အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ် နိုင်ပါက အနားယူလိုကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို အလုပ်ကြိုးစားရန် မှာကြား သည်ဟု ယင်းပါတီ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောသည်။
ယမန်နေ့ (မတ်လ ၂၄ ရက်) ညက နေပြည်တော်ရှိ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် နေအိမ်၌ တည်ခင်းဧည့်ခံသည့် မိတ်ဆုံ စားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားသည်ဟု ဒေါက်တာမျိုးညွန့်က 7Day Daily သတင်းစာအား ပြောသည်။
‘‘အဓိကကတော့ ကျွန်တော်တို့တွေကြိုးစားကြဖို့ပေါ့ဗျာ။ ကျွန်တော်တို့က အလုပ်ကြိုးစားမယ်ဆိုရင်ပေါ့။ သူကတော့ ဖြစ်နိုင်ရင် အနားယူချင်တယ်ပေါ့’’ ဟု ၎င်း ကဆိုသည်။
ဦးဝင်းမြင့်သည် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နုတ် ထွက်ခဲ့ပြီး မတ်လ ၂၃ ရက်တွင် ရွေးကောက်ခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသဖြင့် မိတ်ဆွေ များကို ဖိတ်ကြား၍ ၎င်း၏နေအိမ် ၌ လူမှုရေးမိတ်ဆုံစားပွဲပြုလုပ် ဧည့်ခံခြင်းဖြစ်ကြောင်း ဒေါက် တာမျိုးညွန့်က ရှင်းပြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရအဖွဲ့ဝင်များသည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ကန့်သတ် ထားသည်။ သို့သော် အထက်ပါ တွေ့ဆုံပွဲသို့ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနှင့် ပြည် ထောင်စုဝန်ကြီး နှစ်နေရာယူထား သည့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းသည် ဥပဒေနှင့် လွတ်ကင်းကြောင်း ဒေါက်တာမျိုး ညွန့်ကပြောသည်။
လူမှုရေးမိတ်ဆုံစားပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လက်ရှိဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များနှင့် အနားယူထားသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
သို့သော် ယင်းပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများတက်ရောက်ခြင်း မရှိကြောင်း ၎င်းကပြောသည်။
========================
251 / End
အနားယူလိုကြောင်းနှင့် ဒီချုပ်စီအီးစီများ အလုပ်ကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည် မှာကြားဟု ဒေါက်တာမျိုးညွန့်ပြော
၂၅ မတ် ၂၀၁၈ - ၁၇:၅၅
News ID: 886928
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ် နိုင်ပါက အနားယူလိုကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို အလုပ်ကြိုးစားရန် မှာကြား သည်ဟု ယင်းပါတီ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောသည်။