အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပုသိမ်တက္ကသိုလ်တွင် သြဂုတ် ၂ ရက်က ‘ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် ၂၀၁၈ နှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနား’ကျင်းပရာ ‘လွှတ်တော်’ ဟူသော ဝေါဟာရသုံးစွဲမှုကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်သည်။
‘လွှတ်တော်’ဟူသည့် ဝေါ ဟာရအသုံးအနှုန်းကို အခြားအ သင်းအဖွဲ့အမည်များနှင့် တွဲဖက် သုံးစွဲခြင်းမပြုရန် ဥပဒေအရ မတားမြစ်ထားသော်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ သုံးစွဲခြင်းမှအပ အခြားမည်သည့်အသင်းအဖွဲ့ တွင်မျှ သုံးစွဲရန်မသင့်၍ ‘ပုသိမ် တက္ကသိုလ်ကျောင်းသားလွှတ် တော်’ ဟူသည့်အသုံးအနှုန်းကို ကန့်ကွက်ကြောင်း သြဂုတ် ၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာတာဝန်ရှိဌာန၊ အဖွဲ့အစည်းများကလည်း သုံးစွဲ ခွင့်မပြုသင့်ကြောင်း ပြည်ထောင် စုလွှတ်တော်ရုံး၊ ပညာရေးဝန်ကြီး ဌာန ဝန်ကြီးရုံးတို့၏ညွှန်ကြား ချက်ကို အဆင့်မြင့်ပညာဦးစီးဌာ နက သြဂုတ် ၁၆ ရက်တွင် တက္က သိုလ်၊ ကောလိပ်များသို့ ထပ်ဆင့် ညွှန်ကြားစာပို့ထားသည်။
‘‘အသုံးအနှုန်းကို ကန့်ကွက် တာပါ။ ‘လွှတ်တော်’ဆိုတဲ့ အသုံး အနှုန်းကို ပြောတာပါ။ ကျောင်း သားညီလာခံတို့၊ အစည်းအဝေး တို့ကတော့ ပြုလုပ်ခွင့်ပေးထားပါ တယ်။ လွှတ်တော်ဘက်က ကန့် ကွက်တာကို ကျွန်တော်တို့က စာ ဆက်ဖြန့်ပေးတာပါ’’ဟု အဆင့် မြင့်ပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောကြား သည်။
ပုသိမ်တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူကိုယ်စားလှယ် များနှင့် ပုသိမ်တက္ကသိုလ်အုပ်ချုပ် ရေးအဖွဲ့တို့ပါဝင်သည့် ကျောင်း သားလွှတ်တော်ကို သြဂုတ် ၂ ရက် နှင့် ၃ ရက်က ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပုသိမ်တက္ကသိုလ်ကျောင်းသား သမဂ္ဂက ဦးဆောင်ကျင်းပခဲ့သည်။
ကျောင်းသားလွှတ်တော် တွင် ပုသိမ်တက္ကသိုလ်အတွင်းရှိ ဘာသာရပ်ဌာနများအလိုက် ကျောင်းသားကိုယ်စားလှယ်များ က တောင်းဆိုချက်၊ အဆိုပြုချက်၊ မေးခွန်းမေးမြန်းချက်များကို လွှတ် တော်၏ထောက်ခံချက်ရယူကာ တင်ပြပြီး တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့က လွှတ်တော်သို့ လာရောက်ဖြေကြားခြင်းဖြစ်သည်။
၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေတွင် ‘လွှတ်တော်’ဟူသည့် စကားရပ်ကို ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တရားလွှတ်တော်များဖွဲ့ စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ တွင်သာ ထည့်သွင်းသုံးစွဲပြဋ္ဌာန်း ကြောင်း၊ အမျိုးသားပညာရေးဥပ ဒေကို ပြင်ဆင်သည့်ဥပဒေတွင် လည်း ‘ကျောင်းသားသမဂ္ဂ’ ဟူ သော စကားရပ်ကိုသာ ပြဋ္ဌာန်း ထားခြင်းကြောင့် ကျောင်းသား လွှတ်တော်ဟူသည့်အသုံးအနှုန်း ကို သုံးစွဲရန်မသင့်ဟု ပြည်ထောင် စုလွှတ်တော်ရုံး ကန့်ကွက်စာ၌ ဖော်ပြထားသည်။
‘‘ကျောင်းသားထုအစည်းအ ဝေးဆိုပြီး မသုံးဘဲ လွှတ်တော်ဆို ပြီးသုံးတာက တစ်ကျောင်းလုံးက ကျောင်းသား ၇,၀၀၀ လောက်လာ တက်ဖို့လည်း အဆင်မပြေတော့ အတန်းကိုယ်စားလှယ်ခေါ်ရင်း ကနေ လွှတ်တော်ပုံစံနဲ့ လုပ်လိုက် တာပါ။ ကန့်ကွက်စာက ကျွန် တော်တို့လက်ထဲ မရောက်သေး တော့ ဘာဆက်လုပ်မယ်ဆိုတာ တော့ မပြောနိုင်သေးဘူး’’ဟု ပုသိမ်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုစူပါမောင်က ဆိုသည်။
ပုသိမ်ကျောင်းသားလွှတ် တော်ကျင်းပရေးနာယကများအ ဖြစ် ပုသိမ်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနီလာ မြင့်၊ ဥပဒေပညာဌာနမှူး ဒေါက် တာသိင်္ဂီအေးနှင့် တက္ကသိုလ် ဆရာများအသင်းအဖွဲ့ဝင် ပုသိမ် တက္ကသိုလ်လက်ထောက်ကထိ က ဦးသန်းထိုက်အောင်တို့က ဆောင်ရွက်ခဲ့သည်။
ပုသိမ်တက္ကသိုလ်ကျောင်း သားလွှတ်တော်သို့ အခြားတက္က သိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် များအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၈၀ ဦး လေ့လာသူအ ဖြစ် တက်ရောက်ခဲ့သည်။
ကျောင်းသားလွှတ်တော်ကို သန်လျင်သမဝါမယတက္ကသိုလ် တွင် ၂၀၁၇ စက်တင်ဘာက ကျင်းပခဲ့ပြီး ပုသိမ်တက္ကသိုလ်သည် ဒုတိယအကြိမ် ကျောင်းသားလွှတ်တော်ကျင်းပသည့် တက္ကသိုလ်ဖြစ် သည်။
=======================
251 / End
၁၈ ဩဂုတ် ၂၀၁၈ - ၀၃:၁၇
News ID: 905862
ပုသိမ်တက္ကသိုလ်တွင် သြဂုတ် ၂ ရက်က ‘ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် ၂၀၁၈ နှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနား’ကျင်းပရာ ‘လွှတ်တော်’ ဟူသော ဝေါဟာရသုံးစွဲမှုကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်သည်။