အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်းတွင် သဘာဝ ဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက အ ထောက်အကူပြုပစ္စည်းများ သြဂုတ် ၁၄ ရက်ကပေးအပ်ခဲ့ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းကပြောသည်။
‘‘သဘာဝဘေးကျရောက် ချိန်မှာ ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေမှာသုံးဖို့ ဆိုင်ကယ်တွေ၊ ကားတွေ၊ Speed Boat နဲ့ အ သက်ကယ်အင်္ကျီတွေ ထောက်ပံ့ ပေးတာပါ။ သဘာဝဘေးကာ ကွယ်ရေးအတွက် ထောက်ပံ့ပေး တဲ့ Speed Boat အစီး ၂၀ ကို စစ် ကိုင်းတိုင်းအတွင်း ရေကြီးနစ်မြုပ် မှု ဖြစ်ပွားတဲ့ မြို့နယ်တွေကို ပေး ပို့ထားပါတယ်’’ဟု ဒေါက်တာ ဇော်ဝင်းက ပြောသည်။
မုံရွာမြို့ ချင်းတွင်းမြစ် ဆိပ် ကမ်းရှိ မီးသတ်တပ်ဖွဲ့ အဆောက်အအုံတွင် ကျင်းပသည့် သဘာဝ ဘေး ကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းပေး အပ်ပွဲတွင်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၅ စီး၊ မော်တော်ဘုတ်နှစ်စီး၊ စက်တပ်လှေအစီး ၂၀၊ အသက်ကယ်အင်္ကျီ အထည် ၅၀၀၊ ရေစုပ်စက် အစုံ ၂၀၊ School Cum Shelter ခုနစ်လုံးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ လွှဲပြောင်းပေးခဲ့သည်။
ယင်းအခမ်းအနားတွင် သဘာဝဘေး ကြိုတင်ကာကွယ် ရေးနှင့် ရေဘေးကြိုတင်ကာ ကွယ်ရေး စီမံချက်များ ရေးဆွဲ ဆောင်ရွက်ထားမှု၊ ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ထား မှု၊ အသက်ကယ်လှေ ၅၄ စီးနှင့် အသက်ကယ်အင်္ကျီများ ထောက် ပံ့ထားမှု၊ ခရိုင်အလိုက် သဘာဝ ဘေးကျရောက်လျှင် အသုံးပြုနိုင် ရန် ကျပ်သိန်း ၁၀၀ စီ ခွဲဝေ ထောက်ပံ့ပေးမှုနှင့် ပြည်သူ၊ လူ မှုအဖွဲ့အစည်းများအားလုံး ပူး ပေါင်းဆောင်ရွက်နေကြောင်း စစ် ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရှင်းလင်း ပြောကြားသည်။
=======================
251 / End
၁၆ ဩဂုတ် ၂၀၁၈ - ၁၇:၁၈
News ID: 905702
စစ်ကိုင်းတိုင်းတွင် သဘာဝ ဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက အ ထောက်အကူပြုပစ္စည်းများ သြဂုတ် ၁၄ ရက်ကပေးအပ်ခဲ့ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းကပြောသည်။