အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စီမံကိန်းလုပ်ငန်းများနှင့် ဌာနတွင်း အသုံးစရိတ်များကို စိစစ်ချင့်ချိန်သုံးစွဲရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့တွင် သမ္မတအိမ်တော်၌ ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားသည်။
အစည်းအဝေးတွင် ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ အရအသုံးခန့်မှန်းခြေငွေစာ ရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင် ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးသုံး သပ်အတည်ပြုကြောင်း သမ္မတ ရုံးက ထုတ်ပြန်သည်။
‘‘ချင့်ချိန်ဝေဖန်နိုင်သည့် သာမန်ပုဂ္ဂိုလ်တစ်ဦးက မိမိပိုင် ငွေများကို သုံးစွဲရာတွင် ချင့်ချိန် သကဲ့သို့ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများအနေဖြင့် စီမံကိန်း လုပ်ငန်းများနှင့် ဌာနတွင်း အသုံး စရိတ်များကို သုံးစွဲတဲ့အခါ စိစစ် ချင့်ချိန်ပြီး သုံးစွဲရန် လိုအပ်ပါ ကြောင်း’’ သမ္မတက ညွှန်ကြား သည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် သည် ဒီချုပ်အစိုးရလက်ထက် တွင် ဘဏ္ဍာရေးနှစ် ပြောင်းလဲ ထားသော ပထမဆုံးဘတ်ဂျက် နှစ်ဖြစ်ပြီး ဦးဝင်းမြင့် သမ္မတ ရာထူးထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအ ဝေးလည်းဖြစ်သည်။
ဘဏ္ဍာရေးနှစ်ပြောင်းလဲ ဆောင်ရွက်ခြင်းကြောင့် ရရှိလာ မည့် အကျိုးကျေးဇူးသည် ပြောင်း လဲလုပ်ဆောင်ရန် သုံးစွဲရမည့် ကုန်ကျစရိတ်ထက် အဆများစွာ သာလွန်နိုင်ကြောင်းနှင့် နိုင်ငံ တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ပိုမိုဆောင်ကြဉ်းပေးနိုင် မည်ဟု ယုံကြည်ကြောင်း သမ္မတ က ဆိုသည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွက် အဆင့်ဆင့်စိစစ်ပြီးသည့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းချုပ်သည် ရငွေစုစု ပေါင်း ကျပ် ၂၀,၀၅၁ ဘီလီယံ၊ သုံးငွေစုစုပေါင်း ကျပ် ၂၄,၉၅၄ ဘီလီယံဖြစ်၍ လိုငွေ ကျပ် ၄,၉၀၃ဘီလီယံဖြစ်ကြောင်း၊ လိုငွေနှင့် ဂျီဒီပီအချိုးသည် ၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်ကြောင်း ဘဏ္ဍာ ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင် ပြသည်။
အဆိုပါ ရငွေ၊ သုံးငွေစုစု ပေါင်းသည် ပြည်ပအကူအညီ ရငွေ ကျပ် ၆၈၂ ဘီလီယံ၊ ပြည်ပ ချေးယူရငွေ ကျပ် ၂,၁၉၁ ဘီလီ ယံတို့ပါဝင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးငွေ ကျပ် ၁,၇၉၄ ဘီလီယံသည်လည်း သုံးငွေစုစု ပေါင်းတွင် ပါဝင်ပြီးဖြစ်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ရှင်းပြ သည်။
ဆက်လက်၍ ဒုသမ္မတ ဦးမြင့်ဆွေက ကြိုတင်မမျှော်မှန်း နိုင်သည့် သဘာဝဘေးအန္တရာယ် များ၊ အရေးပေါ်သုံးစွဲရမည့် ကိစ္စ ရပ်များအတွက် အရေးပေါ်ရန်ပုံ ငွေ ကျပ် ၁၀၀ ဘီလီယံနှင့် ယခု နှစ်တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကျပ် ၂၀ ဘီလီယံကို နိုင်ငံတော်က ထည့်သွင်းလျာထား ကြောင်း ပြောကြားသည်။
ထို့အပြင် ကော်မရှင် ဒုတိ ယဥက္ကဋ္ဌ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များကို စိစစ်ထားမှု အခြေအနေကို ဘဏ္ဍာရေးကော် မရှင်အစည်းအဝေးသို့ ရှင်းလင်း တင်ပြသည်။
သာမန်အသုံးစရိတ်များ တွင် လစာစရိတ်ချီးမြှင့်ငွေ အသုံး စရိတ်ကို စုစုပေါင်း သာမန်အသုံး စရိတ်၏ ၄၀ ရာခိုင်နှုန်းခန့် အများ ဆုံးသုံးစွဲထားပြီး ဒုတိယအဖြစ် ပြင်ဆင်ထိန်းသိမ်းစရိတ်များကို ၃၀ ရာခိုင်နှုန်းခန့် သုံးစွဲရန် လျာထားသည်ကို စိစစ်တွေ့ရ ကြောင်း ဒုသမ္မတ(၂) က ပြော သည်။
ကျန် ၃၀ ရာခိုင်နှုန်းကို ခရီး သွားလာစရိတ်၊ ပစ္စည်းများဝယ် ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့ အတွက် ကုန်ကျစရိတ်၊ ပညာရေး နှင့် လူမှုရေးအသုံးစရိတ်၊ ပင်စင်၊ ထောက်ပံ့ငွေအသုံးစရိတ်၊ ဆည် မြောင်းတာတမံ၊ ရေကန်၊ ရေ နုတ်မြောင်းနှင့် စိုက်ပျိုးရေးလုပ် ငန်းများအတွက် အသုံးစရိတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်လမ်းများအတွက် အ သုံးစရိတ်များကို သုံးစွဲထားသည် ကို တွေ့ရကြောင်း ၎င်းက ဆက် ပြောသည်။
ငွေလုံးငွေရင်း အသုံးစရိတ် များတွင် လမ်းတံတားတည် ဆောက်ရေး လုပ်ငန်းများအတွက် ၃၆ ရာခိုင်နှုန်း၊ ကျေးလက်လမ်း၊ ရေရရှိရေးနှင့် အခြားသောဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၃၈ ရာခိုင်နှုန်း၊ ရုံးအဆောက်အ အုံနှင့် ဝန်ထမ်းအိမ်ရာ တည် ဆောက်ခြင်းအတွက် ၁၆ ရာခိုင် နှုန်း၊ ရုံးသုံးစက်ပစ္စည်း၊ ပရိဘော ဂ၊ ရုံးသုံးယာဉ်နှင့် လုပ်ငန်းသုံး ယာဉ်များ ဝယ်ယူခြင်းအတွက် ၁၀ ရာခိုင်နှုန်း သုံးစွဲထားသည်ကို တွေ့ရှိကြောင်း ဦးဟင်နရီဗန်ထီး ယူက ရှင်းပြသည်။
ဆက်လက်၍ ဦးဟင်နရီဗန် ထီးယူက ပြည်ထောင်စုမှ တိုင်း ဒေသကြီး၊ ပြည်နယ်များသို့ စုစု ပေါင်း ထောက်ပံ့ပေးနိုင်မည့် ငွေ ရပ်သည် ကျပ် ၁,၇၉၃ ဒသမ ၁၀၀ ဘီလီယံဖြစ်ကြောင်း တင်ပြ သည်။
တိုင်းဒေသကြီး၊ ပြည်နယ် များမှ ရေးဆွဲတင်ပြလာသည့် ရသုံးခန့်မှန်းခြေငွေစာရင်းသည် စုစုပေါင်း ရငွေကျပ် ၁,၀၆၅ ဒသမ ၆၃၂ ဘီလီယံ စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၂,၈၅၈ ဒသမ ၇၃၂ ဘီလီယံနှင့် လိုငွေ ကျပ် ၁,၇၉၃ ဒသမ ၁၀၀ ဘီလီ ယံဖြစ်ကြောင်း ဒုသမ္မတ (၂) က ဆက်လက်တင်ပြသည်။
သို့သော် မြောင်းမြကြိုးတံ တား ပျက်စီးမှုကြောင့် ပြည်သူ များ သွားလာမှုလွယ်ကူစေရေး တစ်နှစ်စာကုန်ကျစရိတ် ကျပ် ၅၄၅ ဒသမ ၃၇၃ သန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျခံသုံး စွဲနိုင်ရေး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြလာ ကြောင်း ၎င်းက အစည်းအဝေး၌ ရှင်းပြသည်။
အဆိုပါငွေကို ထပ်မံတိုးမြှင့် ပေးပါက ပြည်ထောင်စုမှ တိုင်း ဒေသကြီး၊ ပြည်နယ်များသို့ စုစု ပေါင်း ထောက်ပံ့ပေးရမည့် ငွေ ရပ်မှာ ကျပ် ၁,၇၉၃ ဒသမ ၆၄၅ ဘီလီယံဖြစ်လာမည်ဟု ၎င်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို လမ်းညွှန်မှာကြားသည်။
သက်ဆိုင်ရာဌာန၊ အဖွဲ့အ စည်းများသည် ဌာနအတွက် အ သုံးစရိတ်တောင်းခံခြင်းများ ပိုမို များပြားနေသည်ကို တွေ့ရှိရ၍ အသုံးစရိတ်များကို ရေးဆွဲရာ တွင် သေချာစွာရေးဆွဲပြီး ဌာန အသုံးစရိတ်များကို အတတ်နိုင် ဆုံး လျှော့ချသုံးစွဲရန်နှင့် အကျိုး ရှိစွာ ထိထိရောက်ရောက်သုံးစွဲ ရန် နိုင်ငံတော်သမ္မတက မှာကြား သည်။
=======================
251 / End
စီမံကိန်းများနှင့် ဌာနတွင်း အသုံးစရိတ်များ စိစစ်ချင့်ချိန်သုံးစွဲရန် သမ္မတညွှန်ကြား အများအကျိုးရှိအောင် သုံးစွဲစေလိုဟု အတိုင်ပင်ခံ
၁၄ ဇူလိုင် ၂၀၁၈ - ၁၅:၄၈
News ID: 901714
စီမံကိန်းလုပ်ငန်းများနှင့် ဌာနတွင်း အသုံးစရိတ်များကို စိစစ်ချင့်ချိန်သုံးစွဲရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့တွင် သမ္မတအိမ်တော်၌ ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားသည်။