အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တီဟီရန် အေမာမ်မေ ဂျွန်မ်အဟ် ဟဇရသ် အာယာသွလ္လာဟ် မိုဝဟစ်ဒ်ဒီ ကေရ်မာနီ အနေဖြင့် ဤ အပတ်သောကြာနမာဇ် ၏ သောကြာခွသ်ဗာ တွင် ပြောကြားခဲ့သည်မှာ- အီရန်အီရတ် ၈ နှစ်တာ စစ်ပွဲ၏ နောက်ဆုံး ကာလ တွင် မိုနာဖေက် အကြမ်းဖက်သမားများ မှ မိမိတို့၏ ညံ့ဖျင်းသည်စိတ်များတွင် အီရန်ကို လွမ်း မိုးပြီး အစ္စလာမ်မီ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ပါတယ်။ သို့သော် (မေရ်ဆွာဒ်) စစ်ဆင်ရေး တွင် အီရန်၏ အစ္စလာမ် မီ စစ်ပြန်များ သိမြင်နားလည်မှု အပြည့် နှင့် စစ်ဗျူဟာ အပြည့်သုံးပြီး မိုနာဖေက်များ ကို အပြည့်အဝ ဖျက်သိမ်း တိုက်ထုတ်နိုင်ခဲ့ပါတယ်။
သိထားရမည်မှာ ယနေ့မှ စ၍ လွန်ခဲ့သည့် နှစ် ၃၀ ကျော်အရင် ဇူလိုင်လ ၂၇ ရက်နေ့ ၁၉၈၈ ခုနှစ် တွင်လည်း မိုနာဖေက် အကြမ်းဖက်သမားများ မှ အီရတ် နိုင်ငံ ၏ မျိုးသုဉ်း အာဏာ ရှင် ဆဒန်မ် ၏ ထောက်ခံ့ မှု ဖြင့် တိုက်ခဲ့ပါတယ်။ အီရန်၏ အစ္စလာမ် မီ စစ်ပြန်များ မှ ကေရ်မာန် ပြည်နယ်မှ (မေရ်ဆွာဒ်) စစ်ဆင်ရေး ကို စတင်ခဲ့ပါတယ်။
အီရန်၏ အစ္စလာမ် မီ စစ်ပြန်များ မှအီရန်နိုင်ငံ အနောက်ပိုင်း (မေရ်ဆွာဒ်)ဒေသ တွင် မိုနာဖေက် အကြမ်းဖက်များကို ၂ ရက်တာ ဝန်း ရံ ပြီး တိုက်ခိုက်ခဲ့ပါတယ်။မိုနာဖေက် အကြမ်းဖက် အယောက် ၂၀၀၀ခန့် ကို ကွပ်မျက်နိုင်ခဲ့ပါတယ်။ ဤသို့ဖြင့် အကြမ်းဖက်အဖွဲ့ ဟာ အကြီးအကျယ် အရှုံး နှင့်ရင်ဆိုင်ခဲ့ရပါတယ် ။
တီဟီရန် အေမာမ်မေ ဂျွန်မ်အဟ် ဟဇရသ် အာယာသွလ္လာဟ် မိုဝဟစ်ဒ်ဒီ ကေရ်မာနီ အနေဖြင့် ရှစ်ပါးမြောက်အေမာမ် ၊ အေမာမ် ရေဇာ (အ.စ) ၏ ဝေလာဒသ် အတွက် မိုဘာရတ် ပြောကြားပြီး သခင်ကြီးအနေဖြင့် မာမွန် ၏ အိမ်ရှေ့ မင်းသား ခန့်ထားမှုကို လက်ခံရသည့် အကြောင်းကို ရှင်းပြ ဟောကြားရင်း အေမာမ် ရေဇာ (အ.စ) အနေဖြင့် ထိုခေတ်ကာလ က ရှီအာ မဇ်ဟဗ် ၊ ဖေက်ကေဂျာအ်ဖရီ နှင့် ပတ်သက်သည့် သံသယ မေးခွန်း အမြောက်အများ ကို ဖြေ ရှင်းခဲ့ပါတယ် ။ တပည့် အမြောက်အများ ကို သွန်သင် မွေးထုတ်ပေးခဲ့ပါတယ် ။ဤသို့ဖြစ် တမန် တော် မြတ် မိုဟမ္မဒ် (ဆွ) ၏ စစ်မှန်သည့် သာသနာတော် ကို ပြန့်ပွား ရေး ကိစ္စ တွင် အလ္လာဟ် ဟို အရှင်မြတ် ပေးအပ်သည့် အေလာဟီ တာဝန် ကို ကျေပွန် စွာ ထမ်းဆောင်ခဲ့ပါတယ်။
တီဟီရန် အေမာမ်မေ ဂျွန်မ်အဟ် ဟဇရသ် အာယာသွလ္လာဟ် မိုဝဟစ်ဒ်ဒီ ကေရ်မာနီ အနေဖြင့် တက်ရောက်လာကြသည့် နမာဇ်ဝတ်ပြုသူများကို သက္က်ဝါယေအေလာဟီ ( အလ္လာဟ်ဟို အရှင်မြတ် အား ကြောက်ရန်စိတ် ) ထားရှိဖို့မေတ္တာရပ်ခံရင်း အီရန်ပါလီမန် နှင့် တရားရေးဆိုင်ရာ အရာရှိများ တာဝန်ခံများ အနေဖြင့် အီရန် ပြည်သူလူထု၏ ပြဿနာများ နှင့် အခက်အခဲများ ကို အမြန်ဆုံး ဖြေရှင်းရမည် ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။
=======================
251 / END