ပြိုင်ဘက်ပါတီအား နှစ်ရှည်လများ သစ္စာခံသူတစ်ဦးကို သူမဲပေးခဲ့ရပြီဖြစ်သည်။ အမည်မဖော်လိုသူ ဒီချုပ်အမတ်က သူ၏ မိတ်ဆွေအချို့လည်း အလားတူပင်ဖြစ်ကြောင်း ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းတစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် မဲပေးရမည်ဟု ဘယ်လို မျှပင် တွေးမထားခဲ့ဖူးကြောင်း ဒီချုပ်အမတ်တစ်ဦးက ဆိုသည်။ သို့သော် ခါးသီးသော ပြိုင်ဘက်ပါတီအား နှစ်ရှည်လများ သစ္စာခံသူတစ်ဦးကို သူမဲပေးခဲ့ရပြီဖြစ်သည်။ အမည်မဖော်လိုသူ ဒီချုပ်အမတ်က သူ၏ မိတ်ဆွေအချို့လည်း အလားတူပင်ဖြစ်ကြောင်း ပြောသည်။

‘နိုင်ငံရေးတွင် အမြဲတမ်း ရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိ’ ဟူသောစကား မှန်ကန်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေး ချယ်ပွဲက သက်သေပြခဲ့သည်။

သို့သော် ‘မည်သူ့ကို မိတ် ဆွေဟု သတ်မှတ်လိုက်ပါ’ဟု ဆုံး ဖြတ်ပေးခဲ့သည်မှာ ပါတီခေါင်း ဆောင်ပိုင်းပင်ဖြစ်သည်။


‘ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားပေါင်ကျိုးတာ ဘာဆိုင်လို့လဲ’ဟု ပြောလေ့ရှိ သော်လည်း မြန်မာ့နိုင်ငံရေးတွင် ဆိုင်ခဲ့ပြီဖြစ်သည်။ သမ္မတဦးထင် ကျော် နုတ်ထွက်ခြင်းက ပြည်ခိုင် ဖြိုးအမာခံဟောင်း ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရန် ဖန်လာခဲ့သည်။

ဒီချုပ်အမတ် ၂၅၃ ဦးအထိ ရှိသည့် လွှတ်တော်တွင် ဒီချုပ် အမတ်မဟုတ်သည့် တစ်သီး ပုဂ္ဂလအမတ် ဦးတီခွန်မြတ်ဥက္ကဋ္ဌဖြစ်လာခြင်းက နိုင်ငံရေးရပ်ဝန်း၌ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သည်။

  တပ်မတော်အစိုးရလက် ထက်တွင် ပြည်သူ့စစ်ခေါင်း ဆောင်တစ်ဦး ဖြစ်ဖူးသူ၊ မူးယစ် ရာဇာတစ်ဦးအဖြစ် စွပ်စွဲခံရသူ၊ အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီ ၌် အရေးပါသော အခန်းကဏ္ဍ တစ်ခုမှ ပါဝင်လှုပ်ရှားသူ စသော ဦးတီခွန်မြတ်၏ အတိတ်များ ကြောင့်ဖြစ်သည်။ သို့သော် အတိတ်သည် အတိတ်မှာပင် ကျန်ခဲ့ပြီဖြစ်သည်။

ဒီချုပ်ပါတီ ခေါင်းဆောင် ပိုင်းသည် ဦးတီခွန်မြတ်၏ ဥပဒေ သမားအဖြစ် ဖြတ်သန်းမှု၊ သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌလက်ထက်က ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဖြတ်သန်းမှုနှင့် ဒီချုပ်လွှတ်တော်၏ ဒုဥက္ကဋ္ဌဖြတ် သန်းမှုတို့ကို မြင်တွေ့ခဲ့သည်။ မြစ်ဆုံနှင့်ပတ်သက်သည့် တာဝန်တစ်ခုတွင် ဥက္ကဋ္ဌရာထူးကို ပေးခဲ့သည်အထိ ဦးတီခွန်မြတ် အပေါ် ယုံကြည်မှုကို ပြသခဲ့သည်။

ရာထူးမှ နုတ်ထွက်ခဲ့သော ဦးဝင်းမြင့်၏ ဥက္ကဋ္ဌထိုင်ခုံတွင် အခြားပင်နီအမတ်တစ်ဦး နေရာ ယူသည်ကိုသာ မြင်တွေ့လို ကြောင်း ဒီချုပ်အမတ်များက ဆို သည်။ သို့သော် အမျိုးသားပြန် လည်သင့်မြတ်ရေး အကြောင်းပြ ချက်ဖြင့် ပါတီ၏ လမ်းညွှန်ချက် အရ ထောက်ခံမဲပေး ရွေးချယ်ခဲ့ သည်ဟု ပြောသည်။

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေးနှင့် ယှဉ်ပြိုင်ခဲ့ရ သော ဦးတီခွန်မြတ်သည် ဒီချုပ် အမတ် ၂၅၃ ဦးရှိနေသည့် လွှတ် တော်တွင် ထောက်ခံမဲ ၂၈၀ အထိရရှိခဲ့သည်။ သို့ဖြစ်ရာ ဒီချုပ် ပါတီဝင် အမတ်များသာမက ၎င်း ကို ဥက္ကဋ္ဌအဖြစ် မြင်တွေ့လိုသည့် အခြားပါတီဝင်အမတ်များ ရှိနေ သည့်သဘောဖြစ်သည်။

သို့သော် 7Day သတင်းစာ ၏ လိုက်လံမေးမြန်းချက်အရ ဒီချုပ်ကိုယ်စားလှယ်အချို့က ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နိုင် သူ ပါတီဝင်အမတ် အများအပြား ရှိသည့်ကြားမှ ပါတီဝင်မဟုတ်သူ ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီဝင် ဟောင်း၊ ဒီမိုကရေစီအရေး လှုပ် ရှားသူများ၏ ဆန့်ကျင်ဘက် အသိုက်အဝန်း၌ မွေ့လျော်ခဲ့သူ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တင် မြှောက်မှုအပေါ် သဘောမတွေ့ ကြပေ။

ဦးတီခွန်မြတ် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ နေရာပေးခဲ့ခြင်းသည် စွန့်စားလွန်းသည့် ဆုံးဖြတ်ချက် ဟူသော ဝေဖန်ချက်များ ပါတီ ပြင်ပတွင် ညံနေသည်။

ဦးတီခွန်မြတ်ကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဆုံးဖြတ်ချက်သည် Risk (စွန့်စားမှု)များသည့် ဆုံးဖြတ် ချက်ဖြစ်ကြောင်း အချက်လေး ချက်ဖြင့် တကောင်းနိုင်ငံရေးလေ့ လာမှုအဖွဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးရဲမျိုးဟိန်းက ထောက်ပြသည်။

 အရေးပါသည့်နေရာကို ပါတီတွင်း တာဝန်ထမ်းဆောင်နိုင် သူ မရှိ၍လား၊ ပါတီအပေါ် မည် မျှသစ္စာခံမည်နည်း၊ လွှတ်တော် ထဲမှ ပါတီဝင်များကို မည်သို့ ထိန်းကျောင်းမည်နည်း၊ ယခင်က ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်ခဲ့ သည်ဟု သတင်းထွက်ပေါ်မှုများဟူသည့် အချက်များဖြစ်ကြောင်း ၎င်းကဆိုသည်။

 နိုင်ငံရေးအသိုင်းအဝိုင်း၏ စိုးရိမ်မှုသည် ဦးတီခွန်မြတ်ဖြစ်သည်ကတစ်ကြောင်း၊ ရောက်သွား သည့်နေရာ၏ အရေးပါမှုကြောင့် တစ်ကြောင်းဖြစ်သည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးသည် နိုင်ငံတော်တွင် အဆင့် (၅)နေရာ ဖြစ်သည်။ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် လက်ကျန်သက်တမ်း ၂နှစ်ခွဲ၏ နာယကနေရာလည်းဖြစ်သည်။

‘‘တကယ့်အဓိကကျတဲ့ နေ ရာကို ကိုယ့်ပါတီက လူတစ် ယောက်ကို မပေးဘဲနဲ့ တခြား ပါတီက ကူးလာတဲ့လူတစ်ယောက် ကိုပေးလိုက်တယ်ဆိုတာဟာ စွန့် စားလွန်းရာ ကျမလားလို့မြင်မိ တယ်’’ဟု တိုင်းရင်းသားအမတ် တစ်ဦးက ပြောသည်။

 သူ၏ဇနီးဒေါ်ရင်မေသည် အငြိမ်းစား အထက်တန်းပြတစ်ဦး ဖြစ်သည်။ သားနှစ်ဦး၊ သမီးတစ် ဦးရှိပြီး နှစ်ဦးသည် အစိုးရဝန်ထမ်း များဖြစ်သည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ဦးတီခွန်မြတ်သည် ၁၉၅၀ ပြည့်နှစ်က ကွတ်ခိုင်၌ပင် မွေးဖွားခဲ့သည်။

ဦးတီခွန်မြတ်သည် ဥပဒေ ပညာရှင်ဖြစ်ပြီး ၁၉၇၆ တွင် ဥပဒေဝန်ထမ်းအဆင့် (၄)မှ စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်မှ ၂၀၀၀ ပြည့်အထိ အတွင်း ရှေ့နေချုပ်ရုံး ဥပဒေညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းမတိုင်မီ ကာလများက ၁၉၈၁ မှ ၁၉၈၄ အထိ ကွတ်ခိုင် မြို့နယ် ပြည်သူ့ကောင်စီ အလုပ် အမှုဆောင်၊ ၁၉၈၅မှ ၁၉၈၈ အထိ တောင်ငူမြို့နယ် ဥပဒေရုံး တွင် ဥပဒေဝန်ထမ်းအဆင့် (၃)၊ ၁၉၈၈ မှ ၁၉၉၀ အထိ ကွတ်ခိုင် မြို့နယ် မဝတ အတွင်းရေးမှူး စသည့်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

 ထို့အပြင် အဆိုပါကာလ များအတွင်းမှာပင် အရှေ့မြောက် တိုင်း စစ်ဌာနချုပ်၏ ကွပ်ကွဲမှု ဖြင့် ကွတ်ခိုင်ပြည်သူ့စစ် (ဌာနေ)၊ တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ခေါင်း ဆောင်အဖြစ် ပူးတွဲတာဝန်ယူခဲ့ သည်။ ထိုသို့ ပြည်သူ့စစ် ခေါင်း ဆောင်အဖြစ် ဆောင်ရွက်ခဲ့ချိန် မှာပင် မူးယစ်ရာဇာတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သည် ဟူသော စွပ် စွဲချက်များ ရှိခဲ့သည်။ ဦးတီခွန် မြတ်ကမူ ယင်းစွပ်စွဲမှုများကို ငြင်း ဆိုခဲ့သည်။

ဦးတီခွန်မြတ်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသည့် လက်ရှိ ပြည်ခိုင်ဖြိုး ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင် ဟိန်းကမူ အဆိုပါစွပ်စွဲချက်များ သည် လက်ဆုပ်လက်ကိုင် သက် သေပြစရာမရှိသော စွပ်စွဲချက် များဖြစ်သည်ဟုပြောသည်။ ယင်း ဒေသသို့ ကိုယ်တိုင်သွားရောက် လည်ပတ်ဖူးသော်လည်း စွပ်စွဲ ချက်များကို သက်သေပြနိုင်သည့် အချက်အလက်မတွေ့ခဲ့ရဟု သူ က ဆိုသည်။

‘‘လက်နက်ကိုင်ဆောင်တဲ့ ဒေသဖြစ်တဲ့အတွက် လက်နက် ကိုဗန်းပြပြီးတော့ ဒါတွေဒါတွေ လုပ်နိုင်တယ်လို့ သမုတ်နိုင်တဲ့ အနေအထားပဲရှိတယ်’’ဟု ဦးစိုင်း ငေါင်းဆိုင်ဟိန်းက ပြောသည်။

 ‘‘ပြည်သူ့စစ်နာမည်ခံနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတော် တော်များများက အဲဒီမူးယစ်ဆေး ဝါး လုပ်ငန်းနဲ့သိပ်ပြီးတော့ ကင်း ရှင်းတယ်ရယ်လို့ မရှိကြဘူးလေ’’ ဟု တအာင်း(ပလောင်)အမျိုးသား ပါတီ ဗဟိုအလုပ်အမှုဆောင် တာလှဖေက ဆိုသည်။

၂၀၀၇  တွင် ဦးတီခွန်မြတ် သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တို့၌ ပါဝင်ဆောင်ရွက်ခဲ့ပြန်သည်။ ပြည်ခိုင်ဖြိုးအသင်းဘဝကပင် ကွတ်ခိုင်မြို့နယ်တွင် အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သည့်၎င်းသည် ၂၀၁၀ရွေးကောက်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီဝင် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

ဦးတီခွန်မြတ်သည် အငြိမ်း စား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် လည်း ဆက်ဆံရေး ကောင်းခဲ့သူ အဖြစ် သုံးသပ်သူအချို့ ရှိသည်။

‘‘၂၀၀၈ မှာ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မရှင်မှာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာလည်းပါတယ်။ ဒါပေမဲ့ နောက်ပိုင်း လွှတ်တော်ထဲမှာကျ တော့ ဦးရွှေမန်းဂိုဏ်းဖြစ်သွား တာပေါ့’’ဟု ဦးရဲမျိုးဟိန်းက မှတ် ချက်ပြုသည်။

သူရဦးရွှေမန်းနှင့် ရင်းနှီး သည့် ဆက်ဆံရေးရှိ၍ ယခုကဲ့သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ် နိုင်ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့နှင့် မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်သည်။

ဦးရဲမျိုးဟိန်းက ‘‘ဦးရွှေမန်း က လက်ရှိ အင်န်အယ်လ်ဒီအစိုးရ အတွက် နောက်ကွယ်က မဟာ ဗျူဟာချပေးနေတဲ့ (Stratetist) ဖြစ်နေသလားလို့တောင် တွေး စရာဖြစ်လာတာပေါ့’’ဟု သုံးသပ် သည်။

ဦးတီခွန်မြတ်သည် ပထမ အကြိမ် လွှတ်တော်သက်တမ်း တွင် ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရာ ထိုစဉ်က လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နီးကပ်သော ပုဂ္ဂိုလ်ရေးဆက်ဆံ မှုရှိခဲ့ကြောင်း သီပေါအမတ် ဟောင်း ဦးရဲထွန်းက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က လည်း သူ့အပေါ်မှာ ယုံကြည်မှုရှိ တယ်။ ကျွန်တော်က အဲဒီလိုမျိုး မြင်တာပေါ့နော်။ ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့ကိစ္စတွေ ဘာတွေက လည်း တကယ်ကောင်းပါတယ်’’ ဟု ဦးရဲထွန်းက ဆိုသည်။

လွှတ်တော်အစည်းအဝေး အတွင်း သူရဦးရွှေမန်းနှင့် ပဋိ ပက္ခ ဖြစ်ခဲ့သော်လည်း ဦးတီခွန် မြတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပြန်လည် အဆင်ပြေခဲ့ကြောင်း ဦးရဲထွန်းက အတိတ်ကို ပြန် ပြောင်းပြောပြသည်။ ထို့အပြင် ဦးတီခွန်မြတ်သည် အနေအေးပြီး သဘောကောင်းသူတစ်ဦးဟု ၎င်းက မှတ်ချက်ပြုသည်။

 ဒီချုပ်အမတ်တစ်ဦးကမူ ဦးတီခွန်မြတ်သည် ဒေါ်အောင် ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ စကားကို နားထောင်မည့်သူ ဖြစ် ပြီး ၎င်းဥက္ကဋ္ဌဖြစ်ခြင်းမှာ ပြဿနာ မရှိဟု မှတ်ချက်ပေးသည်။

၎င်းသည် သူရဦးရွှေမန်း အပေါ် လေးစားစွာ ဆက်ဆံတတ် သည့်အပြင် ဒီချုပ်ပါတီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လေးလေးစားစား ဆက်ဆံလေ့ရှိသည်ကို မြင်တွေ့ ခဲ့ရကြောင်း ဦးရဲထွန်းက ပြော သည်။ ထိုသို့ မှတ်ချက်ပြုခံရသော် လည်း ပြည်ခိုင်ဖြိုးပါတီ အကွဲ အပြဲဖြစ်လာချိန် ပါတီမှ ထုတ် ပယ်ခံရသူများစာရင်းတွင် ဦးတီ ခွန်မြတ် မပါဝင်ခဲ့ပေ။

လွှတ်တော်သက်တမ်း တစ် နှစ်ကျော်တွင် ဦးတီခွန်မြတ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးသာ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ သြဂုတ် တွင်မူ ၎င်းက ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်တိုင်နုတ်ထွက်ခွင့်တောင်း၍ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ရပ်တည်ခဲ့သည်။ နုတ် ထွက်ခွင့်တောင်းခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက်မပေးကြောင်း ပြည်ခိုင်ဖြိုး ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီ နှင့် ဆက်ဆံရေး ပြတ်တောက်ခဲ့ရ သော သူရဦးရွှေမန်း၏ အထူး ကော်မရှင်နှင့် လုပ်ငန်းသဘော သဘာဝအရ ထိတွေ့ဆက်ဆံ နေရမှုကို ပါတီက အမြင်မကြည် လင်မှုများ ရှိလာခြင်းကြောင့် နုတ်ထွက်ခဲ့ကြောင်း ဦးတီခွန် မြတ်နှင့် နီးစပ်သည့် ကိုယ်စား လှယ်အချို့ကဆိုသည်။

စကားပြောအေးဆေးသည့် ကချင်အမျိုးသားကြီးသည် လူကြီး မျက်စိနောက်အောင် မနေတတ် သူလည်းဖြစ်သည်။ ဒီချုပ်လွှတ် တော်အစပိုင်းက ဒုဥက္ကဋ္ဌအဖြစ် လျာထားခြင်း ခံရစဉ်ကပင် ‘‘ဆောက်ဖြစ်မှ ကျောင်းဒကာပါ’’ ဟု သူကပြောခဲ့သည်။

ယခုတော့ ဆောက်ဖြစ်ရုံ တင်မက  ရေစက်ပါချပြီးသည့် သဘောပင်။

ဦးတီခွန်မြတ်က ဥက္ကဋ္ဌ အဖြစ် နုတ်ခွန်းဆက်စကားပြော ရာတွင် ‘‘ဥပဒေပြုရေးမဏ္ဍိုင်ဖြစ် တဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များက ကျွန်တော့်အား ပေးအပ်လိုက်တဲ့ အတွက် ဒီတာဝန်ကြီးကို ကျွန် တော့်အနေဖြင့်လည်း လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေစည်း မျဉ်း စည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့် အလမ်းများ ပွင့်လန်းလာစေရန်၊နိုင်ငံသားများရဲ့ အခြေခံ လူ့ အခွင့်အရေးများ ပိုမိုရရှိလာစေ ရန်တို့ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သမျှ ကြိုးပမ်းအားထုတ်မည်ဖြစ် ပါကြောင်း လေးနက်တည်ကြည် စွာ ကတိပြုပါတယ်’’ဟု ပြောသည်။

ဦးတီခွန်မြတ်၏ အဖြစ် သည် ဆန်းကြယ်သည်။ ဘဝ တစ်လျှောက်လုံး တပ်မတော် အစိုးရအတွက် ပေးဆပ်ခဲ့သမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင်မှ သူ့ဘဝ ၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ ခြင်းဖြစ်သည်

========================
251 / End