အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံပြီး နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်နှင့် နိုင်ငံတကာ အမျိုးသားလုံခြုံရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားများတက်ရောက်ခဲ့သည်။
တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် ရုရှားကာကွယ် ရေးဝန်ကြီးတို့ ဩဂုတ် ၂၁ ရက် တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာနှင့် စစ်ဘက် နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အ ကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို တပ်ချုပ်နှင့် ဗိုလ်ချုပ်ကြီးဆာရက် ဂေးရှရွိုင်းဂူးတို့ ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြ သည်။
ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးတွင် ရုရှားနိုင်ငံ က ထောက်ခံ အားပေးကူညီ ဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အ ကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ် ကြည်ရေးခရီးစဉ်များ အပြန်အ လှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့သည်ဟု ဆက် လက်ဖော်ပြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ရု ရှားနိုင်ငံ၌ ကျင်းပသောနိုင်ငံတ ကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018)နှင့် နိုင်ငံ တကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security)ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်အဖွဲ့ဝင်များသည် ဒုတိယ ကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံနှင့် စစ်ပြိုင်နိုင်ငံများအသုံးပြုခဲ့သည့် တင့်ကားများ၊ သံချပ်ကာကား များနှင့် အသုံးအဆောင်ပစ္စည်း ပြခန်းများ၊ ရုရှားနိုင်ငံမှ အသုံးပြု နေသည့် ဒုံးပျံများနှင့်တိုက်လေ ယာဉ်ပြကွက်များကို လေ့လာခဲ့ ကြောင်း ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သည်။ ထို့အပြင်ပြပွဲခန်းမအတွင်းရှိ ဆေးဘက်နည်း ပညာပြခန်းများနှင့် စစ်ဘက်သုံး ပစ္စည်းပြခန်းများကိုလည်း ကြည့် ရှု လေ့လာခဲ့သည်ဟုဆိုသည်။
=======================
251 / End
၂၆ ဩဂုတ် ၂၀၁၈ - ၁၆:၄၆
News ID: 906962
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံပြီး နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်နှင့် နိုင်ငံတကာ အမျိုးသားလုံခြုံရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားများတက်ရောက်ခဲ့သည်။