၂၇ မတ် ၂၀၁၈ - ၁၇:၁၁
မည်သည့်အစိုးရ မည်သည့်ပါတီဦးဆောင်သည်ဖြစ်စေ တိုင်းပြည်အေးချမ်းဖွံ့ဖြိုးရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

တိုင်းပြည်ကိုမည်သည့် အစိုးရ၊ မည်သည့်ပါတီက ဦး ဆောင်သည်ဖြစ်စေ တိုင်းပြည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက် ရေးအတွက် တပ်မတော်မှ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မတ် လ ၂၆ ရက်တွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းပြည်ကိုမည်သည့် အစိုးရ၊   မည်သည့်ပါတီက  ဦး ဆောင်သည်ဖြစ်စေ တိုင်းပြည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက် ရေးအတွက် တပ်မတော်မှ ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မတ် လ ၂၆ ရက်တွင် ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပုံတူပန်းပုရုပ်တု ပေးအပ်လှူ ဒါန်းခြင်း အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တိုင်းပြည်တည်ငြိမ်အေး ချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု ငြိမ်းချမ်းစွာဖြင့် နေ ထိုင်လုပ်ကိုင်စားသောက်နိုင်ရန် တပ်မတော်က  ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နေမှုအပေါ် ပုံတူရုပ်တုလှူဒါန်း အသိအမှတ် ပြုခြင်းကို ကျေးဇူးတင်ကြောင်း လည်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ကြောင့် တိုင်းရင်းသားများ ဒုက္ခ ရောက်ရပြီး ဖွံ့ဖြိုးတိုးတက်မှု အခြားနိုင်ငံများထက် များစွာနောက် ကျခဲ့ရသဖြင့် ငြိမ်းချမ်းရေးရရှိ အောင် မဖြစ်မနေဆောင်ရွက်ကြ ရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တာဝန်ထမ်းဆောင်ချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ လက် နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိ လာခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုး တက်ကောင်းမွန်လာခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်မှုကို ဖော်ပြရန် အလှူရှင်များဖြစ်သည့် ဦးစောလှအေး၊ ဦးကျော်ကျော်နှင့် ပန်းပုပညာရှင် ဦးရဲရင့်နောင်လတ်တို့က ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုံတူရုပ်တု    လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ရုပ်တုကို မြိုင်ကြီး ငူဒေသ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်အနီး ပေါက်ရောက်နေ သော နှစ် ၁၀၀ ကျော်သက်တမ်း ရှိ ပိတောက်ပင်၏ ကျီးပေါင်းသား ဖြင့် ထွင်းထုထားပြီး အလေးချိန် တစ်တန်ခန့်ရှိ ယင်းရုပ်တု၏ တန်ဖိုးမှာ ကျပ်သိန်းတစ်ထောင်ခန့်ရှိ သည်။

ဦးသိန်းစိန် အစိုးရလက် ထက် ၂၀၁၂ တွင် ကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့(KNU) နှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးနောက် ပြည်နယ်အတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲများသိသာစွာ လျှော့ချနိုင် ခဲ့သည်။

ထို့နောက် ၂၀၁၅ တွင် KNU, DKBA နှင့် KNLA-PC စသည့် ကရင်တိုင်းရင်းသားလက် နက်ကိုင် သုံးဖွဲ့   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု    ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးခဲ့ပြီး KNU အ ဖွဲ့အစည်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် အစိုး ရ၊ တပ်မတော်ခေါင်းဆောင်များ နှင့် အကြိမ်အများဆုံး တွေ့ဆုံခဲ့ သည့်အဖွဲ့ဖြစ်သည်။

လက်ရှိအစိုးရလက်ထက် ၂၀၁၆ တွင် တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)ပူးပေါင်းအဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့တို့အ ကြား ကရင်ပြည်နယ် မဲသဝေါဒေသ၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ   စစ်ဘေးဒုက္ခ သည်    ငါးထောင်ကျော် မြိုင်ကြီးငူဘုန်းကြီးကျောင်း၌ ခိုလှုံခဲ့သည်။

ယခုနှစ် မတ်လတွင်လည်း ဖာပွန်ခရိုင် လယ်မူပလော ဒေသ တွင် တပ်မတော်မှလမ်းဖောက် လုပ်မှုအပေါ် KNU တပ်မဟာ (၅)မှ ကန့်ကွက်ခြင်းနှင့်ပတ်သက် ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ် မှု ဖြစ်ပွားခဲ့ရာ လူဦးရေနှစ်ထောင် ခန့် စစ်ဘေးဒုက္ခကြုံနေရကြောင်း KNU က သတင်းထုတ်ပြန်ထား သည်။ ယင်းကိစ္စပြေလည်မှု ရရှိရေး တပ်မတော်နှင့် KNU ကိုယ်စားလှယ်များသည် ယခုလကုန်ပိုင်းတွင် ကျောက်ကြီးမြို့နယ်၌ တွေ့ဆုံဆွေးနွေးရန် သဘောတူထားသည်။

========================
251 / End