၃၀ ဇူလိုင် ၂၀၁၈ - ၁၅:၄၆
လူသေမှုကို ပြည်သူအချင်းချင်း ကျေအေးရုပ်သိမ်းခွင့်မရှိဘဲ တရားလိုသည် နိုင်ငံတော်ဖြစ်ဟု သမ္မတဦးဝင်းမြင့် ပြောကြား ပြည်သူစိတ်ဝင်စားသည

ပြည်သူအချင်းချင်း ဖြစ် ပွားသော သေမှုသေခင်းကို ကျေ အေးရုပ်သိမ်းခွင့်မရှိကြောင်းနှင့်လူသေဆုံးမှုတွင် တရားလိုသည် နိုင်ငံတော်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ပြည်သူအချင်းချင်း ဖြစ် ပွားသော သေမှုသေခင်းကို ကျေ အေးရုပ်သိမ်းခွင့်မရှိကြောင်းနှင့်လူသေဆုံးမှုတွင် တရားလိုသည် နိုင်ငံတော်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားသည်။

ရန်ကုန်တိုင်း လွှတ်တော် ဝင်းအတွင်း သမ္မတဦးဝင်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ တရားလွှတ်တော်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ ယမန်နေ့က တွေ့ဆုံပွဲတွင် သမ္မတက ယင်းသို့ညွှန်ကြားကြောင်း တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

‘‘တရားစီရင်ရေးနဲ့ ပတ် သက်ပြီး ပြည်သူ့ဘက်ကဖြစ်ရ မယ်။ ပြည်သူ့ဘဏ္ဍာတွေစားထား တာဖြစ်တဲ့အတွက်၊ ပြည်သူ့ဝန် ထမ်းတွေဖြစ်တဲ့အတွက် တရား ရေးက မှန်မှန်ကန်ကန်လုပ်ပေး ပါ။ ပြည်သူ့ဘက်က ရပ်တည်ပေး ပါဆိုတဲ့အရာကို စိတ်ထဲမှာထား ထားဖို့နဲ့ လစာမလုံလောက်ဘူးဆို ရင်လည်း နိုင်ငံတော်ကနေပြီး တော့ နေဖို့၊ ထိုင်ဖို့အတွက် စဉ်းစားထားတာတွေရှိတယ်။ သမ္မတ မကျေနပ်သွားတာကတော့ လူသတ်မှုတစ်ခုကို ကျေအေးလိုက်တာကို ပြန်ပြီးတော့ သုံးသပ်ဖို့အတွက်ကို ပြောသွားတယ်’’ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဒလမဲဆန္ဒနယ် အမှတ် (၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးထွေးတင်က ပြောသည်။

သမ္မတ ဦးဝင်းမြင့် ပြောကြား သည့်အမှုသည် သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို ရည်ညွှန်းပြောဆိုခြင်းဖြစ်နိုင်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက် ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

‘‘လူသေမှုကို ပြည်သူအချင်း ချင်း ကျေအေးပြီးတော့ လုပ်တာ ဟာ တရားဥပဒေစိုးမိုးရေးအ တွက် အရေးကြီးတဲ့အချက်ဖြစ် တယ်။ တကယ်တမ်းက ပြည်သူ အချင်းချင်းဖြစ်စေခဲ့လို့ တရားလို ဟာ နိုင်ငံတော်ဖြစ်တယ်။ နိုင်ငံ တော်ဘက်ကိုလည်း ပြန်ကြည့်ရ မယ်။ နိုင်ငံတော်က တရားဥပဒေစိုးမိုးရေးမှုအပိုင်းမှာ ပြစ်မှုတွေထပ်ပြီး မဖြစ်အောင် နိုင်ငံတော်က တရားလိုဖြစ်တယ်။ အဲဒီလိုသတ် မှတ်ပြီးတော့ကို စစ်ရမယ်ဆိုပြီး ပြောသွားတယ်’’ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ထို့အပြင် ပြည်သူအများ စိတ်ဝင်စားနေသည့် အမှုများကို ကြန့်ကြာခြင်းမျိုးမရှိဘဲ မြန်မြန် ဆန်ဆန်နှင့် အမှားအယွင်းမရှိ အောင် ဆောင်ရွက်ရန် သမ္မတ ဦးဝင်းမြင့်က ရန်ကုန်တိုင်းဒေသ ကြီး ဥပဒေပြုရေးအဖွဲ့ကို ညွှန် ကြားသည်။

ဖေ့စ်ဘွတ်ခ်ဆယ်လီ အောင်ရဲထွေး သတ်မှုဖြင့် စွပ်စွဲခံရသူသုံးဦးကို တရားစွဲဆိုပြီး ခြောက်လခန့်အကြာတွင် အမှုရုပ်သိမ်းခွင့်ပြုပြီး အရှေ့ပိုင်းခရိုင်တရားရုံးက ပြန် လည်လွှတ်ပေးခဲ့သည်။

‘‘သမ္မတပြောသွားတာ အ မှန်ပဲ။ ကျွန်တော်တို့က ပြောနေရ တာမောနေပြီ။ သမ္မတကြီးက အဲ ဒါကို လက်ခံပြီးတော့ ပြောလိုက် တာ တော်တော်ကောင်းသွား တယ်။ အဲဒီဟာကြီးက အမှုသစ် ကို ပြန်တည်ဆောက်ပြီးတော့ ပြန်စွဲရမှာ။ အခုတည်ဆောက်ပြီးသား အမှုက ပြတ်သွားပြီ။ မရတော့ ဘူး။ အခုအမှုက ပြတ်အောင် တည်ဆောက်ထားတာ။ အဲဒါကိုအမှုပြန်တည်ဆောက်ရမယ်၊ အမှုပြတ်အောင်လုပ်တဲ့ အမှုစစ် အဖွဲ့ကို အရေးယူရမယ်။ ဌာန ဆိုင်ရာက။ အမှုစစ်အဖွဲ့တွေ၊ ဥပဒေအရာရှိတွေကို အရေးယူရ မယ်။ ပြီးရင် အမှုသစ်ပြန်တည် ဆောက်ပြီးတော့ စွဲရမှာ’’ ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီး မြင့်က ပြောသည်။

စွပ်စွဲခံရသူသုံးဦးကို ဇူလိုင် ၂၅ ရက်က ရုံးထုတ်စဉ် ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ စာအရ အမှုရုပ်သိမ်းခွင့်ပြုသည် ဟု ပြန်ကြားလာသဖြင့် အမှုစစ် တရားသူကြီးက ရာဇဝတ်ကျင့် ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်းကာ ဖမ်းဆီးထားသူ သုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။

‘‘ကျွန်တော်တို့နိုင်ငံမှာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ အုတ်အော် သောင်းတင်းဖြစ်နေတယ်။ အခု ဖြစ်လာလို့ရှိရင် ပိုက်ဆံနဲ့ ပေါက် လို့ရရင်ရ၊ မရလို့ရှိရင် အင်အား သုံးမယ်၊ ခြိမ်းခြောက်မယ်၊ အင် တာနက် လူမှုကွန်ရက်တွေ အသုံး ပြုပြီးတော့ အရှက်တကွဲအကျိုး နည်းအောင်လုပ်မယ်။ အဲဒီလို နည်းတွေနဲ့ တရားစီရင်ရေးတိမ်း ပါးအောင် လုပ်နေတဲ့သူတွေရှိနေ တဲ့အတွက် အခုလို ပြန်လည်ဆန်း စစ်အရေးယူခြင်းဟာ ကောင်းတဲ့ ကိစ္စဖြစ်တဲ့အတွက် သမ္မတပြော စကားကို ထောက်ခံတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောသည်။

လက်ရှိတွင် တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူများက ထင်ရာစိုင်းလုပ်ဆောင်နေပြီး လက်ထဲပေးထားသော တရားစီရင်ရေး အာဏာကို အမွေရပစ္စည်းကဲ့သို့ သဘောထားနေကြောင်းလည်း ၎င်းက ဆိုသည်။

‘‘သူတို့ကို ဥပဒေအရည်းကြီး တွေလို့ခေါ်တယ်။ သူတို့ကို သမ္မတကြီးက ခွင့်မလွှတ်ဘဲ ထိထိရောက်ရောက် အရေးယူမယ်ဆိုတော့ ထောက်ခံတယ်’’ဟု ဦးရောဘတ် စန်းအောင်က ပြောသည်။

အချို့အမှုများသည် ကြန့် ကြာနေကြောင်း မီဒီယာများမှ တစ်ဆင့် ကြားသိနေရပြီး ကိုယ်တိုင်အမှုလိုက်သူဖြစ်၍ ကြန့်ကြာရသည့်အချက်များကို သိရှိကြောင်း၊ အမှုများကို ပြည်သူများ သွေးအေးပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ချိန်ရောက်မှ စီရင်ခြင်းရှိနေသဖြင့် ယင်းသို့မလုပ်ဆောင်ရန် သမ္မတ ဦးဝင်းမြင့်က ပြောသည်။

သမ္မတ ဦးဝင်းမြင့်သည် တရားလွှတ်တော် ရှေ့နေတစ်ဦး လည်းဖြစ်သည်။

အမှုစီရင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်၊ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် သက် သေစရိတ်များ ထုတ်ပေးခြင်းဖြစ် ပြီး သက်သေစရိတ် မှန်မှန်ထုတ် မပေးပါက အမှုမှန်ပေါ်ပေါက်ရန် ကြန့်ကြာမည်ဖြစ်၍ စရိတ်မှန်မှန် ထုတ်ပေးရန် သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားသည်။

ထို့အပြင် တရားရုံးများ အနေဖြင့် အမှုကို စီရင်ချက်ချရာ တွင် နှစ်ဖက်ထွက်ဆိုချက်များနှင့် နှစ်ဖက်သက်သေအထောက်အ ထားများပါစေရန်လည်း သတိပြုရမည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ထို့အပြင် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများသည် စိုးရိမ်စရာ မဟုတ်သလို ရန်သူမဟုတ်ကြောင်း၊ မိတ်ဆွေသာဖြစ် ကြောင်း၊ လက်တွေ့ကျကျ မရှိ မဖြစ်အသိစိတ်ဓာတ်ရှိရှိနှင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည့် အလုပ်ဖြစ်ကြောင်း သမ္မတက ပြောကြားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်သည်။

တာဝန်ရှိသည့် ပုဂ္ဂိုလ်များ အနေဖြင့် သမိုင်းက အချိန်အခါ အရ မိမိပခုံးပေါ်သို့ တင်ပေးခဲ့ သည့် တာဝန်တစ်ခုကို ကိုယ့်လက်ထက်တွင် ကျေပွန်အောင် မထမ်း ဆောင်နိုင်ပါက မိမိသည် သမိုင်း ပေးတာဝန် မကျေပွန်ခြင်းဖြစ် ကြောင်း သမ္မတက ဆိုသည်။

အစိုးရအဖွဲ့အနေဖြင့် ပြုပြင် ပြောင်းလဲခြင်း အချိန်အခါကို အ လေးအနက်ထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းအတွက် ပြည် နယ်နှင့် တိုင်းအတွင်းရှိ အစိုးရ အဖွဲ့အသီးသီး၊ လွှတ်တော်ကိုယ် စားလှယ်အသီးသီး၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် တွေ့ဆုံပြီး ဆွေးနွေးရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

=======================
251 / End