အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်နယ်အတွင်းရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုဒဏ်ခံစားခဲ့ရသည့် ရေ ဘေးသင့်ပြည်သူများထံ ဇွန်လ ၁၉ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသွားရောက်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီ၏ ပျက်စီးမှုအခြေအနေကို စစ်ဆေးခဲ့ပြီး ဘုရားပျက်စီးမှုအတွက် ဘိလပ်မြေအိတ် ၁,၀၀၀၊ ကျပ် ၇၈ သိန်း ကျော်နှင့် ရေဘေးသင့် ပြည်သူများထံသို့ စားသောက် ဖွယ်ရာများ လှူဒါန်းခဲ့သည်။
‘‘အုပ်ချုပ်သူများနဲ့ ပြည်သူ များပူးပေါင်းပါဝင်ဆောင်ရွက်ပါ က မပြီးနိုင်စရာမရှိဘူးလို့ ခံယူ ထားတယ်။ ကျိုက်သလ္လံစေတီ သည် သမိုင်းဝင်စေတီတစ်ဆူဖြစ် တဲ့အတွက် နိုင်ငံတော်က ပြုပြင် မယ်။ ရေရှည်တည်တံ့ဖို့အတွက် ငွေဘယ်လောက်ကုန်ကုန်ရှာဖွေ ကူညီမယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် ကျိုက်သလ္လံစေတီ အတွင်း ပျက်စီးမှုများကို ပြုပြင် ရန် ကျွမ်းကျင်သည့် အင်ဂျင်နီယာများကို ယခုခေါ်ယူလာကြောင်း၊ မြေထိန်းနံရံထိန်းသိမ်းရေးဆောင်ရွက်ပြီးနောက် စနစ်တကျပြုပြင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘မော်လမြိုင်မြို့နဲ့ တခြားမြို့ နယ်တွေ တော်တော်များများ အား လုံးရေဘေးကယ်ဆယ်ရေးစခန်း တွေ မရှိတော့ဘူး။ ရေးမြို့နယ်မှာ တော့ ကျန်သေးတယ်’’ဟု ဘိုဘို ၀င်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောသည်။
မွန်ပြည်နယ်အတွင်း မိုးရွာ သွန်းမှုကြောင့် ဇွန်လ ၁၇ ရက်ကစ၍ ရေကြီးရာ ရေဘေးသင့်ပြည်သူ ၇,၀၀၀ ကျော်ရှိပြီး ကျပ်သိန်း ၆,၀၀၀ ကျော်ဆုံးရှုံးခဲ့သည်။
ဇွန်လ ၁၉ ရက်တွင် ရေ ပြန်ကျသဖြင့် မော်လမြိုင်မြို့အပါအ၀င် အခြားမြို့နယ်များ၌ ရေဘေးကယ်ဆယ်ရေး စခန်းများဖျက်သိမ်းပြီး ရေးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း ဦးဘိုဘိုဝင်းက ဆိုသည်။
=======================
251 / End
၂၀ ဇွန် ၂၀၁၈ - ၁၆:၀၁
News ID: 898388
မွန်ပြည်နယ်အတွင်းရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုဒဏ်ခံစားခဲ့ရသည့် ရေ ဘေးသင့်ပြည်သူများထံ ဇွန်လ ၁၉ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသွားရောက်ခဲ့သည်။