အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော် ကိုယ်စားလှယ်များ ကျန်းမာရေး ဂရုစိုက်ကြရန်နှင့် ပြည်သူ့အ တွက် တာဝန်ကျေကြရန်နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က မှာကြား သည်။
ဇွန်လ ၇ရက်ညနေ ၆နာရီ ခန့်တွင် နိုင်ငံတော်သမ္မတအိမ် တော်၌ အမျိုးသားလွှတ်တော်ရှိ တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များက နိုင်ငံတော်သမ္မ တဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံစဉ် အတိုင်ပင် ခံက ယင်းသို့ အမှာစကားပြော ကြားကြောင်း တွေ့ဆုံပွဲသို့တက် ရောက်ခဲ့သည့် လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။
‘‘သမ္မတကြီးဦးဝင်းမြင့်က လွှတ်တော်ဥက္ကဋ္ဌတုန်းက ကိုယ် စားလှယ်တွေနဲ့ တွေ့မယ်ဆိုပြီး ပြောထားတာရှိတယ်။ တိုင်းဒေ သကြီး၊ ပြည်နယ်အလိုက်တွေ့ဆုံ နေတာ ကျွန်တော်တို့အလှည့် ရောက်လာလို့ တွေ့ဆုံဖြစ်ကြတာပါ’’ ဟု ၎င်းကပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ ဒေသအတွင်းလိုအပ်ချက်များ တင်ပြခြင်း၊ ဒေသအတွင်းရှိ အခက်အခဲများ ဖြေရှင်းပေးရန်တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောသည်။
‘‘ကိုယ်စားလှယ်တွေရဲ့တင်ပြမှုတွေကို သမ္မတကြီးက လည်း ဦးစားပေးဆောင်ရွက်ပေး သွားဖို့ပြောပါတယ်’’ ဟု သမ္မတ အိမ်တော်တွင် သွားရောက်တွေ့ ဆုံခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်ကပြောသည်။
နိုင်ငံတော်သမ္မတအိမ် တော်တွင် အမျိုးသားလွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များသည် ညစာသုံး ဆောင်ပြီးတွေ့ဆုံစကားပြောရာ အချိန်အားဖြင့် သုံး နာရီခန့်ကြာ မြင့်သည်။
‘‘ဒီလိုတွေ့ဆုံတာက ပါတီ ကိစ္စလည်းမဟုတ်ပါဘူး။ တိုင်း ရင်းသား လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ အလွတ်သဘောတွေ့ ဆုံပြီး စကားစမြည်ပြောဆိုကြ တာပါ’’ဟု သွားရောက်တွေ့ဆုံ ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ကပြောသည်။
=======================
251 / End
၈ ဇွန် ၂၀၁၈ - ၁၇:၂၂
News ID: 896760
လွှတ်တော် ကိုယ်စားလှယ်များ ကျန်းမာရေး ဂရုစိုက်ကြရန်နှင့် ပြည်သူ့အ တွက် တာဝန်ကျေကြရန်နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က မှာကြား သည်။